မနက်အစောကြီး မိုးထဲရေထဲ ပြေးကြလွှားကြ တန်းစီနေကြတာကိုကြည့်ပြီးပြောလိုက်တဲ့ ဆောင်းဦးလှိုင်


မနက်အစောကြီး မိုးထဲရေထဲ ပြေးကြလွှားကြ တန်းစီနေကြတာကိုကြည့်ပြီးပြောလိုက်တဲ့ ဆောင်းဦးလှိုင်

မနက်အစောကြီး မိုးထဲရေထဲ ပြေးကြလွှားကြ တန်းစီနေကြတာကိုကြည့်ပြီးပြောလိုက်တဲ့ ဆောင်းဦးလှိုင်


” သာမန်ပြည်သူတွေလည်းလွတ်မြောက်ကြပါစေ “


ကျွန်တော်တို့အားလုံးကြိုးစားနေကြတဲ့အဓိကရည်ရွယ် ချက်က သာမန်ပြည်သူတွေ၊တိုင်းရင်းသား

ညီအကိုတွေ အားလုံးလွတ်မြောက်ကြဖို့မဟုတ်ပါလား။


လူတစ်စုလွတ်မြောက်ဖို့မှမဟုတ်ဘဲ။ YGN မှာ ဂျပန်အရည်အချင်းစစ်စာမေးပွဲအတွက်လူအများအပြား မနက်အစောကြီး မိုးထဲရေထဲပြေးကြလွှားကြ တန်းစီနေကြတာကိုကြည့်ရင် အဲဒီ့လူတွေလည်း သူတို့ဘဝတွေ အသက်တွေ လွတ်မြောက်ဖို့ကြိုးစားနေတာဘဲ။


တလရမှာ VIP မရှိဘူး တလရမှာ VIP တွေပေါ်လာတဲ့အခါ စည်းလုံးမှုပြိုကွဲ၊ စည်းရုံးရေးမအောင်မြင်တာ

ဘာဆန်းလဲ ။


လူအချင်းချင်း မတရားမလုပ်နဲ့။ ငါ့အသက်က ပိုတန်ဖိုးရှိတယ်ဆိုတာမျိုးမလုပ်မိစေနဲ့။ ဘယ်လိုနည်းနဲ့လွတ်မြောက်လွတ်မြောက် လွတ်မြောက်ရေးအဓိက ဆိုသူတွေသိဖို့က သာမန်ပြည်သူတွေလည်းလွတ် မြောက်ကြပါစေ။ မျှမျှတတပေါ့။


ကျွန်တော်က အားလုံးလွတ်မြောက်ရေးအတွက်

ခံယူချက်အပြည့်နဲ့ ဘဝအသက်ပေးခဲ့သူတွေကို

လေးစားအလေးထားတယ်။


ဆက်ပြီးကူညီကြိုးစားပေးသွားမယ်။ သာမန်ပြည်သူတွေကိုလည်းကျွန်တော် နားလည်ကိုယ်ချင်းစာတယ်။

ပြည်သူအားလုံးဘေးဒုက္ခများကလွတ်မြောက်ကြပါစေ


ဆောင်းဦးလှိုင် August 5th 2022