ဝင္းနဲ႔ေဇာ္ လြတ္ေျမာက္ေရးအတြက္ အာစီယံအရပ္ဖက္အဖြဲအစည္းမ်ား ေထာက္ခံ

2019-09-11 21:37:16


ဝင္းနဲ႔ေဇာ္ လြတ္ေျမာက္ေရးအတြက္ အာစီယံအရပ္ဖက္အဖြဲအစည္းမ်ား ေထာက္ခံ

ဝင္းနဲ႔ေဇာ္ လြတ္ေျမာက္ေရးအတြက္ အာစီယံအရပ္ဖက္အဖြဲအစည္းမ်ား ေထာက္ခံ


ထိုင္းႏိုင္ငံ ဘန္ေကာက္မွာ ျပဳလုပ္ေနတဲ့ အာဆီယံ အရပ္ဖက္အဖြဲ႕အစည္းမ်ား ညီလာခံ၊ အာဆီယံ လူထုဖိုရမ္ (ACSC/AFP)2019 မွာ လိပ္ကြၽန္းအမႈက ေသဒဏ္ခ်မွတ္ခံထားရတဲ့ ဝင္းနဲ႔ေဇာ္ လြတ္ေျမာက္ေရးအတြက္ ကမ္ပိန္းတစ္ခုကို ဒီကေန႔ စက္တင္ဘာ ၁၁ ရက္ေန႔မွာ ျပဳလုပ္ခဲ့ပါတယ္။


အဆိုပါ ကန္ပိန္းကို ျမန္မာႏိုင္ငံ ကိုယ္စားျပဳ Equality Myanmar က ဦးေအာင္မ်ိဳးမင္းတို႔က ဦးေဆာင္ျပဳလုပ္ခဲ့တာျဖစ္ၿပီး ဒီအစည္းအေဝးကို အာဆီယံ ၁၁ ႏိုင္ငံ ကိုယ္စားျပဳ အရပ္ဖက္အဖြဲ႕အစည္းက လူ ၇၀၀ ေက်ာ္တက္ေရာက္ေနတယ္လို႔လည္း သိရပါတယ္။


”ဒီေန႔ အစီအစဥ္ကေန ၁၅မိနစ္ အခ်ိန္ေတာင္းၿပီး ဝင္းနဲ႔ေဇာ္ လြတ္ေျမာက္ေရးအတြက္ေတာင္းဆိုတာကို လုပ္ခဲ့တာ၊ ထိုင္းဘုရင့္ထံကို ေပးပို႔သြားမယ့္ ေမတၱာရပ္ခံစာနဲ႔အတူ ေပးပို႔သြားမယ့္ သူတို႔လြတ္ေျမာက္ေရး အတြက္


ပါဝင္ေတာင္းခံတဲ့ လက္မွတ္ေတြကိုလည္း ေကာက္ ေနတာ၊ အခု ေန႔လယ္ ၁၂ နာရီေက်ာ္ထိကို ေထာက္ခံတဲ့လက္မွတ္ ၄၀၀ ေက်ာ္ရထားၿပီးၿပီ၊ လက္မွတ္ေတြကိုေတာ့ ပြဲၿပီးမယ့္ မနက္ျဖန္ ညေန အထိ ေကာက္သြားမယ္”လို႔ ဦးေအာင္မ်ိဳးမင္းက ဘီဘီစီကိုေျပာပါတယ္။


ACSC/AFP အာဆီယံအရပ္ဘက္အဖြဲ႕အစည္းမ်ား ညီလာခံကို စက္တင္ဘာ ၁၀ ရက္ကေနစၿပီး ထိုင္းႏိုင္ငံ ရွိ Thammasat University မွာ က်င္းပေနတာျဖစ္ၿပီး ေ႐ႊ႕ေျပာင္းအလုပ္သမားအေရး အပါအဝင္ တရားမွ် တေရး၊ ၿငိမ္းခ်မ္းေရး တန္းတူညီမွ်ေရးႏွင့္ ဒီမိုကေရစီအေရးကိစၥမ်ား က႑အလိုက္ ေဆြးေႏြး ေနၾက တာျဖစ္ ပါတယ္။


