သက္ငယ္မုဒိမ္းသမား(၁၁)ဦးကို ေထာင္ဒဏ္မ်ားအျပင္ ေဆးထုိးသင္းကြပ္ဖုိ႔ ျပစ္ဒဏ္ခ်မွတ္

2019-09-12 14:54:03


သက္ငယ္မုဒိမ္းသမား(၁၁)ဦးကို ေထာင္ဒဏ္မ်ားအျပင္ ေဆးထုိးသင္းကြပ္ဖုိ႔ ျပစ္ဒဏ္ခ်မွတ္

ကာဇက္စတန္ႏုိင္ငံမွာ မၾကာေသးခင္က ျပ႒ာန္းလုိက္တဲ့ ဥပေဒအရ သက္ငယ္မုဒိမ္းသမား(၁၁)ဦးကို သီးျခားေထာင္ဒဏ္ေတြအျပင္၊ ေဆးထုိးၿပီး သင္းကြပ္ဖုိ႔ အမိန္႔ခ်မွတ္လုိက္ေၾကာင္း သိရပါတယ္။ အခုစီရင္ခ်က္ကုိ Shymkent ၿမိဳ႕က အျမင့္ဆုံးတရား႐ုံးက ခ်မွတ္ခဲ့တာလုိ႔ Mirror က ေဖာ္ျပထားပါတယ္။


အက်ဥ္းေထာင္အာဏာပုိင္ေတြရဲ႕ အဆုိအရ ေဆးထုိးသင္းကြပ္ျခင္းကို  Pavlodar နဲ႔ Akmola နယ္ေတြမွာ စတင္က်င့္သုံးေနၿပီလုိ႔ သိရပါတယ္။ အသက္(၄၁)ႏွစ္အရြယ္ Yerkinbek Alimbekov ကေတာ့ ေဆးထုိးသင္းကြပ္ခံရမယ့္ ပထမဆုံး တရားခံအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။




Yerkinbek ဟာ မၾကာေသးခင္က အသက္(၁၂)ႏွစ္နဲ႔ (၉)ႏွစ္အရြယ္ ကေလးမေလးႏွစ္ေယာက္ကို အဓမၼမႈက်ဴးလြန္ဖုိ႔ ႀကိဳးစားခဲ့သူျဖစ္ၿပီး၊ သီးျခားေထာင္ဒဏ္ကေတာ့ (၁၅)ႏွစ္ ခ်မွတ္ခံရတာပါ။ Yerkinbek ဟာ အဓမၼျပဳက်င့္ရန္ ႀကိဳးစားအားထုတ္မႈနဲ႔သာ စြဲခ်က္တင္ခံရေပမယ့္-




ကာဇက္စတန္မွာ ကေလးလိင္ပုိင္းဆုိင္ရာ ေႏွာက္ယွက္ေစာ္ကားသူ မည္သူမဆုိ ဒီလုိ ႀကီးေလးတဲ့ ျပစ္ဒဏ္က်ခံရမယ္ဆုိတာ အမ်ားျပည္သူကို ျမင္သာေစခဲ့ပါတယ္။ တရားခံ Yerkinbek အေနနဲ႔ ဘယ္ေလာက္အထိ ေဆးထုိးသင္းကြပ္ ခံရမွာလည္းဆုိရင္ ရာသက္ပန္လုိ႔ သိရပါတယ္။




ဆုိရရင္ ေဆးထုိးလုိက္၊ ေဆးဘက္က စစ္ေဆးလုိက္နဲ႔ သူ႕မွာ ေယာက္်ားပီပီသသ လူစဥ္မီေနသေရြ႕ကာလပတ္လုံး ဒီထုိးေဆးနဲ႔ တစ္သက္လုံးဒုကၡေပးသြားမွာလုိ႔ သိရပါတယ္။ ဒါဟာ လူ႕အခြင့္ေရး ေအာ္ဟစ္ေနသူေတြအတြက္ အေတာ္ေလး စုိးရိမ္စရာေကာင္းေသာ္လည္း-




ေရွ႕ေနေရွ႕ရပ္ေတြကေတာ့ သေဘာက်ေနတယ္လုိ႔ သိရပါတယ္။ လက္ရွိအခ်ိန္မွာ ေဆးထုိးသင္းကြပ္ဖုိ႔ တရားခံ (၁၁)ဦးအထိ ရွိေနၿပီျဖစ္ၿပီး၊ ဓာတုေဆးထုိးသင္းကြပ္ဖုိ႔အတြက္ ဘ႑ာေငြလည္း အလုံအေလာက္ရွိေနပါၿပီတဲ့။ ယခုႏွစ္မွာ တရားခံ (၈၈)ဦးအထိ ေဆးထုိးသင္းကြပ္ဖုိ႔ ေမွ်ာ္မွန္းထားသလုိ၊ (၂၀၂၀)အတြက္ တရားခံ (၇၇)ေယာက္အထိ လွ်ာထားတယ္လုိ႔ သိရပါတယ္။


