သိထားရမယ့္ အစိမ္းလိုက္မစားသင့္တဲ႔ စားေသာက္စရာ ၉ မ်ိဳး

2019-09-21 10:06:41


သိထားရမယ့္ အစိမ္းလိုက္မစားသင့္တဲ႔ စားေသာက္စရာ ၉ မ်ိဳး

ဒီိေဆာင္းပါးေလးကေတာ့ လူတိုင္းအတြက္ရည္ရြယ္ေပမယ့္ မီးဖိုေခ်ာင္ထဲဝင္တာ အိမ္ရွင္မေတြပိုိမ်ားတာမလို႔ သူတို႔ေလးေတြက ပိုသိထားသင့္တယ္လို႔ ထင္မိပါတယ္။ တခ်ိဳ႕ဆို အစိိမ္းလိုက္စားရင္ က်န္းမာေရးအတြက္ ပိုေကာင္းတယ္တို႔၊ ပိုလတ္ဆတ္တယ္၊ ပိုအားရွိတယ္လို႔ ယူဆေပမယ့္ အစိမ္းစားေသာက္တိုင္း မေကာင္းဘူးဆိုတာအရင္ဆံုး သတိေပးခ်င္ပါတယ္။ ေန႔စဥ္အစားအေသာက္ေတြထဲ ပါဝင္ေနတတ္ၿပီး အစိမ္းစားဖို႔ အသင့္ေလ်ာ္တဲ့ အစားအေသာက္ေလးေတြအၾကာင္းကို Bright Side မွ ကိုးကားေဖာ္ျပေပးခ်င္ပါတယ္။


(၁) ႏြားႏို႔အစိမ္းေသာက္ရင္ လတ္ဆတ္ၿပီး အားရွိတယ္ဆိုတဲ့ အယူအဆမ်ိဳးေတြရွိတတ္ပါတယ္။ ဒါေပမဲ့ဘယ္တိရိစၱာန္ကထြက္တဲ့ ႏို႔ကိုမဆို အစိမ္းလိုက္ေသာက္သံုးျခင္းအားျဖင့္ ေရာဂါပုိးမႊားေတြနဲ႔ အသန္႔ရွင္းတဲ့ ဘတ္တီးရီယားေတြ ပါဝင္ေနႏုိင္ပါတယ္။ ႏြားႏို႔ကိုအစိမ္းေသာက္ၿပီး ပိုးဝင္ကာဖ်ားနာတာေၾကာင့္ အသက္ဆံုးပါးသြားရတဲ့ လူေတြ အမ်ားႀကီးရွိလို႔ေနပါတယ္။ အစာအဆိပ္သင့္တာ၊ ဝမ္းေလွ်ာတာ၊ ဖ်ားနာတာ၊ ေအာ့အန္တာေတြကို အျဖစ္မ်ားေစတဲ့အတြက္ ေသေသခ်ာခ်ာႀကိဳခ်က္ေသာက္သံုးသင့္ပါတယ္။


(၂) ပဲပင္ေပါက္အစားမ်ားတဲ့ ႏိုင္ငံထဲမွာ ျမန္မာနုိင္ငံလည္း ပါဝင္ပါတယ္။ ဒါေပမဲ အစိမ္းစားမိမယ္ဆိုရင္ေတာ့ ဝမ္းေလွ်ာဝမ္းပ်က္ၿပီး ေအာ့အန္တာ၊ မူးေဝတာမ်ိဳးေတြ ျဖစ္တတ္ၿပီး အစာအဆိပ္သင့္တာ ဖ်ားနာတာအထိ ျဖစ္ပြားတတ္ပါတယ္။ ေရာဂါဟာ စားစားၿပီးခ်င္းမဟုတ္ဘဲ စားၿပီး ၁ ရက္မွ ၈ ရက္အတြင္းမွာေတာင္ ျဖစ္ပြားႏုိင္ပါတယ္။ အစိမ္းမဟုတ္ဘဲ မက်တ္တက်တ္စားမယ္ဆိုရင္ေတာင္ သတိထားရမွာပါ။


