
2019-09-12 08:30:41









သတို့သမီးလေးကို မိဘတွေဆီမှာ လက်ထပ်ဖို့ခွင့်တောင်းချိန်၊ သတောမတူဖို့ ပြင်ဆင်ခဲ့ချိန်မှာ တစ်စီးကို မြန်မာငွေအနည်းဆုံးသိန်း (၈၀၀)ကျော်တန်ဖိုးရှိတဲ့ rolls royce ကားတွေ (၁၀)ထက် မနည်းတဲ့ ဓာတ်ပုံကို ထုတ်ပြခဲ့ပါတယ်။ ဒီပုံစံအတိုင်းကို မင်္ဂလာဆောင်မှာ ညီနေအောင်စီပြထားခဲ့ပြီး၊ သတို့သမီးလေးကို သဘောရှိ အကုန်သုံးခိုင်းမှာပါ။




မိဘတွေကလည်း မယုံကြည်ရတဲ့ အချစ်ဆိုတာထက် သေချာမြင်နေရတဲ့ ကားနဲ့ ချမ်းသားမှုကို သားသမီးကို ရွေးခိုင်းမယ်ဆိုတာကလည်း ငြင်းမရတဲ့ အမှန်တရားပါပဲ။ တရုတ်နိုင်ငံရဲ့ ဖေ့ဘုတ် Weibo မှာ အပေါက်ဆုံး ဖြစ်နေတဲ့ နောက်ဆုံး သတင်းပါ။ လက်ထပ်ပြီးပြီဖြစ်တဲ့အတွက် လင်ပိုင်ဆိုင်မှုကို မယားက တစ်ဝက်ပိုင်သွားပြီလို့လည်း ဆိုနိုင်ပါတယ်။




မိဘတွေက အသက်ငယ်မငယ်ကိုတော့ ဖော်ပြထားတဲ့ ပုံကို ကြည့်ပြီး၊ APANNPYAY ပရိသတ်တွေ ကိုယ်တိုင်ဆုံးဖြတ်ဖို့ကို အကြံပေးချင်ပါတယ်။ ပျော်ရွှင်နေတဲ့ သတို့သမီးလေးဟာ သူမ ငယ်ငယ်က အားကျရတဲ့ အကိုကြီးနဲ့ လက်ထပ်ရတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ပိုက်ဆံအရလက်ထပ်တဲ့တော်တော်များများက မပျော်ရွှင်တတ်လို့ပါ။ နှစ် (၁၀၀)တိုင် ရွှေလက်တွဲနိုင်ပါစေ။


သူရေး (APANNPYAY)


UNICODE


မိဘတွေထက် အသက်ကြီးပြီး၊ အသက်(၃၄)နှစ်ကွာတဲ့ မင်္ဂလာပွဲရဲ့ နောက်ကွယ်က အမှန်တရား

တရုတ်နိုင်ငံမှာ ကျင်းပနေတဲ့ မင်္ဂလာဆောင်ပွဲ တစ်ခုကို ရုတ်တရက် ကြည့်လိုက်ရင် အဖေနဲ့ သမီး မင်္ဂလာဆောင်အတူတူ တက်လာလို့ APANNPYAY ပရိသတ်တွေ ထင်ကြပါလိမ့်မယ်။ ဒါပေမဲ့ တကယ်တမ်းက မင်္ဂလာသတို့သားနဲ့ သတို့သမီးဖြစ်နေပြီး အမျိုးသားက အသက်(၆၂)၊ အမျိုးသမီးက အသက် (၂၈)လို့ သိရပါတယ်။




(၁၉၉၁)မှာ မွေးတဲ့ အမျိုးသမီးနဲ့ (၁၉၅၇)မှာမွေးတဲ့ အမျိုးသားရဲ့ အသက်အရွယ်ကို APANNPYAY ရဲ့ တွက်ချက်မှုအရ (၃၄)နှစ်ကွာတာကို တွေ့ရပါတယ်။ နှစ်ဦးသားက ရွှေလက်တွဲကျချိန်မှာ မင်္ဂလာပွဲကို တက်လာတဲ့ သတို့သမီးရဲ့ မိဘတွေက သတို့သားထက် အသက်ငယ်နေခဲ့ပါတယ်။ ဒီအကြောင်းအရာကို ဝိုင်းဝေဖန်ခဲ့ချိန်မှာ ကားတွေပြထားတဲ့ ဓာတ်ပုံတစ်ပုံပါ ပါလာခဲ့ပါတယ်။