ဗီရာကို အနိုင်ထိုးသတ်ပြနိုင်ခဲ့ပါက ၊ သူ့ရဲ့ စွမ်းဆောင်ရည်ကို အနောက်တိုင်း ကပါ သိလာကြလိမ့်မယ်လို့ ယုံကြည်နေတဲ့ အောင်လန် အန်ဆန်း

2019-09-11 21:34:18


ဗီရာကို အနိုင်ထိုးသတ်ပြနိုင်ခဲ့ပါက ၊ သူ့ရဲ့ စွမ်းဆောင်ရည်ကို အနောက်တိုင်း ကပါ သိလာကြလိမ့်မယ်လို့ ယုံကြည်နေတဲ့ အောင်လန် အန်ဆန်း

ဗီရာကို အနိုင်ထိုးသတ်ပြနိုင်ခဲ့ပါက ၊ သူ့ရဲ့ စွမ်းဆောင်ရည်ကို အနောက်တိုင်း ကပါ သိလာကြလိမ့်မယ်လို့ ယုံကြည်နေတဲ့ အောင်လန် အန်ဆန်း


အောင်လ အန်ဆန်း ဟာ လက်ရှိ One Championship ရဲ့ Light Heavyweight တန်း နဲ့ Middleweight တန်းတွေမှာ ရွှေခါးပတ်ဆုကို သိမ်းပိုက်ထားသူ ဖြစ်ပါတယ်။


နောက်ဆုံးထိုးသတ်ခဲ့တဲ့ 6 ပွဲ ဆက် အနိုင်ရရှိထား သလို ၊ Light Heavyweight ချန်ပီယံဆု ကိုလဲ 3 ကြိမ်တိုင်တိုင် ကာကွယ်ထားနိုင်ခဲ့ပါတယ်။ လာမယ့် အောက်တိုဘာလ အတွင်းမှာတော့ သူဟာ ဂျပန် နိုင်ငံ တိုကျိုမြို့မှာ ဟဲဗီးဝိတ်ဝိတ် ချန်ပီယံ ဘရန်ဒွန် ဗီရာ နဲ့ ထိုးသတ် သွားမှာ ဖြစ်ပြီး ၊ အဲဒီလို ထိုးသတ်ဖို့ အချိန်အတော်ကြာအောင် ဆွေးနွေးလိုက်ရသလို ၊ နောက်ဆုံးမှာ ပွဲ တကယ် ဖြစ်လာတဲ့ အတွက်လဲ ကျေနပ်မိတယ်လို့ သူက ပြောဆိုသွားခဲ့ပါတယ်။




“ ဒီပွဲ ဖြစ်လာဖို့ တော်တော်လေး ကို အချိန်ယူပြီး ဆွေးနွေးလိုက်ရပါတယ် ၊ နောက်ဆုံးမှာတော့ တကယ်ဖြစ်လာခဲ့ပြီလေ။


ဟာဆီဂါဝါ နဲ့ ပွဲအပြီး ကတည်းက ကျနော်က ၀ိတ်တက်လာအောင် လုပ်နေခဲ့တာ ကြာပါပြီ။ ဒါကြောင့် ဗီရာနဲ့ ထိုးသတ်ခါနီး ၀ိတ်ချိန်တဲ့ အခါကျရင် အတူတူလောက် သွားဖြစ်မယ် ထင်ပါတယ်။ အရွယ်အစား မတူတာတွေကတော့ ကျနော့် အတွက် သိပ်ပြီး ပြသနာ ရှိမှာ မဟုတ်ပါဘူး” လို့ မြစ်ကြီးနားသားကြီး ဆိုပါတယ်။


ဗီရာဟာ ဟဲဗီးဝိတ် ချန်ပီယံ ဖြစ်သလို ၊ UFC မှာလဲ ထိုးသတ်ခဲ့ဖူးသူ ဖြစ်တာကြောင့် အမေရိကား အပါအ၀င် ၊ ဥရောပ MMA ပရိသတ် တော်တော်များများက သိထားသူ တစ်ဦးပါ။ တစ်ချိန်က UFC ရဲ့ ဟဲဗီးဝိတ် ချန်ပီယံဆုပါ သိမ်းပိုက်လိမ့်မယ်လို့ ထင်ကြေး ပေးခံခဲ့ရဖူးသူလဲ ဖြစ်ပါတယ်။


ဒါကြောင့်မို့ ဒီပွဲဟာ စိန်ခေါ်မှုတွေ အများကြီး ဖြစ်နေသည့်တိုင်အောင် အောင်လ ကတော့ ဒီပွဲ အနိုင်ရလာဒ်ကြောင့် ၊ အမေရိကား နဲ့ ဥရောပ ပရိသတ်တွေက သူ့ရဲ့ စွမ်းဆောင်ရည်အပေါ် ပိုပြီး လူသိများလာနိုင်တယ်လို့ ယူဆနေပါတယ်။