(၃) ဗာဒံေစ့ဟာ ပရိုတင္းဓာတ္၊ ဖိုက္ဘာဓာတ္နဲ႔ က်န္းမာတဲ့အဆီေတြ ျပည့္ဝစြာ ပါဝင္ေနတာမလို႔ က်န္းမာအေရးနဲ႔ ညီညြတ္ေပးမယ့္ ကင္ၿပီး၊ ဖုတ္ၿပီး ဒါမဟုတ္ ေလွာ္ၿပီီးမွ စားတာဟာ သင့္ေလ်ာ္ပါလိမ့္မယ္။ Almond ေတြမွာ ဆိုင္ယာႏိုက္ေတြပါဝင္တာျဖစ္တာေၾကာင့္ ၄၊ ၅ ေစ့ေလာက္ စားလိုက္ရံုနဲ႔ ေခါင္းကိုက္တာ၊ ေအာ္ဂလီဆန္ၿပီး ေအာ့အန္တာေတြ ျဖစ္သြားမွာပါေနာ္။ ဒါေၾကာင့္ တခ်ိဳ႕နုိင္ငံေတြမွာ ဗာဒံေစ့အစိမ္းေတြကို လံုးဝေပးမေရာင္းတာပါ။


(၄) တစ္ေန႕ကိုပန္းသီးတစ္လံုးစားရင္ ဆရာဝန္ေတာင္မလိုေတာ့ဘူးလို႔ေတာင္ တင္စားရေလာက္တဲ့အထိ ပန္းသီးဟာ က်န္းမာေရးအတြက္ အထူးေကာင္းမြန္တယ္ဆိုတာ မွန္ေပမယ့္အစိမ္းစားတဲ့အခါ အေစ့ကိုေသေသခ်ာခ်ာေလးဖယ္ထုတ္၊ အူတိုင္ေတြကို ဖယ္ထုတ္ၿပီးကာမွ စားရမယ္ဆိုတာ သိၿပီးေလာက္ၿပီျဖစ္မွာပါေနာ္။


(၅) ခရမ္းခ်ဥ္သီးအစိမ္းလိုက္စားတဲ့လူေတြ ေတာ္ေတ္ာမ်ားေလာက္မယ္ထင္တယ္ေနာ္။ ဘယ္အသုပ္ပဲစားစား ၾကက္သြန္၊ ခရမ္းခ်ဥ္သီးနဲ႔ နံနံပင္ဆိုတာ ပနံသင့္ေနေတာ့ အပတ္တုိင္းလိုလိုမွာ ခရမ္းခ်ဥ္သီးအစိမ္းေတြကို စားမိႏုိင္ေလာက္ပါတယ္။ Cornell တကၠသိုလ္ရဲ႕ သုေတသီေတြ ေလ့လာခ်က္အရေတာ့ ပိုးသတ္ေဆးအျဖန္းခံရဆံုး ဟင္းသီးဟင္းရြက္ ထိပ္တန္း ၁၀ မ်ိဳးထဲမွာ ခရမ္းခ်ဥ္သီး ပါဝင္လို႔ေနပါတယ္။ အစိမ္းစားေတာ့မယ္လို႔ ေတြးမိတုိင္း အျပင္မွာရွိတဲ့ ပိုးသတ္ေဆးအၾကြင္းအက်န္ေတြကို ေသေသခ်ာခ်ာေျပာင္သြားေအာင္ ေဆးေၾကာဖို႔ လိုအပ္ၿပီး အမွည့္လြန္တဲ့ ခရမ္းခ်ဥ္သီးကို စားမိမယ္ဆိုရင္ေတာ့ အဆိပ္စားတာနဲ႔ အတူတူပါပဲတဲ့။




