ဂျူဗင်တပ်အလယ်တန်းကစားသမားရာဘီယော့ကို ခေါ်ယူရန် ယူနိုက်တက်ကြိုးပမ်းနေ


ဂျူဗင်တပ်အလယ်တန်းကစားသမားရာဘီယော့ကို ခေါ်ယူရန် ယူနိုက်တက်ကြိုးပမ်းနေ

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာအားနည်းနေတဲ့အလယ်တန်းကိုအားဖြည့်လိုနေပြီးဂျူဗင်တပ်ကွင်းလယ်ကစားသမားအက်ဒရီယန်ရာဘီယော့ကိုခေါ်ယူရေးကြိုးပမ်းနေကြောင်းသိရပါတယ်။




ယူနိုက်တက်ဟာအဲရစ်တန်ဟက်ရဲ့ပထမဆုံးပွဲဖြစ်တဲ့တနင်္ဂနွေနေ့တုန်းကအိုးထရက်ဖို့ဒ်ပွဲစဉ်တွင်ဘရိုက်တန်ကိုရှုံးနိမ့်ခဲ့ပါတယ်။


အဆိုပါပွဲစဉ်တွင်ယူနိုက်တက်ကွင်းလယ်ကိုဦးဆောင်ခဲ့ကြတဲ့ဖရက်နှင့်စကော့မက်တိုမီနေးတို့မှာခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိဘဲဘရိုက်တန်ကွင်းလယ်ကိုလွှမ်းမိုးနိုင်ခဲ့ကြခြင်းမရှိပါဘူး။




ယူနိုက်တက်ဂန္ထဝင်ရွိုင်ကိန်းကဖရက်နှင့်စကော့မက်တိုမီနေးကို ယူနိုက်တက်အတွက်ကစားရန်လုံလောက်တဲ့ကောင်းမွန်ခြင်းမရှိကြောင်းဝေဖန်ခဲ့သလိုပေါလ်စခိုးကလည်း ၎င်းတို့ရဲ့ခြေစွမ်းမှာရာဇဝတ်မှုမြောက်ကြောင်းဝေဖန်ခဲ့ပါတယ်။


ယူနိုက်တက်ဟာယခုနွေရာသီအဓိကပစ်မှတ်အဖြစ်ဖရန်ကီဒီဂျောင်ကိုခေါ်ယူရေးလုပ်ဆောင်လာခဲ့တာကာလရှည်ကြာမြင့်ပြီဆိုပေမဲ့ကစားသမားဘက်ကပြောင်းရန်ငြင်းနေမှုနဲ့အတူ အကောင်အထည်ဖော်နိုင်ခြင်းမရှိပါဘူး။




ယနေ့တွင် The Athletic ရဲ့ဖော်ပြလာမှုအရယူနိုက်တက်ဟာဖရန်ကီဒီဂျောင်ကိုခေါ်ယူရေးကြိုးပမ်းနေချိန်တွင်ရာဘီယော့ကိုလည်းခေါ်ယူရေးကြိုးပမ်းနေကြောင်းသိရပါတယ်။


ရာဘီယော့ဟာဂျူဗင်တပ်နှင့်တစ်နှစ်စာချုပ်သက်တမ်းသာကျန်တော့သူဖြစ်ပြီးဂျူဗင်တပ်အနေဖြင့်လာမယ့်နှစ်နွေတွင်အလွတ်ပြောင်းရွှေ့ကြေးဖြင့်မဆုံးရှုံးရအောင်ရောင်းချသွားနိုင်ပါတယ်။



>