လူစုလူဝေး ဖြစ်လို့ဆိုပြီး ဂျပန်စာ N4 ဖြေဆိုဖို့ လျှောက်လွှာရောင်းချမှု ရပ်ဆိုင်း။ဝယ်ဖို့ စောင့်ဆိုင်းနေတဲ့ လူထောင်ကျော် မိုးထဲရေထဲ အခက်အခဲဖြစ်နေ


လူစုလူဝေး ဖြစ်လို့ဆိုပြီး ဂျပန်စာ N4 ဖြေဆိုဖို့ လျှောက်လွှာရောင်းချမှု ရပ်ဆိုင်း။ဝယ်ဖို့ စောင့်ဆိုင်းနေတဲ့ လူထောင်ကျော် မိုးထဲရေထဲ အခက်အခဲဖြစ်နေ

လူစုလူဝေး ဖြစ်ပေါ်လို့ JLPT 2022 December ရန်ကုန်စာဖြေဌာန ‌လျှောက်လွှာ ရောင်းချခြင်း အား ရပ်ဆိုင်းလိုက်တယ်လို့ JLPT စာမေးပွဲကျင်းပရေးကော်မတီ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)က ထုတ်ပြန်လိုက်ပါတယ်။


ယနေ့ ရန်ကုန်စာဖြေဌာနအတွက် N4 Level လျှောက်လွှာများစတင်ရောင်းချမည်ဖြစ်ရာ၊ ယခု နံနက်၅ နာရီ အချိန်တွင်ပင် လာရောက်တန်းစီသူ ခန့်မှန်းဦးရေ ၅၀၀၀ ဦးခန့်ရှိနေပြီး



လူစုလူဝေးအဖြစ်သို့ ရောက်ရှိနေပါသောကြောင့် လျှောက်လွှာရောင်းချရန် ခက်ခဲသည့်အခြေအနေဖြစ်ပေါ်နေတာကြောင့် N4 Level လျှောက်လွှာရောင်းချခြင်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်တယ်လို့ ထုတ်ပြန်ထားတာပါ။



လျှောက်လွှာဝယ်ယူဖို့စောင့်ဆိုင်းနေသည့်‌ ကျောင်းသား တစ်ဦးက “ မရောင်းဘူးဆိုရင်လဲ အစောကြီးကတည်း ကြေညာလေဗျာ။ သူတို့အသင်းပေ့ကနေပဲ ညတုန်းက‌ကြေညာတယ်။



အခု N4 လျှောက်လွှာကို လာဝယ်တဲ့သူများလို့ တစ်ရက် ၃၀၀၀ ရောင်းပေးမယ်ဆိုပြီး သူတို့ပဲ ထုတ်ပြန်တာ ။ အဲဒါကြောင့်အခု မနက် အစောကြီးကတည်းက လာပြီးတန်းစီ စောင့်နေရတာ။



မိုးတွေကသည်း အားလုံးစိုရွဲနေတာ။ နယ်ကနေ လာပြီး လာဝယ်သူတွေတောင်ရှိတယ်။ သူတို့ဆိုရင် ကျွန်တော်တို့လို ရန်ကုန်ကလူတွေထက် ပို ဒုက္ခရောက်တယ်။ တော်တော် စိတ်ပျက်ဖို့ ကောင်းတယ်။



ဒီမှာ လုပ်ချင်သလိုကို လုပ်နေကြတာဗျာ” လို့ပြောပါတယ်။လျှောက်လွှာများအား Online စနစ်ဖြင့်သာ လက်ခံသွားတော့မည် ဖြစ်ကာ လျှောက်ထားခြင်းနှင့်ပတ်သက်၍ အသေးစိတ်အား ထပ်မံကြေငြာသွားမယ်လို့ လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

>