(၆) ၾကက္ဥအစိမ္းေဖာက္ေသာက္တာတို႔၊ ထမင္းနဲ႔နယ္စားတာ၊ ေခါက္ဆြဲျပဳတ္ထဲ စားခါနည္းမွ ေဖာက္ထည့္လိုက္တာတို႔ဟာ အားရွိတယ္လို႔ ေတာ္ေတာ္မ်ားမ်ား ယူဆကာ ေသာက္သံုးေနၾကပါတယ္။ ဒါဟာ လြဲမွားေနတဲ့ အယူအဆတစ္ခုပါေနာ္။ ေၾကာ္ခ်က္ျပဳတ္ၿပီးသားၾကက္ဥမွာ ပါဝင္တဲ့ ပရိုတင္းဟာ ၉၀% ရွိေနၿပီး အစိမ္းမွာေတာ့ ၅၀% သာပါရွိေနပါတယ္။ ဒီအျပင္ ၾကက္ဥအစိမ္းစားျခင္းေၾကာင့္ အစာဆိပ္သင့္ျခင္း၊ ၾကက္ဥအခြံမသန္႔စင္တာေၾကာင့္ ေရာဂါပိုးေတြပါသြားတာေတြ ျဖစ္ေစတတ္ပါတယ္။


(၇) ပ်ားရည္သုိ႔မဟုတ္ ပ်ားသလက္ေတြကို အစိမ္းလိုက္စားတတ္သူေတြရွိရင္ ရပ္တမ္းကရပ္ဖို႔ အၾကံေပးပါရေစ။ အစိမ္းမွာ Clostridium botulinum ဆိုတဲ့ လတ္တီးရီးယားပါဝင္ေနတတ္ၿပီး အထူးသျဖင့္ တစ္ႏွစ္ေအာက္ ကေလးေတြနဲ႔ ကိုယ္ဝန္သည္ေတြကို ေဘးျဖစ္ေစမွာပါ။ အစာအဆိပ္သင့္ေစႏုိင္ၿပီး မူးေဝ၊ ေအာ့အန္ျခင္းနဲ႔ ဝမ္းေလွ်ာျခင္းတုိ႔ ျဖစ္ေစတဲ့အျပင္ အခန္႔မသင့္ရင္ အသက္ပါဆံုးရံႈးႏုိ္င္ပါတယ္။ ဒါေၾကာင့္ ကေလးေတြကို ပ်ားရည္မတိုက္ေကၽြးဖို႔ ဆရာဝန္ေတြ မွားၾကားထားရတာပါ။


(၈) ေဂၚဖီထုပ္အစိ္မ္းေသးေသးေလးေတြမွာ အာဟာရျဖစ္ေစတဲ့ ဓာတ္ေတြနဲ႔ အန္တီေအာက္ဆီဒန္႔ဓာတ္မ်ား ေပါၾကြယ္ဝစြာ ပါဝင္ေနၿပီး စူပါမားကတ္ေတြမွာလည္း အထုပ္ကေလးေတြနဲ႔ လြယ္လြယ္ကူကူဝယ္ယူႏုိင္ေနပါၿပီ။ ပုစြန္ေလးေတြနဲ႔ပဲ အခ်ိဳခ်က္ေလးခ်က္မလား၊ အစိမ္းေၾကာ္ပဲ ေၾကာ္မလား သင့္တင့္သလိုခ်က္ျပဳတ္ႏုိင္ေပမယ့္လည္း အစိမ္းလိုက္ေတြကို သုတ္စားတာ၊ တို႔စရာအျဖစ္ စားတာေတြေတာ့ လည္ေခ်ာင္းနဲ႔ လည္ၿမိဳတစ္ေလွ်ာက္မွာ ပိုးဝင္ႏုိင္တာမလို႔ မလုပ္သင့္ပါဘူး။


