၈လေးလုံးနှစ်ပတ်လည်မှာ KIA နဲ့ PDF တို့ပေါင်းပြီးပေးတဲ့ ပြည်သူ့အတွက် လက်ဆောင်


၈လေးလုံးနှစ်ပတ်လည်မှာ KIA နဲ့ PDF တို့ပေါင်းပြီးပေးတဲ့ ပြည်သူ့အတွက် လက်ဆောင်

စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် စခန်း၂ခုအား KIA၊ PDF တို့တိုက်ခိုက်သိမ်းပိုက်


ဖားကန့်မြို့နယ်၊ ဆယ်ဇင်းနှင့် ရွှေပြည်သစ်ရွာများတွင် စခန်းချနေသော အမှတ် ၁၁၉ ခလရ စစ်ကောင်စီတပ်ရင်းနှင့် ပြည်သူ့စစ်စခန်းနှစ်ခုအား ယနေ့နံနက် ၁ နာရီအချိန်၌ KIA နှင့် PDF တို့ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက် လိုက်ကြောင်း သတင်းရရှိသည်။


၎င်းတပ်စခန်းများတွင် ရှမ်းနီအမျိုးသားများတပ်မတော် SNA နှင့် ဦးရွှေမင်း ဦး‌ဆောင်သည့်ပြည်သူ့စစ်အဖွဲ့များလည်း စစ်ကောင်စီတပ်နှင့် ပူးပေါင်းစခန်းချနေသည့် တပ်စခန်းများဖြစ်‌ကြောင်း သိရသည်။


ကေအိုင်အေ တပ်ရင်း ၂၆ နှင့် PDF တို့က သွားရောက် တိုက်ခိုက်ရာ ယနေ့ နံနက် ၁ နာရီမှ ၅ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး သိမ်းပိုက်နိုင်ခဲ့သည်ဟု ဒေသသတင်းရင်းမြစ်တစ်ဦးက ပြောသည်။


ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာဘက်တွင် ဇူလိုင်လ တတိယပတ်၌လည်း တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။


Credit