ဉာဏ္မ်ားၿပီး ေကာက္က်စ္တဲ့ မိန္းမလည္ သိန္းႂကြယ္ေတြရဲ႕ အမူအက်င့္ ( ၅ ) မ်ိဳး

2019-09-18 22:49:01


ဉာဏ္မ်ားၿပီး ေကာက္က်စ္တဲ့ မိန္းမလည္ သိန္းႂကြယ္ေတြရဲ႕ အမူအက်င့္ ( ၅ ) မ်ိဳး

ဉာဏ္မ်ားၿပီး ေကာက္က်စ္တဲ့ မိန္းမလည္ သိန္းႂကြယ္ေတြရဲ႕ အမူအက်င့္ ( ၅ ) မ်ိဳး


ေလာကမွာ မိန္းမလည္ သိန္းႂကြယ္လို႔ ဆိုရမယ့္ ဉာဏ္မ်ားၿပီး ေကာက္က်စ္တဲ့ မိန္းမမ်ိဳးဟာ တကယ္ကို ေၾကာက္စရာ ေကာင္းၿပီး ေရွာင္ရွားရမယ့္ လူေတြျဖစ္ပါတယ္ ။ မိန္းမဖ်က္ ျပည္ပ်က္ဆိုတဲ့ စကားပုံဟာ အလကား ျဖစ္လာတာ မဟုတ္ပါဘူး ။ ဒီလိုမိန္းကေလးမ်ိဳး ေတြဟာ ေကာက္က်စ္တဲ့ အျပင္ ဘာကို မဆို လုပ္ရဖို႔ ဝန္မေလးတတ္တာေၾကာင့္ သတိနဲ႔ ေရွာင္ရွားတတ္ဖို႔ လိုပါတယ္ ။


( ၁ ) စႏိုက္ေၾကာ္တယ္ ။


မိန္းမလည္ သိန္းႂကြယ္ေတြဟာ ကိုယ့္မွာ ရွိတာနဲ႔ ဘယ္ေတာ့မွ မတင္းတိမ္ ႏိုင္သလို သူမ်ားရဲ႕ ပိုင္ဆိုင္မႈေတြကို အၿမဲ လိုခ်င္ တပ္မက္စိတ္ ရွိၾကပါတယ္ ။ သူတို႔ဟာ ခ်စ္သူရွိၿပီးသား ေကာင္ေလးေတြ ၊ အိမ္ေထာင္ရွိၿပီးသား သူေတြကိုေတာင္မခ်န္ဘဲ မာယာမ်ိဳးစုံသုံးၿပီး ဆြဲေဆာင္တတ္ ၾကပါတယ္ ။ သူတို႔ေၾကာင့္ သူတစ္ပါး အိမ္ေထာင္ၿပိဳကြဲမွာ ၊ သူမ်ား ဘဝပ်က္မွာကို ဘယ္ေတာ့မွ စိုးရိမ္တတ္တဲ့ သူေတြ မဟုတ္ပါဘူး ။




( ၂ ) ဗေလာင္းဗလဲေျပာတယ္ ။


ဒီလို မိန္းကေလးေတြဟာ စကားကို ဘယ္ေတာ့မွ တစ္သမတ္တည္း မေျပာတတ္ၾကပါဘူး ။ သူေျပာတဲ့ စကားေတြဟာ အရင္က ေျပာခဲ့တဲ့ စကားေတြနဲ႔ မကိုက္တာတို႔ ၊ သူေျပာခဲ့တဲ့ စကားေတြကို အမ်ိဳးမ်ိဳး ျပန္ျပင္ေျပာတာတို႔ လုပ္တတ္ပါတယ္ ။ ျပႆနာတစ္ခုခု ျဖစ္ခဲ့ရင္လည္း ဘယ္ေတာ့မွ သူ႔အမွားကို ဝန္မခံဘဲ စကားကို အမ်ိဳးမ်ိဳးဗေလာင္းဗလဲ ေျပာတတ္တဲ့ သူေတြ ျဖစ္ပါတယ္ ။ ဒါေၾကာင့္ ဒီလိုလူမ်ိဳးေတြနဲ႔ မပတ္သက္မျဖစ္ ပတ္သက္ ရေတာ့မယ္ဆိုရင္လည္း အသံသြင္းထားတာ ဒါမွမဟုတ္ သက္ေသ တစ္ေယာက္ေယာက္ရွိတာ အေကာင္းဆုံးပါပဲ ။