(၉) သီဟိုေစ့ေတြဟာ အရသာခပ္စိမ့္စိမ့္ေလးနဲ႔ အပ်င္းေျပထုိင္ဝါးဝါး၊ ဟင္းထဲပဲထည့္ထည့္ ထမင္းေၾကာ္ထဲပဲ ထည့္ထည့္ သိပ္အရရွိတဲ့ အေစ့ေလးေတြပါ။ ခႏၶာကုိယ္အတြက္ အက်ိဳးမျပဳတဲ့ ကိုလက္စေရာေတြကို ေလွ်ာ႔ခ်ေပးႏုိင္ၿပီး ႏွလံုးေရာဂါကို ကာကြယ္ေပးတာမလို႔ တစ္ေန႕ကိုပမာဏနည္းနည္းစီမွီဝဲသင့္ပါတယ္။ ဒါေပမဲ့လည္း အစိမ္းေတြမွာေတာ့ urushiol လို႔ေခၚတဲ့ အဆိပ္တစ္မ်ိဳး ပါဝင္လို႔ေနပါတယ္။ အဲဒီအဆိပ္ဟာ အဆိပ္ႏြယ္ပင္ေတြမွာ ေတြ႕ေလ့ရွိတဲ့ အဆိပ္ျဖစ္ၿပီး တခ်ိဳ႕ဓာတ္မတဲ့လူေတြဆို အစိမ္းကိုထိလိုက္တာနဲ႔တင္ကို အေရျပားဓာတ္မတည့္တာေတြျဖစ္ေစႏုိင္ပါတယ္။


ခရက္ဒစ္ Penny


Unicode


ဒီဆောင်းပါးလေးကတော့ လူတိုင်းအတွက်ရည်ရွယ်ပေမယ့် မီးဖိုချောင်ထဲဝင်တာ အိမ်ရှင်မတွေပိုများတာမလို့ သူတို့လေးတွေက ပိုသိထားသင့်တယ်လို့ ထင်မိပါတယ်။ တချို့ဆို အစိမ်းလိုက်စားရင် ကျန်းမာရေးအတွက် ပိုကောင်းတယ်တို့၊ ပိုလတ်ဆတ်တယ်၊ ပိုအားရှိတယ်လို့ ယူဆပေမယ့် အစိမ်းစားသောက်တိုင်း မကောင်းဘူးဆိုတာအရင်ဆုံး သတိပေးချင်ပါတယ်။ နေ့စဉ်အစားအသောက်တွေထဲ ပါဝင်နေတတ်ပြီး အစိမ်းစားဖို့ အသင့်လျော်တဲ့ အစားအသောက်လေးတွေအကြာင်းကို Bright Side မှ ကိုးကားဖော်ပြပေးချင်ပါတယ်။


(၁) နွားနို့အစိမ်းသောက်ရင် လတ်ဆတ်ပြီး အားရှိတယ်ဆိုတဲ့ အယူအဆမျိုးတွေရှိတတ်ပါတယ်။ ဒါပေမဲ့ဘယ်တိရိစ္တာန်ကထွက်တဲ့ နို့ကိုမဆို အစိမ်းလိုက်သောက်သုံးခြင်းအားဖြင့် ရောဂါပိုးမွှားတွေနဲ့ အသန့်ရှင်းတဲ့ ဘတ်တီးရီယားတွေ ပါဝင်နေနိုင်ပါတယ်။ နွားနို့ကိုအစိမ်းသောက်ပြီး ပိုးဝင်ကာဖျားနာတာကြောင့် အသက်ဆုံးပါးသွားရတဲ့ လူတွေ အများကြီးရှိလို့နေပါတယ်။ အစာအဆိပ်သင့်တာ၊ ဝမ်းလျှောတာ၊ ဖျားနာတာ၊ အော့အန်တာတွေကို အဖြစ်များစေတဲ့အတွက် သေသေချာချာကြိုချက်သောက်သုံးသင့်ပါတယ်။


(၂) ပဲပင်ပေါက်အစားများတဲ့ နိုင်ငံထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။ ဒါပေမဲ အစိမ်းစားမိမယ်ဆိုရင်တော့ ဝမ်းလျှောဝမ်းပျက်ပြီး အော့အန်တာ၊ မူးဝေတာမျိုးတွေ ဖြစ်တတ်ပြီး အစာအဆိပ်သင့်တာ ဖျားနာတာအထိ ဖြစ်ပွားတတ်ပါတယ်။ ရောဂါဟာ စားစားပြီးချင်းမဟုတ်ဘဲ စားပြီး ၁ ရက်မှ ၈ ရက်အတွင်းမှာတောင် ဖြစ်ပွားနိုင်ပါတယ်။ အစိမ်းမဟုတ်ဘဲ မကျတ်တကျတ်စားမယ်ဆိုရင်တောင် သတိထားရမှာပါ။


