အသက်(၉၀) ပြည့်သွားခဲ့သော်လည်း နုပျိုလှပနေဆဲဖြစ်တဲ့ အဖွားဒေါ်ခင်လေးဆွေ


အသက်(၉၀) ပြည့်သွားခဲ့သော်လည်း နုပျိုလှပနေဆဲဖြစ်တဲ့ အဖွားဒေါ်ခင်လေးဆွေ

အနုပညာအလုပ်တွေမှာ အောင်မြင်မှုတွေ ရရှိထားရုံသာမကဘဲ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး စမိုင်းလ်ပဲ ဖြစ်ပါတယ်။




သူမဟာ သမီးလေးနှစ်ယောက်ရဲ့ ဝေယျာဝစ္စတွေကိုလည်း လိုလေးသေးမရှိအောင် လုပ်ပေးတတ်တဲ့ မိခင်ကောင်းတစ်ယောက် ဖြစ်တာကြောင့်လည်း ပရိသတ်တွေက သူမကို ချစ်မဝဖြစ်နေကြတာလည်း ဖြစ်ပါတယ်။ အားလုံးကလည်း သူမရဲ့ မိသားစုဘဝလေးကို ကြည်နူးအားကျနေကြတာလည်း ဖြစ်ပါတယ်။




တစ်ချိန်ကအနုပညာလောကမှာ လျှမ်းလျှမ်းတောက် နာမည်ကြီးကျော်ကြားခဲ့ပြီး ပရိသတ်တွေချစ်ခင်လေးစားကြရတဲ့ ဝါရင့်အနုပညာရှင်ကြီး ဒေါ်ခင်လေးဆွေကတော့ အသက် (၉၀) နှစ်ပြည့်သွားပြီလို့ သိရပါတယ်။ အသက်အရွယ်အားဖြင့် ၉၀ ပြည့် အရွယ်ရောက်ရှိလာပေမယ့် အဘွားကတော့ ကျန်းကျန်းမာမာရှိနေတုန်းပဲဖြစ်ပါတယ်။




အဘွားခင်လေးဆွေက သူ့ရဲ့ (၉၀) နှစ်ပြည့်မွေးနေ့ကို မြေး၊ မြစ်များဖြင့် ကျန်းမာပျော်ရွှင်စွာဖြတ်သန်းခဲ့တာကို တွေ့မြင်ရပါတယ်။ အဘွားခင်လေးဆွေရဲ့ မွေးနေ့အမှတ်တရပုံရိပ်များကိုတော့ မြေးဖြစ်သူ စမိုင်းလ်က သူမရဲ့လူမှုကွန်ယက်ကနေ မျှဝေဖော်ပြထားတာဖြစ်ပါတယ်။




အသက် (၉၀) နှစ်ပြည့်သွားပြီဖြစ်တဲ့ ဘွားဘွားကြီးခင်လေးဆွေ သက်ရှည်ကျန်းမာပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။