ရင်​​လေးစ ရာ YBS ဒရိုင် ​ဘာ (ခရီးသ ည်​ အားလုံး ရဲ့ အသက် ​က သူ့အ​ပေါ် မူတည်​ပါတယ်​)

2019-09-12 08:11:22


ရင်​​လေးစ ရာ YBS ဒရိုင် ​ဘာ (ခရီးသ ည်​ အားလုံး ရဲ့ အသက် ​က သူ့အ​ပေါ် မူတည်​ပါတယ်​)

ကျွန်တော် တို့ မြန်မာနိုင်ငံသားတွေ အများအပြားဟာ စည်းမျဉ်းစည်းကမ်းတွေကို သဘောမကျကြပါဘူး။ လူအတော်များများက စည်းကမ်း ထုတ်လိုက်ပြီ ဆိုရင်ကို တမျိုး ဖြစ်သွားပြီး အဲဒီ စည်းကမ်းကို လိုက်နာဖို့ မစဉ်းစားဘဲ ဘယ်လို ချိုးဖောက်ရမလဲဆိုတာ အရင် စဉ်းစားမိကြပါတယ်။ အဲဒါကြောင့် ပုံမှန် စည်းကမ်းကို လိုက်နာဖို့ ဆိုတာ အတော် ခက်ခဲတဲ့ အခြေအနေလို့ ပြောနိုင်ပါတယ်။


 

အခု လည်း YBS ယာဉ်မောင်း တယောက်ဟာ မိသားစုကို ကားခေါင်းခန်းမှာ တင်ပြီး သားတွေ မယားတွေနဲ့ နွေးနွေးထွေးထွေး ကားမောင်းနေတဲ့ ပုံ လိုင်းပေါ် ပျံ့လာပါတယ်။ အဲဒီ YBS ကားဟာ ဂတ်စ်ဖြည့်ချိန်၊ အိမ်ပြန်ချိန်မှာ အခုလို မိသားစုတွေ တင်ပြီး စီးတာ ကိစ္စ မရှိပါဘူး။ လိုင်းထဲ ကားဆွဲနေချိန်မှာ ယခုလို ကိစ္စမျိုးကို ပြုလုပ်တာကတော့ လုပ်ငန်းရဲ့ စည်းကမ်းကို ချိုးဖောက်တာပါပဲ။ ပြီးတော့ ကားပေါ်မှာ ပါလာတဲ့ ခရီးသည်တွေရဲ့ အသက်ဟာ ယာဉ်မောင်းရဲ့ လက်ပေါ်မှာ မူတည်ပါတယ်။ ဘာမှ မဖြစ်သေးလို့သာ ဒီစည်းကမ်းကို ချိုးဖောက်နေကြတာပါ။




ယာဉ်မောင်းတယောက်ဟာ ကားမောင်းနေစဉ်မှာ အာရုံငါးပါးလုံးကို သတိလက်မလွတ်စေဘဲ ထားရမှာ ဖြစ်ပါတယ်။ အခုလို အာရုံများစရာတွေမျိုးနဲ့ဆို အန္တရာယ် ရှိနိုင်ပါတယ်။ အဲဒါကြောင့် YBS ယာဉ်မောင်းတွေ ယခုလို ကိစ္စမျိုး ထပ်မလုပ်ကြဖို့ တောင်းဆိုပါရစေ၊ တာဝန်ရှိ လူကြီးများကလည်း စိစစ်ကြပ်မတ်ပေးကြပါဦးလို့ တိုက်တွန်းလိုက်ပါတယ်။ မူရင်းပို့စ်ကို အောက်မှာ ဖော်ပြထားပါတယ် ခင်ဗျာ။




“ကားမောင်းရတာ ပျော်စရာကြီးဟ၊ ဒီနေ့ ခု.၁၀ နာရီခွဲအချိန်က ဆယ်မိုင်ကုန်းဘက်ကနေ ရှစ်မိုင်ဘက်ကိုသွားတဲ့ YBS ,77.လိုင်းကားဟာ ကားခေါင်းခန်းမှာလည်း မယားနဲ့ ခလေးတွေ အပြည့်..ပိုဆိုးတာက ခလေးငယ်ကို လည်ဂုတ်ပေါ် ခွတင်ပြီး ပုံပါအတိုင်း ကားမောင်းနေတော့ ခရီးသွားတွေအပေါ် စော်ကားရာ ရောက်မနေဘူးလား.. ခရီးသည်တွေရဲ့ အသက် အန္တာရယ်ကိုတော့ ထည့်တွက်သင့်တယ်။


ဒီလောက်ထိ မိသားစုနဲ့ ​နွေးနွေးထွေးထွေးနေချင်ရင်တော့ အိမ်မှာပဲ နေလိုက်ပါ။ ဒီလိုရေးပြီး တင်လိုက်တာက သူတစ်ပါးကို နစ်နာစေလို၍ မဟုတ်ပါ။ YBS မှ တာဝန်ရှိတွေက အချိန်မှီ တားဆီး ထိန်းချုပ် စေချင်တာကြောင့်ပါ။”


ဓမ္မဥပဿကာ၊ ZN.H