(၃) ဗာဒံစေ့ဟာ ပရိုတင်းဓာတ်၊ ဖိုက်ဘာဓာတ်နဲ့ ကျန်းမာတဲ့အဆီတွေ ပြည့်ဝစွာ ပါဝင်နေတာမလို့ ကျန်းမာအရေးနဲ့ ညီညွတ်ပေးမယ့် ကင်ပြီး၊ ဖုတ်ပြီး ဒါမဟုတ် လှော်ပြီးမှ စားတာဟာ သင့်လျော်ပါလိမ့်မယ်။ Almond တွေမှာ ဆိုင်ယာနိုက်တွေပါဝင်တာဖြစ်တာကြောင့် ၄၊ ၅ စေ့လောက် စားလိုက်ရုံနဲ့ ခေါင်းကိုက်တာ၊ အော်ဂလီဆန်ပြီး အော့အန်တာတွေ ဖြစ်သွားမှာပါနော်။ ဒါကြောင့် တချို့နိုင်ငံတွေမှာ ဗာဒံစေ့အစိမ်းတွေကို လုံးဝပေးမရောင်းတာပါ။


(၄) တစ်နေ့ကိုပန်းသီးတစ်လုံးစားရင် ဆရာဝန်တောင်မလိုတော့ဘူးလို့တောင် တင်စားရလောက်တဲ့အထိ ပန်းသီးဟာ ကျန်းမာရေးအတွက် အထူးကောင်းမွန်တယ်ဆိုတာ မှန်ပေမယ့်အစိမ်းစားတဲ့အခါ အစေ့ကိုသေသေချာချာလေးဖယ်ထုတ်၊ အူတိုင်တွေကို ဖယ်ထုတ်ပြီးကာမှ စားရမယ်ဆိုတာ သိပြီးလောက်ပြီဖြစ်မှာပါနော်။


(၅) ခရမ်းချဉ်သီးအစိမ်းလိုက်စားတဲ့လူတွေ တော်တေ်ာများလောက်မယ်ထင်တယ်နော်။ ဘယ်အသုပ်ပဲစားစား ကြက်သွန်၊ ခရမ်းချဉ်သီးနဲ့ နံနံပင်ဆိုတာ ပနံသင့်နေတော့ အပတ်တိုင်းလိုလိုမှာ ခရမ်းချဉ်သီးအစိမ်းတွေကို စားမိနိုင်လောက်ပါတယ်။ Cornell တက္ကသိုလ်ရဲ့ သုတေသီတွေ လေ့လာချက်အရတော့ ပိုးသတ်ဆေးအဖြန်းခံရဆုံး ဟင်းသီးဟင်းရွက် ထိပ်တန်း ၁၀ မျိုးထဲမှာ ခရမ်းချဉ်သီး ပါဝင်လို့နေပါတယ်။ အစိမ်းစားတော့မယ်လို့ တွေးမိတိုင်း အပြင်မှာရှိတဲ့ ပိုးသတ်ဆေးအကြွင်းအကျန်တွေကို သေသေချာချာပြောင်သွားအောင် ဆေးကြောဖို့ လိုအပ်ပြီး အမှည့်လွန်တဲ့ ခရမ်းချဉ်သီးကို စားမိမယ်ဆိုရင်တော့ အဆိပ်စားတာနဲ့ အတူတူပါပဲတဲ့။


(၆) ကြက်ဥအစိမ်းဖောက်သောက်တာတို့၊ ထမင်းနဲ့နယ်စားတာ၊ ခေါက်ဆွဲပြုတ်ထဲ စားခါနည်းမှ ဖောက်ထည့်လိုက်တာတို့ဟာ အားရှိတယ်လို့ တော်တော်များများ ယူဆကာ သောက်သုံးနေကြပါတယ်။ ဒါဟာ လွဲမှားနေတဲ့ အယူအဆတစ်ခုပါနော်။ ကြော်ချက်ပြုတ်ပြီးသားကြက်ဥမှာ ပါဝင်တဲ့ ပရိုတင်းဟာ ၉၀% ရှိနေပြီး အစိမ်းမှာတော့ ၅၀% သာပါရှိနေပါတယ်။ ဒီအပြင် ကြက်ဥအစိမ်းစားခြင်းကြောင့် အစာဆိပ်သင့်ခြင်း၊ ကြက်ဥအခွံမသန့်စင်တာကြောင့် ရောဂါပိုးတွေပါသွားတာတွေ ဖြစ်စေတတ်ပါတယ်။