( ၃ ) ကုတ္ကျမင္း။


ဒီလိုမိန္းကေလးေတြဟာ အျပင္ပန္းမွာေတာ့ အရမ္းကို ႏူးညံ့ၿပီး ယဥ္ေက်းတဲ့အသြင္ကိုေဆာင္ၾကပါတယ္။ စကားေျပာတာေလးေတြက ခ်ိဳသာၿပီး အေနအထိုင္အမူအရာေလးေတြက အရမ္းကို ခ်စ္စရာေကာင္းေအာင္၊ အိေျႏၵရွိရွိ ေနတတ္ၾကပါတယ္။ ဒါေပမယ့္ လူေတြမသိခင္မွာ ေယာက်္ားေလးေပါင္းစုံနဲ႔ မ်က္လုံးခ်င္းစကားေျပာတာ၊ အြန္လိုင္းမွာ အၾကဴဇယားေတြခင္းထားတာ၊ ေယာက်္ားတိုင္းကို ေမွ်ာ္လင့္ခ်က္ေတြေပးၿပီး ခိုင္းစားတတ္ၾကပါတယ္။ ဒါေပမယ့္ အဲဒါကို ဘယ္သူမွေတာင္သိလိုက္မွာ မဟုတ္ပါဘူး ။


( ၄ ) ဟန္ေဆာင္ေကာင္းတယ္ ။


မိန္းမလည္သိန္းႂကြယ္ေတြဟာ အရမ္းကိုဟန္ေဆာင္ေကာင္းၾကပါတယ္။ သူမ်ားခ်စ္ခင္ေအာင္လည္းေနတတ္တယ္၊ သူမ်ားသနားေအာင္လည္း ေျပာတတ္ဆိုတတ္တယ္၊ စိတ္ေကာင္းအရမ္းရွိခ်င္ေယာင္လည္း ေဆာင္တတ္ၾကပါတယ္။ တစ္ခါတေလ သူတို႔အမွားေၾကာင့္ျဖစ္ရတဲ့ ျပႆနာကိုေတာင္ သူမ်ားေၾကာင့္ပဲ သူတု႔ိက ျပန္ခံရသလိုလို သူခိုးလူျပန္ဟစ္တဲ့ အကြက္ေတြလည္း သုံးတတ္ၾကပါတယ္။ တစ္ခါတေလ ကိုယ္ကမွန္ေနတာေတာင္ အကုန္လုံးဝိုင္းသနားၾကတာကသူျဖစ္ေနတတ္ပါတယ္ ။


( ၅ ) သစၥာေဖာက္တတ္တယ္ ။


မိန္းမလည္ သိန္းႂကြယ္ေတြက လုံးဝသစၥာမရွိတတ္ပါဘူး။ သူတို႔အတြက္ အက်ိဳးရွိမယ့္သူဆိုရင္ အေကာင္းဆုံးခ်စ္ျပ၊ ခင္ျပ၊ ၾကင္နာျပ၊ အနစ္နာခံျပၿပီး မလိုအပ္ေတာ့တာနဲ႔ ခ်က္ခ်င္း လုံးဝကိုစြန႔္ပယ္သြားတတ္ၾကတဲ့သူမ်ိဳးေတြပါ။ ျပႆနာျဖစ္ရင္ ၊ အက်ဥ္းအက်ပ္ထဲ ေရာက္ရင္ ကိုယ္လြတ္ ႐ုန္းတတ္ၾကပါတယ္ ။ ေနာက္ၿပီး ျပႆနာေတြအားလုံး ကိုယ့္ကိုယ္ပဲပုံခ်ၿပီး သူကေတာ့ ဘာအျပစ္မွမရွိတဲ့ သူေတာ္ေကာင္းေယာင္ေဆာင္တတ္ပါေသးတယ္ ။ ဒါေၾကာင့္ ဒီလိုလူမ်ိဳးကို အထူးသတိထား ေရွာင္ရွားဖို႔လိုအပ္ပါတယ္ ။




