အသက်ရှုပိုက်နဲ့ ဆေးရုံတက်နေရတာတောင် ဆေးဖိုးမရှိလို့ အချိန်ပိုင်းတက္ကစီထွက်မောင်းတဲ့ ဦးလေး

2019-09-12 08:24:50


အသက်ရှုပိုက်နဲ့ ဆေးရုံတက်နေရတာတောင် ဆေးဖိုးမရှိလို့ အချိန်ပိုင်းတက္ကစီထွက်မောင်းတဲ့ ဦးလေး

ဖေ့ဘုတ်လို လူမှုကွန်ရက်တွေ ပေါ်လာပြီးနောက်ပိုင်းမှာ တစ်ခုခုဆို အွန်လိုင်းပေါ်တင်ပြီး အတွေ့အကြုံကောင်းတွေကို မျှဝေပေးတဲ့ အလေ့အထက ခေတ်စားလာပါတယ်။ အခုလည်း လူမှုကွန်ရက် ဖေ့ဘုတ်သုံးစွဲသူတစ်ဦးက APANNPYAY ပရိသတ်တွေကို ကရုဏာသက်စေမယ့် အကြောင်းလေးတစ်ခုကို မျှဝေလိုက်ပြန်ပါပြီ။


မူရင်းဓာတ်ပုံနဲ့ အကြောင်းအရောကို တင်ခဲ့တဲ့ ထိုင်းနိုင်ငံသား Niramon ဆိုတဲ့ အကောင့်က တင်ထားတာကို APANNPYAY ရဲ့နာလည်မှုမှာ အမည်မဖော်ပြထားတဲ့ တက္ကစီဒရိုင်ဘာဦးလေးကြီးဟာ ရောဂါတော်တော်များများကို ဆေးကုနေရပါတယ်။ အသက်ရှုပိုက်ကိုအမြဲတပ်ထားရတဲ့အပြင် တစ်နေ့တစ်ခါဆေးရုံကို ပုံမှန်ကျန်မားရေးလာစစ်ရတယ်လို့ ဆိုပါတယ်။




သူ့ရဲ့ ဆေးဖိုးကုန်ကျစရိတ်က များလွန်းတဲ့အတွက် ဘယ်လိုမှမတတ်နိုင်တဲ့အဆုံးမှာ ပိုက်တန်းလန်းနဲ့ပဲ ဆေးရုံစရိတ်ကို ကိုယ်တိုင်ရှာရတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ သူ့ရဲ့လိပ်စာ၊ နာမည် ဆက်သွယ်လို့ရမယ့် အကြောင်းအရာတစ်ခုမှကို မပြောခဲ့ပါဘူး။ ဒီလိုနဲ့ အနောက်ကနေ ရိုက်ထားတဲ့ ပုံလေးနဲု့ Niramon ကသူကြုံရတဲ့ အကြောင်းလေးကို မျှဝေရင်း ဘတ် ၁၀၀ ကားခပေးခဲ့တယ်လို့ ဆိုပါတယ်။




အကောင့်ပိုင်ရှင်က ထိုင်းနိုင်ငံက ဖြစ်တဲ့အတွက် ဒီဦးလေးဟာ ထိုင်းနိုင်ငံကလို့ ကောက်ချက်ချရပါတယ်။ ပို့စ်တင်ပြီး မကြာခင်မှာပဲ ၀ိုင်းဝန်းရှဲကြတဲ့အတွက် တဖြည်းဖြည်းနဲ့ လူသိများလာပြီး၊ တကယ် အဲဒီလိုမောင်းနေတာမှန်ကန်ကြောင်းကို ကွန်းမန့်တွေမှာ မန့်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ကလည်း တွေ့ဖူးရုံပဲဖြစ်လို့ ဘယ်သူမှ ဘယ်ေဆးရုံမှာတက်နေလဲကို မသိကြဘူးလို့ ဆိုပါတယ်။