ကိုမင်းကိုနိုင် လက်စားချေ ကဗျာတစ်ပုဒ်……….see more


ကိုမင်းကိုနိုင် လက်စားချေ ကဗျာတစ်ပုဒ်……….see more

” ကျွန်တော်တို့တွေက ဒီမိုကရေစီတောင်းတယ်။


ခင်ဗျားတို့တွေက ဒီမိုကရေစီအစား လက်ထိပ်တွေပေးတယ်။


ကျွန်တော်တို့တွေက လူ့အခွင့်အရေးတောင်းတယ်။

ခင်ဗျားတို့တွေက ထောင်အုတ်ရိုးပေးတယ်။


ကျွန်တော်တို့က လွတ်လပ်ရေးကိုတောင်းတယ်။

လွတ်လပ်ရေးရဖို့ ပေတစ်ရာလမ်းမပေါ် ထွက်လာတဲ့အခါ ခင်ဗျားတို့က မီးခိုးဗုံးနဲ့ထုတယ်။ သေနတ်နဲ့ပစ်တယ် ။ ပေတစ်ရာလမ်းမပေါ်မှာ ပြည်သူတွေ အတုံးအရုန်း သေကြရတယ်။ သွေးပင်လယ်ကြီး ဖြစ်သွားတယ်။ ဒါပေမယ့် ပေတစ်ရာလမ်းမပေါ်က သွေးကွက်တွေဟာ သွေးငွေ့တွေအဖြစ်နဲ့ မိုးကောင်းကင်ပေါ်တက်သွားတယ်။ ကောင်းကင်ပေါ် ရောက်တဲ့အခါ သွေးတိမ်တောင်ကြီးဖြစ်သွားတယ်။ အဲ့ဒီ သွေးတိမ်တောင် အစိုင်အခဲကြီးဟာ ခင်ဗျားတို့ အာဏာရှင်ဖိနှိပ်နေတဲ့ လူတန်းစားတွေရဲ့ ခန္ဓာကိုယ်ပေါ်ကို သွေးမိုးတွေအဖြစ် ရွာချပြီး ကလဲ့စားချေကြလိမ့်မယ်။ ”


မင်းကိုနိုင်

ဥက္ကဋ္ဌ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (၁၉၈၈)


>