ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ပတ်သက်ပြီး မေးမြန်းလာတဲ့ ဂျာနယ်လစ်ကို ဝေဖန်ခဲ့တဲ့ အဲရစ်တန်ဟက်


ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ပတ်သက်ပြီး မေးမြန်းလာတဲ့ ဂျာနယ်လစ်ကို ဝေဖန်ခဲ့တဲ့ အဲရစ်တန်ဟက်

အဲရစ်တန်ဟက်ဟာဗယ်လီကာနိုနှင့်ခြေစမ်းပွဲတွင်ပွဲမပြီးမီအိုးထရက်ဖို့ဒ်ကွင်းမှစောစောစီးစီးထွက်ခွာသွားခဲ့တဲ့ခရစ္စတီယာနိုရော်နယ်ဒိုနှင့်ပတ်သက်ပြီးမေးမြန်းလာတဲ့ဂျာနယ်လစ်ရဲ့မေးခွန်းကိုပြန်လည်ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။


ပြီးခဲ့တဲ့အပတ်တုန်းကခရစ္စတီယာနိုရော်နယ်ဒိုဟာပထမဆုံးရာသီကြိုခြေစမ်းပွဲပါဝင်ကစားမှုအဖြစ် ဗယ်လီကာနိုနှင့်ပွဲတွင်ပါဝင်ကစားခဲ့ပါတယ်။ဒါပေမဲ့သူဟာပထမပိုင်းအပြီးတွင်ပင်လူစားလဲခြင်းခံခဲ့ရပြီးနောက် ပွဲပြီးရင်၁၀မိနစ်ခန့်အလိုတွင်အိုးထရက်ဖို့ဒ်မှထွက်ခွာသွားခဲ့ပါတယ်။


အဆိုပါပွဲစဉ်တွင်ခရစ္စတီယာနိုရော်နယ်ဒိုသာမက ဒီယေဂိုဒါလော့အပါအဝင်အခြားယူနိုက်တက်ကစားသမားအချို့လည်းပွဲမပြီးမီထွက်ခွာသွားခဲ့ကြပါတယ်။ယင်းနှင့်ပတ်သက်ပြီးအဲရစ်တန်ဟက်ကလက်ခံနိုင်စရာအပြုအမူမဟုတ်ကြောင်းပြောကြားခဲ့ပြီးဖြစ်ပါတယ်။


အဲရစ်တန်ဟက်ဟာဘရိုက်တန်နှင့်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင်လည်းPA မှဂျာနယ်လစ်ဆိုင်မွန်ပစ်ချ်က ခရစ္စတီယာနိုရော်နယ်ဒို စောစောစီးစီးထွက်ခွာမှုနဲ့ပတ်သက်ပြီးမေးမြန်းခြင်းခံလာရပြန်ပါတယ်။


အသက်၅၂နှစ်ရှိဒတ်ချ်လူမျိုးနည်းပြဟာခရစ္စတီယာနိုရော်နယ်ဒိုနှင့်ပတ်သက်ပြီးတော့သာမေးမြန်းနေမှုကိုမပျော်မရွှင်ဖြစ်နေခဲ့ပါတယ်။


ဒါကြောင့်လည်းအဲရစ်တန်ဟက်ကခရစ္စတီယာနိုရော်နယ်ဒိုအပြင်အခြားကစားသမားများလည်းထွက်ခွာသွားခဲ့ကြောင်း၊ပတ်ချ်အနေဖြင့်မေးခွန်းမမေးမီစဉ်းစားရန်တင်းမာစွာပြောဆိုခဲ့ပါတယ်။




အဲရစ်တန်ဟက်ဟာအင်္ဂလိပ်မီဒီယာများကိုတင်းမာပြုမူပြောဆိုခဲ့တာပထမဆုံးအကြိမ်မဟုတ်ပါဘူး။သူဟာပြီးခဲ့တဲ့ရာသီအကုန်တွင်ယူနိုက်တက်နည်းပြသစ်အဖြစ်ခန့်အပ်ခံရပြီးနောက်ပဲလေ့စ်နှင့်ပွဲကိုလာရောက်ကြည့်ရှုပြီးနောက်ကွင်းမှထွက်ခွာလာချိန်တွင်သူ့ကိုအင်တာဗျူးရန်ကြိုးပမ်းတဲ့ Sky Sports မှအစီအစဉ်တင်ဆက်သူကို သက်တော်စောင့်ဖြင့်တားမြစ်ခဲ့ပါတယ်။




အဲရစ်တန်ဟက်ဟာယူနိုက်တက်အတွက်ပထမဆုံးပြိုင်ပွဲပွဲအဖြစ်တနင်္ဂနွေနေ့တွင်ဘရိုက်တန်နှင့်ပွဲအားကိုင်တွယ်သွားရပါမယ်။


ဒါ့အပြင်အဲရစ်တန်ဟက်ကအသင်းတွင်ခရစ္စတီယာနိုရော်နယ်ဒိုရှိနေမှုအပေါ်အလွန်ပျော်ရွှင်ကြောင်းလည်းပြောကြားသွားပါတယ်။




ဘရိုက်တန်နှင့်ပွဲစဉ်တွင်အန်တိုနီမာရှယ်ဒဏ်ရာရရှိနေမှုနဲ့အတူအဲရစ်တန်ဟက်ဟာခရစ္စတီယာနိုရော်နယ်ဒိုကိုအသုံးပြုလာနိုင်ပါတယ်။


အဲရစ်တန်ဟက်က “သူရှိနေလို့အရမ်းပျော်တယ်။ကျွန်တော်တို့မှာထိပ်တန်းတိုက်စစ်မှူးတစ်ဦးပိုင်ဆိုင်ထားပါတယ်။အစီအစဉ်အတိုင်းပဲဆက်လုပ်သွားပါမယ်”လို့ပြောကြားသွားပါတယ်။


>