‘ ‘ ဒီေဆြးေႏြးပြဲမွာက ေ႐ႊ႕ေျပာင္းအလုပ္သမားအေရးကလည္း အေရးႀကီးေခါင္းစဥ္တစ္ခုအေနနဲ႔ပါတယ္။ ဒီေန႔ ဝင္းနဲ႔ေဇာ္ ကိစၥကို အဓိက ၂ ခ်က္နဲ႔ ေဆြးေႏြးခဲ့တယ္၊ ေသဒဏ္ က်ခံရတာ အသနားခံစာတင္တာ ပယ္ခ်ခံထားရတဲ့အေျခအေနရယ္၊


DNA စစ္တဲ့အခါမွာ အားနည္းခ်က္ေတြရွိေနတဲ့အတြက္ တရားမွ်တမႈ မရွိတဲ့အေပၚအေျခခံၿပီး ေသဒဏ္ခ်မွတ္ခံရတာကို ေျပာခဲ့တယ္။ အဂၤလိပ္လိုေရာ ထိုင္းလိုေရာဘာသာ ျပန္ေျပာခဲ့တယ္၊ ေတာ္ေတာ္ေလးစိတ္ဝင္စားၾကတယ္၊ ေထာက္ခံတဲ့ လက္မွတ္ေတြထဲမွာ ထိုင္းကလူ ေတြ လည္း ပါတယ္”လို႔ ဦးေအာင္မ်ိဳးမင္းက ဆက္လက္ေျပာျပပါတယ္။


လိပ္ကြၽန္းလူသတ္မႈမွာ ေသဒဏ္ခ်မွတ္ခံထားရတဲ့ ျမန္မာႏိုင္ငံသား ကိုဝင္းေဇာ္ထြန္းနဲ႔ ကိုေဇာ္လင္း တို႔ရဲ႕ ေနာက္ဆုံးအယူခံကို ၾသဂုတ္၂၉ ရက္က ဘန္ေကာက္ၿမိဳ႕ရွိ ႏြန္ထဘူရီ ခ႐ိုင္တရား႐ုံးကေန ပယ္ခ်ခံခဲ့ရပါ တယ္။


ဝင္းနဲ႔ေဇာ္ လြတ္ေျမာက္ေရးအတြက္ ေနာက္ဆုံးအဆင့္အေနနဲ႔ ထိုင္းဘုရင့္ထံ အသနားခံစာ တင္ဖို႔သာ ရွိေတာ့တဲ့အတြက္ အရပ္ဘက္ အဖြဲ႕အစည္းေတြအေနနဲ႔ ထိုင္းဘုရင္ထံ ေမတၱာရပ္ခံစာေပးပို႔ဖို႔ လုပ္ေဆာင္ေနၾကတာျဖစ္ပါတယ္။


‘ ‘ ဒီလိုမ်ိဳးေတာင္းဆိုတဲ့အခါ က်န္တဲ့အာဆီယံႏိုင္ငံေတြက တက္တက္ႂကြႂကြပါဝင္ၿပီးလက္မွတ္ထိုး ၾကတာ ေတြ႕ရတယ္၊ လိုလိုလားလားပဲ ျမန္မာျပည္ရဲ႕ ေတာင္းဆိုတဲ့ကိစၥကို စင္ေပၚမွာ သီးသန႔္အခ်ိန္ေပးၿပီးေတာ့ကို ေတာင္းဆိုခြင့္ကို ခြင့္ျပဳခဲ့ၾကတယ္။


အာဆီယံအရပ္ဘက္ အဖြဲ႕ရဲ႕ ဖိုရမ္ ကို ဦးေဆာင္တဲ့စီစဥ္သူေတြကလည္း ဒီကိစၥကို တစ္သားတည္းရပ္တည္တယ္ဆိုတာကိုလည္းေတြ႕ရတယ္”လို႔ ဝင္းနဲ႔ေဇာ္အေရး ေတာင္းဆိုရာမွာ အာဆီယံေဒသတြင္း ႏိုင္ငံေတြက ကိုယ္စားျပဳအရပ္ဖက္အဖြဲ႕အစည္းေတြရဲ႕ သေဘာထားကိုလည္း အဆိုပါ ဖိုရမ္ကို တက္ေရာက္ေနတဲ့ မသၪၨာ႐ႊန္းလဲ့ရည္က ဘီဘီစီကိုေျပာပါတယ္။


