ပယ္ပယ္နယ္နယ္ ေဆးလိပ္ေသာက္ေနလုိ႔ ေဝဖန္ခံေနရတဲ့ ‘ကေလး’ေဘာလုံးပရိသတ္

2019-09-11 21:22:08


ပယ္ပယ္နယ္နယ္ ေဆးလိပ္ေသာက္ေနလုိ႔ ေဝဖန္ခံေနရတဲ့ ‘ကေလး’ေဘာလုံးပရိသတ္

ရံပုံေငြေဘာလုံးပြဲတစ္ခုမွာ ကေလးတစ္ေယာက္ ေဆးလိပ္ေသာက္ေနတဲ့ ျပကြက္ကို ကင္မရာဆရာေတြက တည့္တည့္ႀကီး ခ်ိန္ျပရက္သား ျဖစ္သြားတာေၾကာင့္ ေဝဖန္သံေတြနဲ႔ ပြက္ေလာညံသြားခဲ့ပါတယ္။ တခ်ိဳ႕ကလည္း ကေလးတစ္ေယာက္ ေဆးလိပ္ေသာက္ေနတာဟာ လက္လြတ္စပယ္ႏုိင္လြန္းတယ္လုိ႔ ေဝဖန္ေနပါတယ္။


အဲဒီကေလးဟာ ပြဲမစခင္ အင္တာဗ်ဴအစီအစဥ္တစ္ခုအတြင္း ကင္မရာသမားရဲ႕ပစ္မွတ္ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ တကယ္တမ္းက ဒီလူဟာ အရြယ္မေရာက္ေသးတဲ့ ကေလးမဟုတ္ပါဘူးတဲ့။ သူဟာ အသက္(၃၆)ႏွစ္အရြယ္ျဖစ္ၿပီး၊ ကေလးမ်က္ႏွာနဲ႔မုိ႔ သူ႕ကုိ ကေလးလုိ႔ ထင္ေနၾကတာပါ။




ေဘာလုံးပြဲစဥ္ကေတာ့ Fenerbahçe ve Bursaspor တုိ႔ရဲ႕ ေဘာလုံးပြဲစဥ္ျဖစ္ၿပီး၊ ရံပုံေငြသေဘာမ်ိဳး ကန္တဲ့ပြဲလုိ႔ သိရပါတယ္။ ေဆးလိပ္ေသာက္သူရဲ႕ အနီးကပ္ဓာတ္ပုံေတြ ထြက္လာတဲ့အခါမွာေတာ့ သူဟာ တီဗြီထဲကထက္ အနည္းငယ္ ပုိၿပီး ရင့္ေရာ္ေနတာကို ေတြ႕ရပါတယ္။


ပြဲကေနရတဲ့ လက္မွတ္ခနဲ႔ စပြန္ဆာေၾကးေတြကုိ ကင္ဆာနဲ႔ Down ေဝဒနာရွင္ကေလးေတြအတြက္ လွဴဒါန္းသြားမွာလုိ႔ သိရတဲ့ အဲဒီရံပုံေငြပြဲမွာ ဒီအမ်ိဳးသားကေတာ့ Bursaspor ပရိသတ္တစ္ဦးလုိ႔ သိရပါတယ္။ တူရကီမွာ အမ်ားျပည္သူေနရာေတြမွာ ေဆးလိပ္ေသာက္ျခင္းဟာ တူရကီလီရာ(၁၃)အထိ ဒဏ္ေငြခ်မွတ္ခံရႏုိင္ပါတယ္။


လင္းေဇာ္ကို D Nae Khit Media


ယူနီကုဒ်ဖြင့်ဖတ်ရန်-


ရံပုံငွေဘောလုံးပွဲတစ်ခုမှာ ကလေးတစ်ယောက် ဆေးလိပ်သောက်နေတဲ့ ပြကွက်ကို ကင်မရာဆရာတွေက တည့်တည့်ကြီး ချိန်ပြရက်သား ဖြစ်သွားတာကြောင့် ဝေဖန်သံတွေနဲ့ ပွက်လောညံသွားခဲ့ပါတယ်။ တချို့ကလည်း ကလေးတစ်ယောက် ဆေးလိပ်သောက်နေတာဟာ လက်လွတ်စပယ်နိုင်လွန်းတယ်လို့ ဝေဖန်နေပါတယ်။




အဲဒီကလေးဟာ ပွဲမစခင် အင်တာဗျူအစီအစဉ်တစ်ခုအတွင်း ကင်မရာသမားရဲ့ပစ်မှတ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်းက ဒီလူဟာ အရွယ်မရောက်သေးတဲ့ ကလေးမဟုတ်ပါဘူးတဲ့။ သူဟာ အသက်(၃၆)နှစ်အရွယ်ဖြစ်ပြီး၊ ကလေးမျက်နှာနဲ့မို့ သူ့ကို ကလေးလို့ ထင်နေကြတာပါ။


ဘောလုံးပွဲစဉ်ကတော့ Fenerbahçe ve Bursaspor တို့ရဲ့ ဘောလုံးပွဲစဉ်ဖြစ်ပြီး၊ ရံပုံငွေသဘောမျိုး ကန်တဲ့ပွဲလို့ သိရပါတယ်။ ဆေးလိပ်သောက်သူရဲ့ အနီးကပ်ဓာတ်ပုံတွေ ထွက်လာတဲ့အခါမှာတော့ သူဟာ တီဗွီထဲကထက် အနည်းငယ် ပိုပြီး ရင့်ရော်နေတာကို တွေ့ရပါတယ်။


ပွဲကနေရတဲ့ လက်မှတ်ခနဲ့ စပွန်ဆာကြေးတွေကို ကင်ဆာနဲ့ Down ဝေဒနာရှင်ကလေးတွေအတွက် လှူဒါန်းသွားမှာလို့ သိရတဲ့ အဲဒီရံပုံငွေပွဲမှာ ဒီအမျိုးသားကတော့ Bursaspor ပရိသတ်တစ်ဦးလို့ သိရပါတယ်။ တူရကီမှာ အများပြည်သူနေရာတွေမှာ ဆေးလိပ်သောက်ခြင်းဟာ တူရကီလီရာ(၁၃)အထိ ဒဏ်ငွေချမှတ်ခံရနိုင်ပါတယ်။


လင်းဇော်ကို D Nae Khit Media