ဧရာဝတီတိုင္းလႊတ္ေတာ္ ဒုဥကၠ႒ေဟာင္း အာမခံေလွ်ာက္ထားမႈအတြက္ ခြဲစိတ္ဆရာဝန္ကိုစစ္ေဆး

2019-09-12 08:17:24


ဧရာဝတီတိုင္းလႊတ္ေတာ္ ဒုဥကၠ႒ေဟာင္း အာမခံေလွ်ာက္ထားမႈအတြက္ ခြဲစိတ္ဆရာဝန္ကိုစစ္ေဆး

ေငြေၾကးအလႊဲသုံးမႈ ပုဒ္မ ၄၀၉ျဖင့္ တရားစြဲဆိုခံေနရေသာ ဧရာဝတီတိုင္းလႊတ္ေတာ္ ဒုဥကၠ႒ေဟာင္း ဦးစံမင္းေအာင္၏အမႈအတြက္ က်န္းမာေရး အေၾကာင္းျပအခ်ဳပ္လြတ္ အမႈရင္ဆိုင္ခြင့္ အာမခံေလွ်ာက္ထားမႈအတြက္ ပုသိမ္ေဆး႐ုံမွ ခြဲစိပ္ဆရာဝန္ ေဒါက္တာဇာရွိန္းကို စစ္ေဆးခဲ့သည္။


ထိုသို႔စစ္ေဆးမႈအၿပီး အာမခံ ေပးသင့္ မေပးသင့္ ၾကားျဖတ္အမိန႔္ကို လာမည့္ စက္တင္ဘာလ ၁၃ ရက္ေန႔တြင္ ဆုံးျဖတ္မည္ျဖစ္ေၾကာင္း ပုသိမ္ၿမိဳ႕နယ္ တရားသူႀကီး ေဒၚခင္ျမတ္ျမတ္ထြန္းက ေျပာၾကားသည္။


ဦးစံမင္းေအာင္သည္ ေထာင္တြင္း၌ဖ်ားေနသည္မွာ ၅ ရက္ခန႔္ရွိေနကာ စက္တင္ ၁၀ ရက္ေန႔တြင္ ကိုယ္အပူခ်ိန္မွာ ၁၀၆ ဒီဂရီဖာရင္ဟိုက္ရွိခဲ့ၿပီး တီဘီေရာဂါ၊ ႏွလုံးေသြြးေၾကာက်ဥ္းေရာဂါ၊ ေက်ာက္ကပ္ေရာဂါ၊ လိပ္ေခါင္းေရာဂါႏွင့္ ဆီးအိမ္ႁပြန္လမ္းေၾကာင္းတြင္ ေက်ာက္တည္သည့္ေရာဂါမ်ားျဖစ္ေနေၾကာင္း ေဒါက္တာဇာရွိန္းက ႐ုံးေတာ္တြင္ထြက္ဆိုခဲ့သည္။


Credit: The Voice




Unicode


ငွေကြေးအလွှဲသုံးမှု ပုဒ်မ ၄၀၉ဖြင့် တရားစွဲဆိုခံနေရသော ဧရာဝတီတိုင်းလွှတ်တော် ဒုဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်၏အမှုအတွက် ကျန်းမာရေး အကြောင်းပြအချုပ်လွတ် အမှုရင်ဆိုင်ခွင့် အာမခံလျှောက်ထားမှုအတွက် ပုသိမ်ဆေးရုံမှ ခွဲစိပ်ဆရာဝန် ဒေါက်တာဇာရှိန်းကို စစ်ဆေးခဲ့သည်။


ထိုသို့စစ်ဆေးမှုအပြီး အာမခံ ပေးသင့် မပေးသင့် ကြားဖြတ်အမိန့်ကို လာမည့် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း ပုသိမ်မြို့နယ် တရားသူကြီး ဒေါ်ခင်မြတ်မြတ်ထွန်းက ပြောကြားသည်။


ဦးစံမင်းအောင်သည် ထောင်တွင်း၌ဖျားနေသည်မှာ ၅ ရက်ခန့်ရှိနေကာ စက်တင် ၁၀ ရက်နေ့တွင် ကိုယ်အပူချိန်မှာ ၁၀၆ ဒီဂရီဖာရင်ဟိုက်ရှိခဲ့ပြီး တီဘီရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ လိပ်ခေါင်းရောဂါနှင့် ဆီးအိမ်ပြွန်လမ်းကြောင်းတွင် ကျောက်တည်သည့်ရောဂါများဖြစ်နေကြောင်း ဒေါက်တာဇာရှိန်းက ရုံးတော်တွင်ထွက်ဆိုခဲ့သည်။


Credit: The Voice