ခင်ပွန်းဖြစ်သူအား ရည်စူးပြီး မဟာဝိသုတာရာမ စာသင်တိုက် မှာ ဆောက်လုပ်ဆဲ သုံးထပ်ကျောင်းဆောင်အတွက် အလှူငွေများလှူဒါန်းခဲ့တဲ့ နန်းမြတ်ဖြိုးသင်း


ခင်ပွန်းဖြစ်သူအား ရည်စူးပြီး မဟာဝိသုတာရာမ စာသင်တိုက် မှာ ဆောက်လုပ်ဆဲ သုံးထပ်ကျောင်းဆောင်အတွက် အလှူငွေများလှူဒါန်းခဲ့တဲ့ နန်းမြတ်ဖြိုးသင်း

ဆရာဝန်မလေးနန်းမြတ်ဖြိုးသင်းက တော့ပညာရေးမှာလည်းထူးချွန်သလို အနုပညာလောကမှာလည်းအောင်မြင်သူတစ်ယောက် ဖြစ်ပါတယ်။နန်းမြတ်ဖြိုးသင်းက သူမရဲ့ ချစ်စဖွယ်ကောင်းတဲ့ အမူအရာများနဲ့ ပရိတ်သတ်ကို ညှို့ယူဖမ်းစားထားသူတစ်ဦးဖြစ်ပါတယ်။


ပရိသတ်တွေကလည်းသူမကို အိမ်ထောင်ကျသွားသည့်တိုင် နန်းမြတ်ဖြိုးသင်းရဲ့အနုပညာလှုပ်ရှားမှုတွေကိုအရင်ကအတိုင်း အား ပေးနေကြဆဲ ဖြစ်ပါတယ်။ခင်ပွန်းဖြစ်သူဆုံးပါးသွားခဲ့ပေမယ့်လည်း စိတ်ဓာတ်မကျဘဲသူမဝါသနာပါတဲ့အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ကိုင်နေ လျက်ရှိတာပဲဖြစ်ပါတယ်။




နန်းမြတ်ဖြိုးသင်းကတော့ခင်ပွန်းဆုံးပါးသွားပြီးတဲ့နောက်သားနဲ့သမီးကို ဖခင်နေရာရောမိခင်နေရာအတွက်ပါ စောင့်ရှောက်ပြုစုနေခဲ့တဲ့မင်းသမီးတစ်လက်ပါ။သားနဲ့သမီးကို အချိန်ပေးကာ ကိုယ်တိုင်ထိန်းကျောင်းနေတဲ့ အပြင် စီးပွားရေးကိုလည်း ဦးဆောင်ကာရှာဖွေလျက်ရှိနေပါတယ်။




အလှူအတန်’ နဲ့ပတ်သတ်လျှင်းအမြဲလှူဒါန်းလေ့ရှိတဲ့ နန်းမြတ်ကတော့ ဒီနေ့မှာလည်း မွန်မြတ်လှတဲ့အလှူတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။အဲ့ဒါကတော့ မဟာဝိသုတာရာမ စာသင်တိုက်ဆောက်လုပ်ဆဲ သုံးထပ်ကျောင်းဆောင်အတွက် အလှူငွေများလှူဒါန်းခဲ့တာဖြစ်ပါတယ်။




လှူဒါန်းမှုနဲ့ပတ်သတ်ပြီးကျောင်းအလှူတော်မဟာဝိသုတာရာမ စာသင်တိုက်ဆောက်လုပ်ဆဲ သုံးထပ်ကျောင်းဆောင်အတွက်ကွယ်လွန်သူ(ကိုတာတာမျိုး)အားရည်စူး၍~~~သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း သား~ မောင်ဘုန်းသုဒ္ဓ မမြတ်နိုးချစ် မိသားစု မှကျောင်းအလှူတော်(၄)သိန်းကျပ်လှူဒါန်းပါသည်။ကျောင်းအလှူရှင်မိသားစုများကျန်းမာချမ်းသာ၍ အစစအရာရာအဆင်ပြေအောင်မြင်ကြပါစေ ၅-၈-၂၀၂၂ ဆိုပြီး မဟာဝိသုတာရာမ စာသင်တိုက် ပေ့ချ်မှ တင်ထားတာလေးကို န်းမြတ်က ပြန်လည်မျှဝေထားပါတယ်။




ဒါ့အပြင် နန်းမြတ် က ထိုကျောင်းဆောင်ကြီး မပြီးမချင်းဆက်လက် လှူဒါန်းသွားမှာဖြစ်ကြောင်းလည်းပြောထားပါသေးတယ်။ပရသတ်ကြီးကလည်း နန်းမြတ်ရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်




Source မဟာဝိသုတာရာမ စာသင်တိုက်, Nann Myat Phyo Thinn