မြိုင်တိုက်ပွဲ၌ စစ်ကောင်စီလက်ပါးစေ (၃၈) ဦးသေပြီး (၂၇) ဦးဆေးရုံတင်ထားရ၊ လေကြောင်းစစ်ကူလာခြင်းကြောင့် စခန်းမသိမ်းနိုင်ခဲ့ ဟုဆို


မြိုင်တိုက်ပွဲ၌ စစ်ကောင်စီလက်ပါးစေ (၃၈) ဦးသေပြီး (၂၇) ဦးဆေးရုံတင်ထားရ၊ လေကြောင်းစစ်ကူလာခြင်းကြောင့် စခန်းမသိမ်းနိုင်ခဲ့ ဟုဆို

မကွေးတိုင်း၊ မြိုင်မြို့နယ် တွင်းမကျေးရွာ၌ တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်နှင့်ပျုစောထီးစခန်းကို ဒေသတော်လှန်ရေးတပ်ဖွဲ့များက


ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်ပါးစေ (၃၄) ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မြိုင်မြို့နယ်မှ သိရသည်။


“စစ်ခွေး(စစ်ကောင်စီလက်ပါးစေ)အင်အား (၁၀၀) ကျော်လောက်ရှိတယ် များတယ်၊ ကျွန်တော်တို့က အလစ်အငိုက်ဝင်တိုက်ခိုက်ခဲ့တာပါ


စစ်ခွေး (၃၄) ဦးနေရာမှာတင်သေတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်-မြိုင်မြို့နယ် မှ တာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။


အတွင်းသတင်းပေးပို့မှုများအရ စစ်ကောင်စီနှင့်ပျုစောထီး စုစုပေါင်း (၃၈) ဦးသေဆုံးပြီး ပျုခေါင်းဆောင်နှင့် ပခုက္ကူခလရ-၂၅၉ မှ


စစ်ကောင်စီလက်ပါးစေ (၅)ဦးအပါအဝင် (၂၇)ဦးမှာ ပခုက္ကူမြို့နယ်ဆေးရုံတွင် ကုသနေရကြောင်း မြိုင်အဖွဲ့က ပြောသည်။


တိုက်ပွဲတွင် တော်လှန်ရေးရဲဘော် (၃) ဦးကျဆုံးခဲ့ပြီး (၅)ဦး မစိုးရိမ်ရာဒဏ်ရာရရှိခဲ့သည်ဟုဆိုပြီး တိုက်ပွဲအတွင်း


နှစ်ဘက် သေဆုံးထိခိုက်မှုများနှင့်ပတ်သက်၍ လူငယ့်ခေတ်အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။


“ရင်ဘတ်သေနတ်မှန်တဲ့ကလေးက နောက်တစ်ယောက်ကို သေနတ်လှမ်းပစ်ပေးတယ် ၊ အဲမှာ သေနတ် (၂)လက်ကိုင်ပြီး ထမ်းပြေးတဲ့ကလေးပါ ထပ်ထိတော့


လူသာအသေခံမယ်သေနတ်မပါရဘူးဆိုပြီး အခြားရဲဘော်ဆီပြေးပေးရင် ကျဆုံးသွားတာပါ။


သေနတ်ကို အသက်ထက်တန်ဖိုးထားတာ ဝမ်းနည်းမိတယ်”ဟု မြိုင်ပြည်သူကာကွယ်ရေးအဖွဲ့ တပ်ရင်း(၁)၏ တပ်ရင်းမှူး ဗိုလ်လက်ယာက လူငယ့်ခေတ်သို့ ပြောသည်။


အကြမ်းဖက်စစ်ကောင်စီတပ်သည် တွင်းမရွာ၌ တပ်စွဲထားပြီး စစ်သင်တန်းပေးနေခြင်းကြောင့် အလစ်အငိုက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။


တိုက်ပွဲဖြစ်ပွားပြီးနောက် ဆိုင်ကယ် (၇) စီးဖြင့် စစ်ကူလာသည့် စစ်ကောင်စီတပ်ကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး


ဆိုင်ကယ် (၃)စီးပျက်စီးသွားကာ ကျန်ဆိုင်ကယ်များမှာ တွင်းမရွာ စာသင်ကျောင်းသို့ ထွက်ပြေးသွားကြောင်း သိရသည်။


အဆိုပါ တိုက်ပွဲမှာ (၂)နာရီနီးပါးကြာ ဖြစ်ပွားခဲ့ပြီး စခန်းသိမ်းနိုင်ရန် ကြိုးစားခဲ့သော်လည်း


အကြမ်းဖက်စစ်ကောင်စီ က လေကြောင်းဖြင့် စစ်ကူရောက်လာခြင်းကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ဆိုသည်။


အဆိုပါ တိုက်ပွဲတွင် မြိုင်မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၁)ဦးဆောင်ပြီး ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)၊


3in1 တပ်ဖွဲ့၊ မိုးပျံရပ်ကျေး – ပခုက္ကူ၊ ပုံတောင်ညီနောင်တပ်ဖွဲ့၊ MUGDF တပ်ဖွဲ့၊ WEST AYEYAR GUERRILLA FORCE နှင့်


ဇာမဏီပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။