ဝင္းနဲ႔ေဇာ္တို႔ရဲ႕ အမႈနဲ႔ပတ္သက္ၿပီး ေနာက္ဆုံးအဆင့္ျဖစ္တဲ့ ထိုင္းဘုရင္ထံ အသနားခံစာ အျမန္ဆုံးတင္ႏိုင္ ဖို႔အတြက္ ျမန္မာအစိုးရဘက္ကလည္း လုပ္ေဆာင္ေနၿပီး ၿပီးခဲ့တဲ့ စက္တင္ဘာ ၅ ရက္ေန႔က ထိုင္းႏိုင္ငံ ဆိုင္ရာ ျမန္မာသံအမတ္နဲ႔အဖြဲ႕ဟာ စက္တင္ဘာ ၅ ရက္ေန႔က ဝင္းနဲ႔ေဇာ္ထံ သြားေရာက္ေတြ႕ဆုံခဲ့ပါတယ္။


Crd Original Writer


Unicode


ဝင်းနဲ့ဇော် လွတ်မြောက်ရေးအတွက် အာစီယံအရပ်ဖက်အဖွဲအစည်းများ ထောက်ခံ

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ပြုလုပ်နေတဲ့ အာဆီယံ အရပ်ဖက်အဖွဲ့အစည်းများ ညီလာခံ၊ အာဆီယံ လူထုဖိုရမ် (ACSC/AFP)2019 မှာ လိပ်ကျွန်းအမှုက သေဒဏ်ချမှတ်ခံထားရတဲ့ ဝင်းနဲ့ဇော် လွတ်မြောက်ရေးအတွက် ကမ်ပိန်းတစ်ခုကို ဒီကနေ့ စက်တင်ဘာ ၁၁ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။


အဆိုပါ ကန်ပိန်းကို မြန်မာနိုင်ငံ ကိုယ်စားပြု Equality Myanmar က ဦးအောင်မျိုးမင်းတို့က ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီအစည်းအဝေးကို အာဆီယံ ၁၁ နိုင်ငံ ကိုယ်စားပြု အရပ်ဖက်အဖွဲ့အစည်းက လူ ၇၀၀ ကျော်တက်ရောက်နေတယ်လို့လည်း သိရပါတယ်။


”ဒီနေ့ အစီအစဉ်ကနေ ၁၅မိနစ် အချိန်တောင်းပြီး ဝင်းနဲ့ဇော် လွတ်မြောက်ရေးအတွက်တောင်းဆိုတာကို လုပ်ခဲ့တာ၊ ထိုင်းဘုရင့်ထံကို ပေးပို့သွားမယ့် မေတ္တာရပ်ခံစာနဲ့အတူ ပေးပို့သွားမယ့် သူတို့လွတ်မြောက်ရေး အတွက်


ပါဝင်တောင်းခံတဲ့ လက်မှတ်တွေကိုလည်း ကောက် နေတာ၊ အခု နေ့လယ် ၁၂ နာရီကျော်ထိကို ထောက်ခံတဲ့လက်မှတ် ၄၀၀ ကျော်ရထားပြီးပြီ၊ လက်မှတ်တွေကိုတော့ ပွဲပြီးမယ့် မနက်ဖြန် ညနေ အထိ ကောက်သွားမယ်”လို့ ဦးအောင်မျိုးမင်းက ဘီဘီစီကိုပြောပါတယ်။


ACSC/AFP အာဆီယံအရပ်ဘက်အဖွဲ့အစည်းများ ညီလာခံကို စက်တင်ဘာ ၁၀ ရက်ကနေစပြီး ထိုင်းနိုင်ငံ ရှိ Thammasat University မှာ ကျင်းပနေတာဖြစ်ပြီး ရွှေ့ပြောင်းအလုပ်သမားအရေး အပါအဝင် တရားမျှ တရေး၊ ငြိမ်းချမ်းရေး တန်းတူညီမျှရေးနှင့် ဒီမိုကရေစီအရေးကိစ္စများ ကဏ္ဍအလိုက် ဆွေးနွေး နေကြ တာဖြစ် ပါတယ်။


