လက်ထပ်ပြီးချိန်မှာ ဘယ်သူကယောက်ျားမှန်းမသိအောင် ညီအစ်ကိုတွေရဲ့ ယုတ်မာမှုကိုခံနေရတဲ့ အိန္ဒိယအမျိုးသမီး

2019-09-12 08:38:56


လက်ထပ်ပြီးချိန်မှာ ဘယ်သူကယောက်ျားမှန်းမသိအောင် ညီအစ်ကိုတွေရဲ့ ယုတ်မာမှုကိုခံနေရတဲ့ အိန္ဒိယအမျိုးသမီး

ကမ္ဘာကျော် သတင်းဌာန ၀က်ဘက်ဆိုက်ဖြစ်တဲ့ Telehraph နဲ့ သီးသန့် အင်တာဗျူးတွေ့ဆုံထားတဲ့ အင်တာဗျူး တစ်ခုက အိန္ဒိယ အမျိုးသမီးတွေရဲ့ ဘ၀ကို မီးမောင်းထိုးပြနေပါတယ်။ အိန္ဒိယ Baghpat ဒေသမှာ ရှိနေတဲ့ ဒေသခံတွေဟာ ရိုးရာလို့ အကြောင်းပြပြီး အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေကို အတင်းယောက်ျားပေးစားပါတယ်။


ဒီလိုဖြစ်နေရတဲ့အကြောင်းက အဲဒီဒေသ လူဦးရေအချိုးက အမျိုးသမီး (၇)ယောက်မှာ ယောက်ျား(၁)ယောက်ဖြစ်နေတာပါ။ ဒါ့အပြင် ယဉ်ကျေးမှုတွေကလည်း ရှုပ်နေတဲ့အတွက် ယောက်ျားတစ်ယောက်ရသွားဖို့ဟာ အဓိကလိုဖြစ်နေပါတယ်။ အရွယ်မတိုင်ခင်မှာပဲ ပေးစားခံရပြီး၊ Majida ဆိုတဲ့ အမျိုးသမီး (လက်ရှိ အသက် ၁၇ နှစ်) ဟာလည်း ထရပ်ကားမောင်းသူတစ်ယောက်ဆီ အတင်းပေးစားခံရပါတယ်။



Majida ဟု ဖော်ပြထားသော အမျိုးသမီး

လက်ထပ်ပြီးချိန်မှာမှ သိလိုက်ရတာက သူ့ရဲ့ညီအစ်ကိုတွေ အကုန်လုံးက Majida ကို လိင်ကိစ္စအတွက် ၀ိုင်းအသုံးချမယ်ဆိုတာကိုပါ။ အခုအချိန်မှာ ကလေး(၂)ယောက်ရိနေပြီလို့ ဆိုပါတယ်။ ငြင်းဖို့ကြိုးစားတာနဲ့ အရိုက်ခံရသလို မုဒိန်းမှုဆန်ဆန်ဖြစ်သွားပါတယ်။ ဒီအကြောင်းကို အကျယ်တ၀င့်ဖွင့်ဟထားပြီး သတင်းဌာနက ဖော်ပြပေးထားပေမဲ့ အစိုးရကလည်း ဘာမှမတတ်နိုင်သလို အမျိုးသမီးကလည်း အဲဒီဘ၀ကနေ ဘယ်လိုမှရုန်းမထွက်နိုင်ဘဲ လိင်ကျွန်လို ဖြစ်နေပါတယ်။


ဒါပေမဲ့ အလားတူဖြစ်ရပ်မျိုးကိုမှ Munni ဆိုတဲ့ အမျိုးသမီးရဲ့အဖြစ်က APANNPYAY ပရိသတ်တွေအတွက် အနည်ငယ်စိတ်ချမ်းသာစရာ ဖြစ်ခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ Reuters သတင်းဌာနကပဲ အဲဒီဒေသမှာ မေးထားတာပါ။ အကုန်လုံးက ၀ိုင်းပြီးအနိုင်ကျင့်လို့ ကလေးတစ်ယောက်ရခဲ့ပေမဲ့ အမြဲထွက်ပြေးဖို့ ကြိုးစားနေတဲ့အတွက် တစ်ရက်မှာ အစီအစဉ်သေချာချကာ ဆရာဝန်ဆီဆေးခန်းသွားမယ်လို့ ပြောပြီး၊ ထွက်ပြေးနိုင်ခဲ့ပါတယ်။



Munni ဟု ဖော်ပြထားသော အမျိုးသမီး

အများစုက အလုပ်အကိုင်၊ ပညာမတတ်မှု၊ ဗဟုသုတ အားနည်းချက်တွေအပြင် အကြောက်တရားက စိုးမိုးထားတဲ့အတွက် အခုလိုမျိုးကိစ္စတွေ ဖြစ်နေတာတောင် ငြိမ်ခံနေပြီး၊ ဘ၀ကို မသာယာဘဲဖြတ်သန်းနေရပါတယ်။ အဆိုပါဒေသ Baghpat ဟာ နိုင်ငံတကာရဲ့ ၀ိုင်းရှုံ့ချမှုနဲ့ အခုလို ကိစ္စကို ရပ်တန့်ဖို့ နှစ်တိုင်းဖိအားပေးခံနေရတဲ့ နေရာပါ။ APANNPYAY စာဖတ်ပရိသတ်တွေရဲ့ မြန်မာနိုင်ငံမှာတော့ ဘယ်လိုမှ မကြားဖူးတဲ့ ကိစ္စမျိုးပါပဲ။




Munni လို ဒေသကထွက်ပြေးပြီး၊ တခြားနေရာမှာ ဘ၀အသစ်စဖို့ဆိုတာ မလွယ်ကူပေမဲ့ အမျိုးသမီးတွေ နမူနာယူပညာယူနိုင်ပြီး၊ အစိုးရကဖြေရှင်းဖို့ကို ကမ္ဘာကျော်သတင်းဌာနတွေက ပညာပေးအနေနဲ့ အင်တာဗျူးတွေ တကူးတကလိုက်မေးနေတာပါ။ အင်တာဗျူးနိုင်ခဲ့တဲ့ အမျိုးသမီးတွေမှာတောင် Majida လို အမျိုးသမီးဟာ လိင်ကျွန်လို၊ ဘ၀ဆိုးတွေကနေ ရုန်းမထွက်နိုင်ဘဲ ယောက်ျားနဲ့ ညီအစ်ကိုတွေရဲ့ မိန်းမဖြစ်နေဆဲလို့ သိရပါတယ်။


သူရေး (APANNPYAY)