လက်ရှိ သူမ နေထိုင်ခြင်းမရှိတဲ့ အိမ်ကိုရောင်းချခြင်းမှ အမြတ်ငွေ ကိုရီးယား ဝမ် 2.9 billion ထိရခဲ့တဲ့ Song Hye-kyo


လက်ရှိ သူမ နေထိုင်ခြင်းမရှိတဲ့ အိမ်ကိုရောင်းချခြင်းမှ အမြတ်ငွေ ကိုရီးယား ဝမ် 2.9 billion ထိရခဲ့တဲ့ Song Hye-kyo

မင်းသမီးချော Song Hye-kyo ဟာ သူ(မ)လက်ရှိနေထိုင်မှု မပြုလုပ်တဲ့အိမ်ကို ရောင်းချပြီး အမြတ်ငွေ 2.9 billion won ရရှိနိုင်ခဲ့ပါတယ်။




Celebrity တွေရရှိခဲ့တဲ့ အမြင်ငွေကြေး ရရှိမှုတွေကို တင်ဆက်ပေးနေကျ “Entertainment company Live” သတင်းမှာတော့ Song Hye-kyo ရဲ့အိမ်ရောင်းချမှုကို ဖော်ပြထားတာဖြစ်ပါတယ်။ ဒီသတင်းအရ Song Hye-kyo ဟာ Cha In-pyo နဲ့ Shin Ae-ra တို့ဆီက ဝယ်ယူခဲ့တဲ့အိမ်ကို ရောင်းချခဲ့တယ်လို့ သိရပါတယ်။




ဒီအိမ်ဟာ ဘေးပတ်ဝန်းကျင်က အိမ်တွေနဲ့ ဆက်စပ်မှုရှိမနေတဲ့ ကိုယ်ပိုင်ခြံနဲ့အိမ်ကြီးဖြစ်ပြီး မင်းသမီးဖြစ်သူက ဒီအိမ်ကို (၃) နှစ်လောက် အရောင်းစာရင်းမှာ ထည့်သွင်းခဲ့ပြီးနောက်မှ အခုလိုရောင်းထွက်ခဲ့တာပါ။ ဒီအိမ်ရဲ့တည်နေရာကတော့ Seoul၊ Gangnam-gu၊ Samseong-dong ဖြစ်ပါတယ်။




Song Hye-kyo အနေနဲ့ ဒီအိမ်ကို ၂၀၀၅ ခုနှစ်တုန်းက Cha In-pyo နဲ့ Shin Ae-ra တို့ဆီက 5 billion won နဲ့ဝယ်ယူခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ 7.9 billion won နဲ့ ပြန်လည်ရောင်းချနိုင်ခဲ့တာပါ။ ဒါ့ကြောင့် အမြတ်ငွေ 2.9 billion won ရရှိခဲ့ပါတယ်။


M2T Shwengwegames