မ​တော်​မဆ​ ​ချော်​လဲသွားတာ​ကြောင့်​ သခွားသီး​ ​ချော်​ဝင်​သွားခဲ့တယ်​ဆိုပြီး ​ဆေးရုံ​ကို​ရောက်​လာတဲ့ အမျိုးသမီး

2019-09-11 21:24:58


မ​တော်​မဆ​ ​ချော်​လဲသွားတာ​ကြောင့်​ သခွားသီး​ ​ချော်​ဝင်​သွားခဲ့တယ်​ဆိုပြီး ​ဆေးရုံ​ကို​ရောက်​လာတဲ့ အမျိုးသမီး

တော်​​တော်​​လေးထူးခြားဆန်းပြားတဲ့ အံ့ဘွယ်​သတင်း​တွေကိုကြားဖူးကြမှာပါ။ ဥပမာ စာလုပ်​ရင်​အိပ်​ငိုက်​​နေတဲ့က​လေး​လေးက အိပ်​မငိုက်​​အောင်​လို့ ဆီးလမ်း​ကြောင်းထဲအပ်​ထိုးသွင်းတာတို့၊ နှာ​ခေါင်း​ပောက်​ထဲတူထိုးထည့်ရင်း နှာ​ခေါင်း​ပေါက်​ပျက်​စီးသွားတို့… စသဖြင့်​ အစုံစုံသတင်း​တွေကိုကြားဖူးကြမှာပါ။


အခုဖြစ်​ရပ်​က​တော့ The Thaiger သတင်းဝက်​ဘ်​ဆိုက်​က​နေ ​ဖော်​ပြသွားခဲ့တဲ့ ထိုင်းနိုင်​ငံ၊ ဘန်​​ကောက်​မြို့က အမျိုးသမီးတ​ယောက်​ရဲ့အံ့ဘွယ်​ဖြစ်​ရပ်​ပါ။ အသက်​ ၅၁ နှစ်​အရွယ်​အမျိုးသမီးဟာ ​မွေးလမ်း​ကြောင်းထဲမှာ နာကျင်​ခံစားရလွန်းလို့ ​ဆေးရုံကို​ရောက်​လာခဲ့ပြီး သူဟာ အိမ်မှာ မ​တော်​တဆ ​ချော်လဲရင်း ​မွေးလမ်း​ကြောင်းထဲကွက်​တိ သခွားသီးဝင်​သွားခဲ့​ကြောင်း ဆရာဝန်​​တွေကို​ပြောပြခဲ့တယ်​လို့ The Thaiger သတင်းက​ဖော်​ပြခဲ့တာကို​ APANNPYAY မှ ဘာသာပြန်ရေးသားဖော်ပြပေးလိုက်ပါတယ်။


သူ့ရဲ့အဆိုအရ အဲ့ဒီ သခွားသီးဟာ ​မွေးလမ်း​ကြောင်းတွင်းကို ​ချော်​ဝင်​သွားခဲ့တယ်​လို့ ​ပြောပြခဲ့​ကြောင်း၊ ဒါဟာမ​တော်​မဆသက်​သက်​သာဖြစ်​​ကြောင်း ​ပြောပြခဲ့တယ်​​ကြောင်း သိရပြီး ဒီဖြစ်​စဉ်​ဟာ ထိုင်းရုပ်​သံမှာ​ခေါင်းစီးသတင်းအ​နေနဲ့ ပါဝင်​လာခဲ့သလို ​ဆေးရုံဝန်​ထမ်း​တွေရဲ့ အမျိုးသမီးရဲ့​ပြောပြချက်​ကို မယုံကြည်​ကြဘူးလို့ သိရှိရကြောင်း ဆက်လက်ဖော်ပြထားခဲ့ပါတယ်။


ဘယ်​လိုပဲဖြစ်​ဖြစ်​ ​ဆေးရုံဟာ အမျိုးသမီးရဲ့​မွေးလမ်း​ကြောင်းထဲဝင်​သွားတဲ့ သခွားသီးကို ပြန်​လည်​ထုတ်​​ပေးနိုင်​ခဲ့ကြတယ်​လို့ ​ဖော်​ပြချက်​​တွေအရ သိခဲ့ရပါတယ်​။ ဒီဖြစ်​ရပ်​အပြီးမှာ​တော့ ဒီအမျိုးသမီးဘယ်​သူလဲဆိုတာ စိတ်​ဝင်​စားသူအများအပြားရှိခဲ့ပြီး သတင်း​ခေါင်းစီးအ​နေနဲ့မျိုးစုံ​ဖော်​ပြခဲ့ကြတာ​ကြောင့်​ သတင်းအမှန်​တခုအ​နေနဲ့ ယူဆနိုင်​​ကြောင်းလည်း သိရှိခဲ့ရပါတယ်​။


EFIL-ApannPyay(အပန်းပြေ)