(၇) ပျားရည်သို့မဟုတ် ပျားသလက်တွေကို အစိမ်းလိုက်စားတတ်သူတွေရှိရင် ရပ်တမ်းကရပ်ဖို့ အကြံပေးပါရစေ။ အစိမ်းမှာ Clostridium botulinum ဆိုတဲ့ လတ်တီးရီးယားပါဝင်နေတတ်ပြီး အထူးသဖြင့် တစ်နှစ်အောက် ကလေးတွေနဲ့ ကိုယ်ဝန်သည်တွေကို ဘေးဖြစ်စေမှာပါ။ အစာအဆိပ်သင့်စေနိုင်ပြီး မူးဝေ၊ အော့အန်ခြင်းနဲ့ ဝမ်းလျှောခြင်းတို့ ဖြစ်စေတဲ့အပြင် အခန့်မသင့်ရင် အသက်ပါဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေကို ပျားရည်မတိုက်ကျွေးဖို့ ဆရာဝန်တွေ မှားကြားထားရတာပါ။


(၈) ဂေါ်ဖီထုပ်အစိမ်းသေးသေးလေးတွေမှာ အာဟာရဖြစ်စေတဲ့ ဓာတ်တွေနဲ့ အန်တီအောက်ဆီဒန့်ဓာတ်များ ပေါကြွယ်ဝစွာ ပါဝင်နေပြီး စူပါမားကတ်တွေမှာလည်း အထုပ်ကလေးတွေနဲ့ လွယ်လွယ်ကူကူဝယ်ယူနိုင်နေပါပြီ။ ပုစွန်လေးတွေနဲ့ပဲ အချိုချက်လေးချက်မလား၊ အစိမ်းကြော်ပဲ ကြော်မလား သင့်တင့်သလိုချက်ပြုတ်နိုင်ပေမယ့်လည်း အစိမ်းလိုက်တွေကို သုတ်စားတာ၊ တို့စရာအဖြစ် စားတာတွေတော့ လည်ချောင်းနဲ့ လည်မြိုတစ်လျှောက်မှာ ပိုးဝင်နိုင်တာမလို့ မလုပ်သင့်ပါဘူး။


(၉) သီဟိုစေ့တွေဟာ အရသာခပ်စိမ့်စိမ့်လေးနဲ့ အပျင်းပြေထိုင်ဝါးဝါး၊ ဟင်းထဲပဲထည့်ထည့် ထမင်းကြော်ထဲပဲ ထည့်ထည့် သိပ်အရရှိတဲ့ အစေ့လေးတွေပါ။ ခန္ဓာကိုယ်အတွက် အကျိုးမပြုတဲ့ ကိုလက်စရောတွေကို လျှော့ချပေးနိုင်ပြီး နှလုံးရောဂါကို ကာကွယ်ပေးတာမလို့ တစ်နေ့ကိုပမာဏနည်းနည်းစီမှီဝဲသင့်ပါတယ်။ ဒါပေမဲ့လည်း အစိမ်းတွေမှာတော့ urushiol လို့ခေါ်တဲ့ အဆိပ်တစ်မျိုး ပါဝင်လို့နေပါတယ်။ အဲဒီအဆိပ်ဟာ အဆိပ်နွယ်ပင်တွေမှာ တွေ့လေ့ရှိတဲ့ အဆိပ်ဖြစ်ပြီး တချို့ဓာတ်မတဲ့လူတွေဆို အစိမ်းကိုထိလိုက်တာနဲ့တင်ကို အရေပြားဓာတ်မတည့်တာတွေဖြစ်စေနိုင်ပါတယ်။


ခရက်ဒစ် Penny