ရီးရဲလ်ဆဲလ်လိတ်နှင့်ပွဲတွင် တကိုယ်တော်အစွမ်းဖြင့် လှပတဲ့ဂိုးသွင်းယူခဲ့တဲ့ ဂါရတ်ဘေးလ်


ရီးရဲလ်ဆဲလ်လိတ်နှင့်ပွဲတွင် တကိုယ်တော်အစွမ်းဖြင့် လှပတဲ့ဂိုးသွင်းယူခဲ့တဲ့ ဂါရတ်ဘေးလ်

ဂါရတ်ဘေးလ်ဟာယနေ့အစောပိုင်းတုန်းကလော့စ်အိန်ဂျယ်လိစ်အက်ဖ်စီကရီးရဲလ်ဆဲလ်လိတ်ကိုဂိုးပြတ်အနိုင်ရရှိတဲ့ပွဲတွင်အလွန်လှပခမ်းနားလှတဲ့ဂိုးတစ်ဂိုးသွင်းယူခဲ့ပါတယ်။




ဂါရတ်ဘေးလ်ဟာပြီးခဲ့တဲ့ဘောလုံးရာသီအကုန်တွင်ရီးရဲလ်မက်ဒရစ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးကာအမေရိကန်မေဂျာလိဂ်ကလပ်လော့စ်အိန်ဂျယ်လိစ်သို့တစ်နှစ်စာချုပ်ဖြင့်ပြောင်းရွှေ့လာပြီးနောက်ခြေစွမ်းပြကစားနေသူဖြစ်ပါတယ်။


သူဟာပြီးခဲ့တဲ့လတုန်းကနက်ရှ်ဗယ်လီနှင့်ပွဲတွင်ပထမဆုံးပွဲကစားခဲ့ပြီးစပို့တင်းကန်ဆက်စ်စီးတီးနှင့်ပွဲတွင်ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့ပါတယ်။




သူဟာယနေ့အစောပိုင်းတုန်းကရီးရဲလ်ဆဲလ်လိတ်ကို၄-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်လည်းသူ့ရဲ့မေဂျာလိဂ်ဒုတိယဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။


ဂါရတ်ဘေးလ်ဟာခရစ္စတီယန်အရန်ဂိုရဲ့၂ဂိုး၊ကယ်လီအေကော့စ်တာတို့ရဲ့ဂိုးဖြင့်ပွဲကိုသက်တောင့်သက်သာဖြင့်ထိန်းချုပ်ထားပြီးနောက်တကိုယ်တော်အစွမ်းဖြင့်အံ့ဩသင့်ဖွယ်လှပတဲ့ဂိုးတစ်ဂိုးကိုသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။




သူဟာအလယ်တန်းညာဖက်ခြမ်းတွင်ဘောလုံးရရှိပြီးနောက်နောက်ခံလူနှစ်ဦးကိုကျော်ဖြတ်ကာအတွင်းသို့ပြေးဆွဲပြီးကန်သွင်းခဲ့တာဖြစ်ပါတယ်။


ဘောလုံးပရိသတ်များဟာအသက်၃၃နှစ်ရှိဝေးလ်အသင်းခေါင်းဆောင်ရဲ့မြန်နှုန်းနှင့်သန်မာမှုအပေါ်အကြီးအကျယ်အံ့ဩသင့်နေကြပါတယ်။


>