2019-09-21 09:58:54
အသက်၄၅ လောက် ကလေး၃ယောက်အဖေဟာ ရွယ်တူ သူ့မိန်းမကို အသက်ကြီးပြီ ငြီးငွေ့ ပြီဆိုပြီး ကောင်မလေးငယ်ငယ် ရှာပါတယ်….
တစ်လကို ငွေ၁သိန်းလောက် ပေးကမ်းထောက်ပံ့ရတာကလည်း ဒေါ်လာစား ဒီလူအတွက် အေးဆေးပါပဲ သူ ကံကောင်းလွန်းလို့ သူနဲ့မှ အနစ်နာခံပေးဆပ်ချစ်သူချောချော သန့်သန့်လေးကိုရတာပါဆိုပဲ …..
သမီး အငယ်ဆုံးလေး က ခုမှ ရနှစ် ထိုယောက်ျားကြီးကတော့ သွေးတွေပျက်ပြီး ဆေးစစ်မခံဘဲ ပါတ်ပြေးနေပါသတဲ့ ….အဲသလိုနဲ့ ဆက်တိုက်ယုံကြည်လာတဲ့ အဖြစ်တွေကို ဝိုင်းစုံစမ်းကြတော့ အချစ်စစ်နဲ့တိတ်တဆိတ်အနစ်နာခံပေးဆပ်နေတဲ့ ချစ်သူမလေးဟာ သူ့လိုပဲ တခြားတိတ်တဆိတ်ပေးဆပ်သူ၎ယောက်ရှိပါသေးသတဲ့ …..
သူ့အပျော် သူ့အကုသိုလ်အတွက် ခံရတာ နည်းသေးတယ်လို့တောင်တွေးမိပေမဲ့ အပြစ်မဲ့တဲ့မိန်းမ နဲ့ ကလေးတွေက တကယ်သနားစရာပါ…..မိန်းမ မို့ မိန်းမတွေဖက်ကပဲ သတိပေးပါရစေ …..ခေတ်ကြီး က လိုင်းပေါင်းစုံပြီး တအားရှုပ်ထွေးနေပါပြီ …..
တကယ်ပျက်နေတာပါ …..ကိုယ့်ယောက်ျား တစ်ခါတစ်လေ အပျော်လိုက်တာပဲ ခွင့်လွှတ်လိုက်ပါမယ်ဆိုပြီး မခွင့်လွှတ်ပါနဲ့….အခု အဖြစ်ကိုပဲကြည့်ပါ….ကလေးတွေ အမေ ဟာ တကယ်သနားဖို့ကောင်းပါတယ် …..သိပ်နေရတော့မယ်မထင်ပါဘူး….
unicode
အသက်၄၅ လောက် ကလေး၃ယောက်အဖေဟာ ရွယ်တူ သူ့မိ်န်းမကို အသက်ကြီးပြီ ငြီးငွေ့ ပြီဆိုပြီး ကောင်မလေးငယ်ငယ် ရှာပါတယ်
ထုံးစံအတိုင်း FB ကနေ အသက်၂၂နှစ် အချောစား မိန်းကလေးတစ်ယောက်နဲ့ ချိတ်မိပါတယ်….
အပျော်ရှာချင်ပေမဲ့ အပြစ်ပြောစရာမရှိတဲ့ ကလေးတွေ အမေ ကိုလည်း မကွဲချင်တဲ့ ဒီလူအတွက် ပိုအဆင်ပြေစေတာက ကောင်မလေးကလည်း အိမ်ထောင်ရှိတာလည်းသိ ဒီအိမ်ထောင်ကိုလည်း ဖျက်စီးလိုတဲ့ စိတ်မရှိ တိတ်တဆိတ် ချစ်နေ ပေးဆပ်နေရရင် ကျေနပ်ပါသတဲ့ ….အရမ်းချစ်လို့ပါတဲ့….
တစ်လကို ငွေ၁သိန်းလောက် ပေးကမ်းထောက်ပ့ံရတာကလည်း ဒေါ်လာစား ဒီလူအတွက် အေးဆေးပါပဲ သူ ကံကောင်းလွန်းလို့ သူနဲ့မှ အနစ်နာခံပေးဆပ်ချစ်သူချောချော သန့်သန့်လေးကိုရတာပါဆိုပဲ …..
အဲဒီလိုနဲ့ ၁ပါတ်၁ရက်လောက် ကောင်မလေးနဲ့သွားနေ ပုံမပျက် မိန်းမနဲ့လည်းပေါင်းသင်း ပျော်ပျော်ကြီးနေလာလိုက်တဲ့ တစ်နှစ်လောက်အတွင်း မိန်းမ က ခနနဖျား နေမကောင်း တရှောင်ရှောင်တွေဖြစ်လာပါရော…..
သွေးစစ်လိုက်တော့ HIV တဲ့ အပြင်အလုပ်လည်းမလုပ် ကလေးကျောင်းအသိုင်းဝိုင်း အိမ်မှုကိစ္စနဲ့ ယောက်ျားအိပ်ယာကလွဲလို့ ဘယ်မှမရောက်တဲ့ မိန်းမ ဘယ်လိုဒီရောဂါ ရပါသလဲ သနားစရာကောင်းလှစွာ စိတ်ဓာတ်တွေ ခြွတ်ချုံကျပြီး ၁လလောက်အတွင်း အရိုးပေါ်အရေတင်ဖြစ်သွားပါတယ် ….