“ ကျနော် က အာရှမှာတော့ အကြိမ်ပေါင်း များစွာထိုးသတ်ခဲ့ပြိးပါပြီ ။ ဒါပေမယ့် အနောက်တိုင်း မီဒီယာ တွေ ကတော့ ကျနော့် ရဲ့ စွမ်းဆောင်ရည်က ဘယ်လောက်အထိ ကောင်းလဲ ဆိုတာ သိပြီး မသိကြသေးပါဘူး။ ဒါကြောင့်မို့ ဗီရာလို ဖိုက်တာ တစ်ယောက်ကို အနိုင်ယူ ပြလိုက်မယ် ဆိုရင် ၊ ကျနော့် ရဲ့ အကြောင်းကို ပိုပြီး လူသိများလာမယ် ထင်ပါတယ်။


ကျနော် ကိုယ်တိုင်က သူ့ရဲ့ ပရိသတ် ဖြစ်ခဲ့ဖူးတာမို့ ၊ အခုလို ထိုးသတ်ခွင့်ရတာကိုပဲ ဂုဏ်ယူနေတာပါ” လို့ ရင်ဖွင့် သွားခဲ့ပါတယ်။


အောင်လ ကတော့ အခု ထိုးမယ့်ပွဲဟာ ပွဲချိန်အတွင်း အဖြေပေါ်လိမ့်မယ်လို့ ခန့်မှန်းလိုက်သလို ၊ သူ့ဘက်က အနိုင်ယူပြတာမျိုးပဲ ဖြစ်ချင်တဲ့အကြောင်း ၊ အဲဒီ ဒီဇင်ဘာ လ လောက်မှာ Lightweight ချန်ပီယံ ကာကွယ်ပွဲ တစ်ပွဲလောက် ထပ်ပြီး ထိုးသွားဖို့ မျှော်လင့်နေကြောင်း ထပ်မံ ပြောဆိုသွားခဲ့ ပါတယ်။


“ ဒီပွဲဟာ သာမာန် ထိုးသတ်ချိန်အတွင်း အဖြေပေါ်လိမ့်မယ် ဆိုတာ ကျနော် သေချာပေါက် ပြောရဲပါတယ်။ ကျနော်ပဲ ခံလိုက်ရမလား ၊ ကျနော်ပဲ ထိုးရမလား တော့ မပြောတတ်ပါဘူး။




ဒါပေမယ့် ကျနော် အနိုင်ယူခဲ့တဲ့ 25 ပွဲ မှတ်တမ်းကို ပြန်ကြည့်လိုက်ရင် 23 ပွဲက ပွဲမပြီးခင် အပြတ် ဖြတ်ခဲ့တာချည်းပါပဲ။ ဒါကြောင့် အခြား ပုံစံ တစ်ခုနဲ့ ပွဲက အဆုံးသတ်သွားမယ့် လမ်း မမြင်မိပါဘူး။ ကျနော့် ဘက်ကလဲ အမြန်ဆုံး ပွဲပြီးအောင် ကြိုးစား ထိုးသတ်သွားမှာပါ။


ဒါပြီးရင်တော့ ဒီဇင်ဘာလ လောက်မှာ လိုက်ဝိတ်တန်း အတွက် ထပ်ပြီးထိုးဖို့ ရည်ရွယ်ထားပါတယ်။ နိုင်သမျှတော့ ခါးဘတ် နှစ်ခု စလုံးကို ထိန်းထားဦးမှာပါ။


နောက်ဆုံး ရုပ်ပိုင်းဆိုင်ရာ အနေအထားက အဲဒီလို ဖြစ်ဖို့ အခွင့်အရေး မပေးတော့ဘူး ဆိုမှပဲ ၊ ၀ိတ်တန်း တစ်ခုထဲမှာ သတ်သတ်မှတ်မှတ် ထိုးသွားချင်ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။


အောင်လ ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကပဲ One Championship နဲ့ နောက်ထပ် 10 ပွဲ ထပ်ထိုးဖို့ စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ အကြောင်း ကြေငြာသွားခဲ့ပြန်ပါတယ်။ ဒါကြောင့် မြန်မာ ပြည်က ပရိသတ်တွေ အနေနဲ့တော့ အောင်လရဲ့ ပွဲတွေကို ဆက်ပြီး ကြည့်ရှုခွင့် ရရှိဖို့ သေချာ သွားခဲ့ပြန်ပါပြီ။


mmlatestnews