Crd Original Writer


Unicode


ဉာဏ်များပြီး ကောက်ကျစ်တဲ့ မိန်းမလည် သိန်းကြွယ်တွေရဲ့ အမူအကျင့် ( ၅ ) မျိုး


လောကမှာ မိန်းမလည် သိန်းကြွယ်လို့ ဆိုရမယ့် ဉာဏ်များပြီး ကောက်ကျစ်တဲ့ မိန်းမမျိုးဟာ တကယ်ကို ကြောက်စရာ ကောင်းပြီး ရှောင်ရှားရမယ့် လူတွေဖြစ်ပါတယ် ။ မိန်းမဖျက် ပြည်ပျက်ဆိုတဲ့ စကားပုံဟာ အလကား ဖြစ်လာတာ မဟုတ်ပါဘူး ။ ဒီလိုမိန်းကလေးမျိုး တွေဟာ ကောက်ကျစ်တဲ့ အပြင် ဘာကို မဆို လုပ်ရဖို့ ဝန်မလေးတတ်တာကြောင့် သတိနဲ့ ရှောင်ရှားတတ်ဖို့ လိုပါတယ် ။


( ၁ ) စနိုက်ကြော်တယ် ။


မိန်းမလည် သိန်းကြွယ်တွေဟာ ကိုယ့်မှာ ရှိတာနဲ့ ဘယ်တော့မှ မတင်းတိမ် နိုင်သလို သူများရဲ့ ပိုင်ဆိုင်မှုတွေကို အမြဲ လိုချင် တပ်မက်စိတ် ရှိကြပါတယ် ။ သူတို့ဟာ ချစ်သူရှိပြီးသား ကောင်လေးတွေ ၊ အိမ်ထောင်ရှိပြီးသား သူတွေကိုတောင်မချန်ဘဲ မာယာမျိုးစုံသုံးပြီး ဆွဲဆောင်တတ် ကြပါတယ် ။ သူတို့ကြောင့် သူတစ်ပါး အိမ်ထောင်ပြိုကွဲမှာ ၊ သူများ ဘဝပျက်မှာကို ဘယ်တော့မှ စိုးရိမ်တတ်တဲ့ သူတွေ မဟုတ်ပါဘူး ။


( ၂ ) ဗလောင်းဗလဲပြောတယ် ။


ဒီလို မိန်းကလေးတွေဟာ စကားကို ဘယ်တော့မှ တစ်သမတ်တည်း မပြောတတ်ကြပါဘူး ။ သူပြောတဲ့ စကားတွေဟာ အရင်က ပြောခဲ့တဲ့ စကားတွေနဲ့ မကိုက်တာတို့ ၊ သူပြောခဲ့တဲ့ စကားတွေကို အမျိုးမျိုး ပြန်ပြင်ပြောတာတို့ လုပ်တတ်ပါတယ် ။ ပြဿနာတစ်ခုခု ဖြစ်ခဲ့ရင်လည်း ဘယ်တော့မှ သူ့အမှားကို ဝန်မခံဘဲ စကားကို အမျိုးမျိုးဗလောင်းဗလဲ ပြောတတ်တဲ့ သူတွေ ဖြစ်ပါတယ် ။ ဒါကြောင့် ဒီလိုလူမျိုးတွေနဲ့ မပတ်သက်မဖြစ် ပတ်သက် ရတော့မယ်ဆိုရင်လည်း အသံသွင်းထားတာ ဒါမှမဟုတ် သက်သေ တစ်ယောက်ယောက်ရှိတာ အကောင်းဆုံးပါပဲ ။


