ဒေါ်လာ ၁၆.၇သန်း တန်ကြေးရှိတဲ့ အမိုက်စား စံအိမ်ကြီးကို ဝယ်ယူလိုက်တဲ့ စမိုင်းလ် တို့မိသားစု


ဒေါ်လာ ၁၆.၇သန်း တန်ကြေးရှိတဲ့ အမိုက်စား စံအိမ်ကြီးကို ဝယ်ယူလိုက်တဲ့ စမိုင်းလ် တို့မိသားစု

သရုပ်ဆောင် စမိုင်းလ်ကတော့ အနုပညာလောကမှာ နေရာတစ်နေရာ ရရှိပိုင်ဆိုင်ထားသူတစ်ဦး ဖြစ်ပါတယ်။အလှူအတန်းတွေလည်းအမြဲပြုလုပ်သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်ခြင်းကို ရရှိထားတာ ဖြစ်ပါတယ်။




စမိုင်းလ်ကတော့ လက်ရှိမှာတော့ မိသားစုနဲ့အတူ ပြည်ပနိုင်ငံသို ပြောင်းရွေ့နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။စမိုင်းလ်ရဲ့သမီးကြီးကလည်း ပြည်ပနိုင်ငံမှာပဲအနုပညာအလုပ်တွေကို ဖြည်း ဖြည်းချင်း စတင်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။




သရုပ်ဆောင်မင်းသမီး စမိုင်းလ်ကတော့ သူမနဲ့ ခင်ပွန်းဖြစ်သူကိုပြည့်မောင်ရဲ့ ကြိုးစားမှုကြောင့်အခုဆိုရင် ပြည့်စုံတဲ့အခြေအနေတစ်ခုကို ရောက်ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။စမိုင်းလ်တိုဇနီးမောင်နှံနှစ်ယောက်က အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း တည်ထောင်ထားနိုင်သလို ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးကိုလည်း တည်ဆောက်ထားနိုင်တာ ဖြစ်ပါတယ်။




သရုပ်ဆောင် စမိုင်းလ် ဟာ အခုချိန်မှာ ကိုယ်ပိုင်စီးပွားရေးတွေလည်း အများကြီးပိုင်ဆိုင်ထား သလို Smile Mart ကိုလည်း ဖွင့်လှစ်ထားပါသေးတယ်။ပြင်ဦးလွင်မြို့မှာ လည်း ဟိုတည်တစ်ခုဖွင့်လှစ်ထားပါသေးတယ်။ စမိုင်းလ်ဟာ ငွေကြေးချမ်းသာရုံသာမက အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူ တစ်ယောက်ပါ။