မနက်ဖြန် သြဂုတ် ၆ ရက်နေ့ နှင့် ၇ ရက်နေ့တွေမှာ နံနက် ၉ နာရီမှ စတင်ကာ လျှပ်စစ်ဓာတ်အားပြတ်တောက်မည့်မြို့နယ်များအတွက် YESC ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် ကြိုတင်ပြင်ဆင်ထားနိုင်ကြစေဖို့ အသိပေးလိုက်ရပါတယ်။
ထုတ်ပြန်ချက်မှာ ”ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ရန်ကုန်တောင်ပိုင်းခရိုင်လျှပ်စစ်မြို့နယ်များ၏စုဖွဲ့အင်အားဖြင့်
33kV ကနောင်-ခနောင်တို ဓာတ်အားလိုင်း၊ 33kV လှိုင်သာယာ-ကွမ်းခြံကုန်းဓာတ်အားလိုင်းများနှင့်မလွတ်ကင်းသောသစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်းကို
(၆.၈.၂၀၂၂) ရက်နေ့၊(စနေနေ့)တွင်(၁၀:၀၀)နာရီမှ(၁၄:၀၀) နာရီအထိလုပ်ငန်းဆောင်ရွက်မည်ဖြစ်ပါသဖြင့်အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း
ဒလ၊ဆိပ်ကြီးခနောင်တို၊ တွံတေး၊ကော့မှူး၊ ကွမ်းခြံကုန်း၊ လက်ခုပ်ကုန်း၊ကျိုက်ထော်၊အေးရွာ၊ လှိုင်သာယာမြို့နယ်များ၏နေရာအချို့တို့တွင်လည်းကောင်း
ရန်ကုန်မြောက်ပိုင်းခရိုင်လျှပ်စစ်မြို့နယ်များ၏ စုဖွဲ့အင်အားဖြင့် 33kV လှော်ကား-(Ba+Bb)ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသော
သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်းကို(၇.၈.၂၀၂၂) ရက်နေ့(တနင်္ဂနွေနေ့)တွင်(၀၉:၀၀) နာရီမှ (၁၂:၀၀)နာရီအထိလုပ်ငန်းဆောင်ရွက်မည်ဖြစ်ပါသဖြင့်
အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း အင်းစိန်၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ မြို့နယ်များ၏နေရာအချို့တို့တွင်လည်းကောင်း
ယာယီဓာတ်အားပြတ်တောက်မှု ရှိမည်ဖြစ်ပါကြောင်းနှင့် အရေးကြီးနေရာများလျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရေး
အလေးထားဆောင်ရွက်သွားမည်ဖြစ်” တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း YESC မှ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီအတွက် လျှပ်စစ်ဓာတ်အားပြတ်တောက်မည့်မြို့နယ်များအနေဖြင့် ကြိုတင်သိရှိ ပြင်ဆင်ထားနိုင်ကြစေဖို့ အသိပေးလိုက်ရပါတယ်။
Credit