( ၃ ) ကုတ်ကမြင်း။


ဒီလိုမိန်းကလေးတွေဟာ အပြင်ပန်းမှာတော့ အရမ်းကို နူးညံ့ပြီး ယဉ်ကျေးတဲ့အသွင်ကိုဆောင်ကြပါတယ်။ စကားပြောတာလေးတွေက ချိုသာပြီး အနေအထိုင်အမူအရာလေးတွေက အရမ်းကို ချစ်စရာကောင်းအောင်၊ အိန္ဒြေရှိရှိ နေတတ်ကြပါတယ်။ ဒါပေမယ့် လူတွေမသိခင်မှာ ယောကျ်ားလေးပေါင်းစုံနဲ့ မျက်လုံးချင်းစကားပြောတာ၊ အွန်လိုင်းမှာ အကြူဇယားတွေခင်းထားတာ၊ ယောကျ်ားတိုင်းကို မျှော်လင့်ချက်တွေပေးပြီး ခိုင်းစားတတ်ကြပါတယ်။ ဒါပေမယ့် အဲဒါကို ဘယ်သူမှတောင်သိလိုက်မှာ မဟုတ်ပါဘူး ။


( ၄ ) ဟန်ဆောင်ကောင်းတယ် ။


မိန်းမလည်သိန်းကြွယ်တွေဟာ အရမ်းကိုဟန်ဆောင်ကောင်းကြပါတယ်။ သူများချစ်ခင်အောင်လည်းနေတတ်တယ်၊ သူများသနားအောင်လည်း ပြောတတ်ဆိုတတ်တယ်၊ စိတ်ကောင်းအရမ်းရှိချင်ယောင်လည်း ဆောင်တတ်ကြပါတယ်။ တစ်ခါတလေ သူတို့အမှားကြောင့်ဖြစ်ရတဲ့ ပြဿနာကိုတောင် သူများကြောင့်ပဲ သူတု့ိက ပြန်ခံရသလိုလို သူခိုးလူပြန်ဟစ်တဲ့ အကွက်တွေလည်း သုံးတတ်ကြပါတယ်။ တစ်ခါတလေ ကိုယ်ကမှန်နေတာတောင် အကုန်လုံးဝိုင်းသနားကြတာကသူဖြစ်နေတတ်ပါတယ် ။


( ၅ ) သစ္စာဖောက်တတ်တယ် ။


မိန်းမလည် သိန်းကြွယ်တွေက လုံးဝသစ္စာမရှိတတ်ပါဘူး။ သူတို့အတွက် အကျိုးရှိမယ့်သူဆိုရင် အကောင်းဆုံးချစ်ပြ၊ ခင်ပြ၊ ကြင်နာပြ၊ အနစ်နာခံပြပြီး မလိုအပ်တော့တာနဲ့ ချက်ချင်း လုံးဝကိုစွန့်ပယ်သွားတတ်ကြတဲ့သူမျိုးတွေပါ။ ပြဿနာဖြစ်ရင် ၊ အကျဉ်းအကျပ်ထဲ ရောက်ရင် ကိုယ်လွတ် ရုန်းတတ်ကြပါတယ် ။ နောက်ပြီး ပြဿနာတွေအားလုံး ကိုယ့်ကိုယ်ပဲပုံချပြီး သူကတော့ ဘာအပြစ်မှမရှိတဲ့ သူတော်ကောင်းယောင်ဆောင်တတ်ပါသေးတယ် ။ ဒါကြောင့် ဒီလိုလူမျိုးကို အထူးသတိထား ရှောင်ရှားဖို့လိုအပ်ပါတယ် ။


Crd Original Writer