လင္းသူရိန္ D Nae Khit Media


ယူနီကုဒ်ဖြင့်ဖတ်ရန်-


ကာဇက်စတန်နိုင်ငံမှာ မကြာသေးခင်က ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေအရ သက်ငယ်မုဒိမ်းသမား(၁၁)ဦးကို သီးခြားထောင်ဒဏ်တွေအပြင်၊ ဆေးထိုးပြီး သင်းကွပ်ဖို့ အမိန့်ချမှတ်လိုက်ကြောင်း သိရပါတယ်။ အခုစီရင်ချက်ကို Shymkent မြို့က အမြင့်ဆုံးတရားရုံးက ချမှတ်ခဲ့တာလို့ Mirror က ဖော်ပြထားပါတယ်။


အကျဉ်းထောင်အာဏာပိုင်တွေရဲ့ အဆိုအရ ဆေးထိုးသင်းကွပ်ခြင်းကို  Pavlodar နဲ့ Akmola နယ်တွေမှာ စတင်ကျင့်သုံးနေပြီလို့ သိရပါတယ်။ အသက်(၄၁)နှစ်အရွယ် Yerkinbek Alimbekov ကတော့ ဆေးထိုးသင်းကွပ်ခံရမယ့် ပထမဆုံး တရားခံအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။


Yerkinbek ဟာ မကြာသေးခင်က အသက်(၁၂)နှစ်နဲ့ (၉)နှစ်အရွယ် ကလေးမလေးနှစ်ယောက်ကို အဓမ္မမှုကျူးလွန်ဖို့ ကြိုးစားခဲ့သူဖြစ်ပြီး၊ သီးခြားထောင်ဒဏ်ကတော့ (၁၅)နှစ် ချမှတ်ခံရတာပါ။ Yerkinbek ဟာ အဓမ္မပြုကျင့်ရန် ကြိုးစားအားထုတ်မှုနဲ့သာ စွဲချက်တင်ခံရပေမယ့်-


ကာဇက်စတန်မှာ ကလေးလိင်ပိုင်းဆိုင်ရာ နှောက်ယှက်စော်ကားသူ မည်သူမဆို ဒီလို ကြီးလေးတဲ့ ပြစ်ဒဏ်ကျခံရမယ်ဆိုတာ အများပြည်သူကို မြင်သာစေခဲ့ပါတယ်။ တရားခံ Yerkinbek အနေနဲ့ ဘယ်လောက်အထိ ဆေးထိုးသင်းကွပ် ခံရမှာလည်းဆိုရင် ရာသက်ပန်လို့ သိရပါတယ်။


ဆိုရရင် ဆေးထိုးလိုက်၊ ဆေးဘက်က စစ်ဆေးလိုက်နဲ့ သူ့မှာ ယောက်ျားပီပီသသ လူစဉ်မီနေသရွေ့ကာလပတ်လုံး ဒီထိုးဆေးနဲ့ တစ်သက်လုံးဒုက္ခပေးသွားမှာလို့ သိရပါတယ်။ ဒါဟာ လူ့အခွင့်ရေး အော်ဟစ်နေသူတွေအတွက် အတော်လေး စိုးရိမ်စရာကောင်းသော်လည်း-


ရှေ့နေရှေ့ရပ်တွေကတော့ သဘောကျနေတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ ဆေးထိုးသင်းကွပ်ဖို့ တရားခံ (၁၁)ဦးအထိ ရှိနေပြီဖြစ်ပြီး၊ ဓာတုဆေးထိုးသင်းကွပ်ဖို့အတွက် ဘဏ္ဍာငွေလည်း အလုံအလောက်ရှိနေပါပြီတဲ့။ ယခုနှစ်မှာ တရားခံ (၈၈)ဦးအထိ ဆေးထိုးသင်းကွပ်ဖို့ မျှော်မှန်းထားသလို၊ (၂၀၂၀)အတွက် တရားခံ (၇၇)ယောက်အထိ လျှာထားတယ်လို့ သိရပါတယ်။


လင်းသူရိန် D Nae Khit Media