❝ဒါမျိုး မကြောက်လို့ ရွာရိုးလျှောက်ရင်း မအလ ကိုတောင် ဒေါင်လိုက် အလျားလိုက် ပွတ်ဆွဲလာတာ❞


❝ဒါမျိုး မကြောက်လို့ ရွာရိုးလျှောက်ရင်း မအလ ကိုတောင် ဒေါင်လိုက် အလျားလိုက် ပွတ်ဆွဲလာတာ❞

ဒါမျိုး မကြောက်လို့ ရွာရိုးလျှောက်ရင်း မအလ ကိုတောင် ဒေါင်လိုက် အလျားလိုက် ပွတ်ဆွဲလာတာ


ကိုယ့်မှာ စောက်ကျင့်လေး တစ်ခုရှိတယ်။ ကိုယ့်ကို ခြိမ်းခြောက်ရင် အင်မတန်မုန်းတာ။


အခြားသွေးမတော် သားမစပ်တွေ အသာထား၊ ငယ်ငယ်ကတည်းက အိမ်က နင့်ကို ငါရိုက်တော့မယ်နော်လို ကြိမ်းပြီဆို မရိုက်ရိုက်အောင် တုတ်တိုးတာ။ ရိုက်ပြီးပြီဆို လေလေးချွန်ပြီး လုပ်ချင်တာ ဆက်လုပ်တာ။ အဲ့လို အကြောမျိုး။


အရွယ်ရောက်လာတော့ အခု စောက်တပ်ကို အာဏာမသိမ်းခင်ကတည်းက အသေအလဲ ကြုံးတာလည်း အဲ့လို ခြိမ်းခြောက်တတ်တဲ့ စောက်ကျင့်ကို မကြိုက်လို့။


ဆိုလိုတာက နင့်ကို ငါ ဘယ်လိုလုပ်လိုက်မယ် ဘယ်ဝါလုပ်လိုက်မယ် ခြိမ်းလားခြောက်လားတွေ လုပ်နေမယ့်အစား တကယ်လုပ်ပြီးမှ တကယ်လုပ်နိုင်မှ တကယ်လုပ်ရဲမှ ပြောစေချင်တယ်။


မိမိအတွက် ဒါမျိုးတွေက အဆန်းမဟုတ်ပေနော်။ ဒါမျိုး မကြောက်လို့ ရွာရိုးလျှောက်ရင်း မင်းအောင်လှိုင် စောက်ခွက်ကိုတောင် ဒေါင်လိုက် အလျားလိုက် ပွတ်ဆွဲလာတာ။ လေပေါရုံကို တော်လှန်ရေးလုပ်တယ် နာမည်တပ်နေတဲ့ Gen Lee တွေလောက်ကတော့ ရှစ်ခေါက်ချိုးပြီး စစပန်ဒါကြား ညှက်ထားလိုက်မယ်။


US ရောက်ခါစ ဦးဦးဖျားဖျားလေးမှာတင် USက ခြိမ်းလားခြောက်လားကောင်တွေကို နှာနုဖြတ်ရိုက်ပြီး ဖေ့စ်ဘုတ်တောင် မသုံးရဲအောင် လုပ်လာတာ သုံးကောင်မြောက်ပြီ။ တစ်ကောင်ဆို FBI အိမ်လာလည်သွားလို့ အမြီးကုပ်သွားတာတောင် ဘာကြာသေးလို့လဲ။


အဲ့တော့ကွာ…. Facebook ပေါ် Live လွှင့်ပြီး ကြိမ်းလားမောင်းလားက ဘယ်သူမဆို လုပ်တတ်ပါတယ်။ ခြိမ်းခြောက်မတော်ရင် ဘယ်ပြန်အမှုပတ်မလဲ ကိုယ်နေတဲ့နိုင်ငံဥပဒေလေး ဘာလေး လှန်လှောဖတ်တော်မူကြ။


စောက်စကားတွေ မများနဲ့ကွာ။ ကြာတယ်။ US ရောက်စ ငချွတ်မလေးမို့ ကြောလိုက်မယ်ကွာတော့ လာမလုပ်နဲ့။ လေချည်းမတိုက်နဲ့။ အောက်လေတိုက်တော့ ဖင်အေးတယ်လေ.. နော့။


ခြိမ်းခြောက်တာ သိပ်ဝါသနာပါရင် ဆီစွပ်နေလိုက်ကြ။


အိုခေနော်


>