‘ ‘ ဒီဆွေးနွေးပွဲမှာက ရွှေ့ပြောင်းအလုပ်သမားအရေးကလည်း အရေးကြီးခေါင်းစဉ်တစ်ခုအနေနဲ့ပါတယ်။ ဒီနေ့ ဝင်းနဲ့ဇော် ကိစ္စကို အဓိက ၂ ချက်နဲ့ ဆွေးနွေးခဲ့တယ်၊ သေဒဏ် ကျခံရတာ အသနားခံစာတင်တာ ပယ်ချခံထားရတဲ့အခြေအနေရယ်၊


DNA စစ်တဲ့အခါမှာ အားနည်းချက်တွေရှိနေတဲ့အတွက် တရားမျှတမှု မရှိတဲ့အပေါ်အခြေခံပြီး သေဒဏ်ချမှတ်ခံရတာကို ပြောခဲ့တယ်။ အင်္ဂလိပ်လိုရော ထိုင်းလိုရောဘာသာ ပြန်ပြောခဲ့တယ်၊ တော်တော်လေးစိတ်ဝင်စားကြတယ်၊ ထောက်ခံတဲ့ လက်မှတ်တွေထဲမှာ ထိုင်းကလူ တွေ လည်း ပါတယ်”လို့ ဦးအောင်မျိုးမင်းက ဆက်လက်ပြောပြပါတယ်။


လိပ်ကျွန်းလူသတ်မှုမှာ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့ရဲ့ နောက်ဆုံးအယူခံကို သြဂုတ်၂၉ ရက်က ဘန်ကောက်မြို့ရှိ နွန်ထဘူရီ ခရိုင်တရားရုံးကနေ ပယ်ချခံခဲ့ရပါ တယ်။


ဝင်းနဲ့ဇော် လွတ်မြောက်ရေးအတွက် နောက်ဆုံးအဆင့်အနေနဲ့ ထိုင်းဘုရင့်ထံ အသနားခံစာ တင်ဖို့သာ ရှိတော့တဲ့အတွက် အရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ ထိုင်းဘုရင်ထံ မေတ္တာရပ်ခံစာပေးပို့ဖို့ လုပ်ဆောင်နေကြတာဖြစ်ပါတယ်။


‘ ‘ ဒီလိုမျိုးတောင်းဆိုတဲ့အခါ ကျန်တဲ့အာဆီယံနိုင်ငံတွေက တက်တက်ကြွကြွပါဝင်ပြီးလက်မှတ်ထိုး ကြတာ တွေ့ရတယ်၊ လိုလိုလားလားပဲ မြန်မာပြည်ရဲ့ တောင်းဆိုတဲ့ကိစ္စကို စင်ပေါ်မှာ သီးသန့်အချိန်ပေးပြီးတော့ကို တောင်းဆိုခွင့်ကို ခွင့်ပြုခဲ့ကြတယ်။


အာဆီယံအရပ်ဘက် အဖွဲ့ရဲ့ ဖိုရမ် ကို ဦးဆောင်တဲ့စီစဉ်သူတွေကလည်း ဒီကိစ္စကို တစ်သားတည်းရပ်တည်တယ်ဆိုတာကိုလည်းတွေ့ရတယ်”လို့ ဝင်းနဲ့ဇော်အရေး တောင်းဆိုရာမှာ အာဆီယံဒေသတွင်း နိုင်ငံတွေက ကိုယ်စားပြုအရပ်ဖက်အဖွဲ့အစည်းတွေရဲ့ သဘောထားကိုလည်း အဆိုပါ ဖိုရမ်ကို တက်ရောက်နေတဲ့ မသဉ္ဇာရွှန်းလဲ့ရည်က ဘီဘီစီကိုပြောပါတယ်။


ဝင်းနဲ့ဇော်တို့ရဲ့ အမှုနဲ့ပတ်သက်ပြီး နောက်ဆုံးအဆင့်ဖြစ်တဲ့ ထိုင်းဘုရင်ထံ အသနားခံစာ အမြန်ဆုံးတင်နိုင် ဖို့အတွက် မြန်မာအစိုးရဘက်ကလည်း လုပ်ဆောင်နေပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့က ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်နဲ့အဖွဲ့ဟာ စက်တင်ဘာ ၅ ရက်နေ့က ဝင်းနဲ့ဇော်ထံ သွားရောက်တွေ့ဆုံခဲ့ပါတယ်။