စင်ကာပူ ၀န်ကြီးက မြန်မာ့တော်လှန်ရေးကိုဘာပြောလဲ………see more


စင်ကာပူ ၀န်ကြီးက မြန်မာ့တော်လှန်ရေးကိုဘာပြောလဲ………see more

မြန့်မာအရေး 4နှစ်ကနေ အနှစ်20 ထိကြာသွား

နိုင်ဟု စင်ကာပူနိုင်ငံခြားရေး ၀န်ကြီးပြော


မြန်မာ့အရေး ၄ နှစ်ကနေ အနှစ် ၂၀ အထိကြာသွားနိုင်ဟု

စင်ကာပူပြော စစ်တပ်က အာဏာသိမ်းထားသည့် မြန်မာနိုင်ငံ၏ အခြေအနေမှာအလွန်ကြောက်မက်ဖွယ်ရာကောင်း ပြီး အချိန် ၄ နှစ်မှ အနှစ်၂၀ အထိကြာကောင်းကြာသွားနိုင်သည်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုသည်။


ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး စင်ကာ ပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က


အထက်ပါအတိုင်း ပြောဆိုကြောင်း The StraitsTimes သတင်းစာက ရေးသားသည်။​ အာဆီယံအပေါ် ကတိပြုထားသည့် ငြိမ်းချမ်းရေးအစီ အစဉ် လုံးဝတိုးတက်မှုမရှိဘဲ

စစ်ကောင်စီဘက်က လိုက်နာဆောင်ရွက်ခြင်း မရှိဟုလည်း ဆိုသည်။“ပွင့်ပွင့်လင်းလင်းပြောရရင် ကြောက်စရာ အရမ်းကောင်းတဲ့ အခြေအနေပါ။ စစ်အာဏာသိမ်းမှုကနေ ပြည်တွင်းစစ်ဖြစ်နေပြီ။


အာဆီယံ တူညီဆန္ဒ ၅ ချက်လည်း ဘာတိုးတက်မှုမှ မရှိဘူး” ဟု စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။“ဒီအခြေအနေက ဘယ်လောက်ထိ ကြာနေမလဲ။ ကျွန်တော်ကြားမိတဲ့ ခန့်မှန်းခြေကတော့ လေးနှစ်က နေ အနှစ် ၂၀ အထိပဲ။ ကျွန်တော်တော့ အကောင်းမမြင်ဘူး”


ထင်ရှားသည့် နိုင်ငံရေးသမား ကိုဂျင်မီ၊ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်နှင့် အခြားနိုင်ငံ ရေးအကျဉ်းသားနှစ်ဦးကို စစ်ကောင်စီက ကွပ်မျက်သည့် လုပ်ရပ်အပေါ် အာဆီယံခေါင်းဆောင်များက ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့ကြသည်။


အာဆီယံနိုင်ငံခြာရေးဝန်ကြီးများ အစည်းအဝေးအပြီး ထုတ်ပြန်ချက်တွင် မြန်မာ့အရေးနှင့် ပတ်သက်၍ နက်ရှိုင်းစွာစိတ်ပျက်မိကြောင်း ဖော်ပြထားသည်။ အာဆီယံထုတ်ပြန်ချက်ကို ပယ်ချကြောင်း၊ အာဆီ ယံပဋိညဉ်အရ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် မပြုရန် စစ်ကောင်စီက ယမန်နေ့တွင် တုံ့ပြန် ထားသည်။


Credit