သမီး အငယ်ဆုံးလေး က ခုမှ ရနှစ် ထိုယောက်ျားကြီးကတော့ သွေးတွေပျက်ပြီး ဆေးစစ်မခံဘဲ ပါတ်ပြေးနေပါသတဲ့ ….အဲသလိုနဲ့ ဆက်တိုက်ယုံကြည်လာတဲ့ အဖြစ်တွေကို ဝိုင်းစုံစမ်းကြတော့ အချစ်စစ်နဲ့တိတ်တဆိတ်အနစ်နာခံပေးဆပ်နေတဲ့ ချစ်သူမလေးဟာ သူ့လိုပဲ တခြားတိတ်တဆိတ်ပေးဆပ်သူ၄ယောက်ရှိပါသေးသတဲ့ …..
၁ပါတ်၁ရက်နှုံးနဲ့ အလှည့်ကျပေးဆပ်နေသူပါ ….ဒီ၅ယောက်က သူ့ကို၁လ ၅-၁ဝသိန်းထိ အမ်းနေသလို သူကလည်းပြန်ပြီး အသက်၂ဝလောက်ကောင်လေး၁ယောက်ကို ပြန်အမ်းနေပါသတဲ့ ……
မိန်းမကြိုက် ဒီဇိုင်း ဂျစ်ကန်ကန် ကောင်လေးဟာ ခုတော့ မူးယစ်ဆေးမိလို့ ထောင်ထဲမှာပါတဲ့ ….ထိုကောင်လေးဟာ သူအမ်းတဲ့ ပိုက်ဆံနဲ့ သုံးစွဲချင်တာတွေမလောက်လို့ အပေးကမ်းရက်ရောတဲ့ လိင်တူချစ်သူများလည်း ရှိပါသတဲ့…..
HIV ဝင်္ကဘာကြီးမှာတော့ ရောဂါပြတဲ့ စစ်မိတဲ့ မိန်းမတစ်ယောက်ပဲပေါ်ပါသေးတယ်….. တခြားသူတွေဘယ်လောက်ထိ ဘယ်သူတွေကိုဆက်ဖြန့်သွားဦးမလဲ မသိပါဘူး …..တကယ်ကြောက်စရာပါ …..
ကိုယ်ခံအားကောင်းသူတွေရုတ်တရက်မပေါ်သလို ဒီကောင်မလေးနဲ့ရှုပ်ထားတဲ့ ၁ပါတ်၁ယောက် ပုဂ္ဂိုလ်များမှာလည်း မိန်းမ မိသားစု ရှိနေရင် သူတို့ကိုသူတို့ အင်မတန်လည်ပါတယ်ဆိုတဲ့ ယောက်ျားများဟာ တကယ် အ တာပါ ကိုယ့်ကိုကိုယ် သိပ်စွံ သိပ်စွမ်း ထင်နေခြင်းက ဂျင်းထည့်ဖို့အကောင်းဆုံးသူကြီးဖြစ်သွားတာပါပဲ ….
သူ့အပျော် သူ့အကုသိုလ်အတွက် ခံရတာ နည်းသေးတယ်လို့တောင်တွေးမိပေမဲ့ အပြစ်မဲ့တဲ့မိန်းမ နဲ့ ကလေးတွေက တကယ်သနားစရာပါ…..မိန်းမ မို့ မိ်န်းမတွေဖက်ကပဲ သတိပေးပါရစေ …..ခေတ်ကြီး က လိုင်းပေါင်းစုံပြီး တအားရှုပ်ထွေးနေပါပြီ …..
တကယ်ပျက်နေတာပါ …..ကိုယ့်ယောက်ျား တစ်ခါတစ်လေ အပျော်လိုက်တာပဲ ခွင့်လွှတ်လိုက်ပါမယ်ဆိုပြီး မခွင့်လွှတ်ပါနဲ့….အခု အဖြစ်ကိုပဲကြည့်ပါ….ကလေးတွေ အမေ ဟာ တကယ်သနားဖို့ကောင်းပါတယ် …..သိပ်နေရတော့မယ်မထင်ပါဘူူး….
ဘဝက ရုန်းကန်လို့ရပါတယ်…..အသက်ရှိ ကျန်းမာဖို့ပဲလိုတာပါ…..ကိုယ်မကောင်းတာမလုပ်ဘဲ ဘုရားရိုက်တဲ့ ရောဂါကြီးနဲ့ ဘဝမဆုံးပါစေနဲ့…..ကလေးတွေကိုလည်း အရွယ်ရောက်ရင် နားလည်အောင် ပြောပြလို့ရပါတယ် …..
ကိုယ့်ကိုကိုယ်အတွက် သူတို့အတွက် ဒီလိုလူနဲ့ လမ်းခွဲရတယ်ဆိုတဲ့အကြောင်း ပြောပြပါ။လူတိုင်း တစ်လင်တစ်မယားစနစ်ကို တန်ဘိုးထားကျင့်သုံးနိုင်ကြပါစေ ……..။Yan shin