လီဂူး ၂ ပွဲတွင် ကိုက် ၄၀ အကွာမှ အံ့ဩသင့်စရာကောင်းတဲ့ မြေမကျဘောသွင်းယူခဲ့တဲ့ ဂျေရီမီလီဗိုလန့်


လီဂူး ၂ ပွဲတွင် ကိုက် ၄၀ အကွာမှ အံ့ဩသင့်စရာကောင်းတဲ့ မြေမကျဘောသွင်းယူခဲ့တဲ့ ဂျေရီမီလီဗိုလန့်

ဂူအမ်ဂန့်ကစားသမားဂျေရီမီလီဗိုလန့်ဟာလာဗယ်နှင့်ရင်ဆိုင်ကစားရတဲ့ လီဂူး၂ပွဲစဉ်မှာကိုက်၄၀အကွာမှအလွန်လှပတဲ့ မြေမကျဘောသွင်းယူခဲ့ပါတယ်။


အဆိုပါပွဲစဉ်မှာပွဲချိန်၁၆မိနစ်အထိတစ်ဂိုးစီသရေကျနေချိန်မှာလီဗိုလန့်ကဂူအမ်ဂန့်အတွက်အနိုင်ဂိုးကိုလှပစွာသွင်းယူလိုက်တာလည်းဖြစ်ပါတယ်။




ဂူအမ်ဂန့်ဟာပြိုင်ဘက်ကွင်းလယ်တစ်ဝက်ခန့်မှာဖရီးကစ်ရရှိခဲ့ပြီးယင်းဖရီးကစ်ကိုလာဗယ်နောက်တန်းကဖျက်ထုတ်လိုက်ပြီး လီဗိုလန့်ရဲ့ရှေ့သို့အနေတော်ပြန်အံထွက်လာပါတယ်။


ယင်းကိုလီဗိုလန့်ကမနားတမ်းမြေမကျန်ဘောကန်သွင်းယူခဲ့ပါတယ်။လာဗယ်ဂိုးသမားဒိုင်ဗင်ထိုးပုတ်ထုတ်ရန်ကြိုးပမ်းခဲ့ပေမဲ့လည်းမအောင်မြင်ခဲ့ပါဘူး။




လီဗိုလန့်ဟာသူ့ရဲ့အနိုင်ဂိုးအတွက်အလွန်အံ့ဩသင့်နေပြီးအရန်ခုံသို့ပြေးလွှားကာကစားဖော်များနှင့်အောင်ပွဲခံခဲ့ပါတယ်။


ဂူအမ်ဂန့်ဟာလီဗိုလန့်ရဲ့ဂိုးကြောင့်၂-၁ဖြင့်အနိုင်ရရှိခဲ့ပြီး၂ပွဲကစား၂ပွဲနိုင်ဖြင့်လီဂူး၂အမှတ်ပေးဇယားကိုဦးဆောင်နေပါတယ်။



>