ခ်စ္မိတဲ့အေၾကာင္းေရးထားတဲ့စာေလး အတန္းေရွ႕ဖတ္ျပခံရခ်ိန္မွာ သက္ေသခဲ့တဲ့ (၁၁)ႏွစ္သမီး

2019-09-11 20:08:25


ခ်စ္မိတဲ့အေၾကာင္းေရးထားတဲ့စာေလး အတန္းေရွ႕ဖတ္ျပခံရခ်ိန္မွာ သက္ေသခဲ့တဲ့ (၁၁)ႏွစ္သမီး

ပံုျပင္ဆန္ဆန္ျဖစ္ခဲ့တဲ့ ဒီအေၾကာင္းအရာေလးက ၾကားရတဲ့ သူတိုင္းကို စိတ္မခ်မ္းေျမ႕ခဲ့ပါဘူး။ ေက်ာင္းတက္ေနတဲ့ ေက်ာင္သူေလးျဖစ္ေပမဲ့ သူခ်စ္ေနတဲ့ ေကာင္ေလးကို ရိုးရိုးသားသားခ်စ္တဲ့အေၾကာင္းေလးကို ဖြင့္ဟခြင့္ရွိတယ္လို႔ အကုန္လံုးကလည္း ေ၀ဖန္ေနၾကပါတယ္။


အသက္ (၁၁)ႏွစ္အရြယ္ ေက်ာင္သူေလးတစ္ေယာက္ရဲ႕ ကိုယ့္ကုိယ္ကို ေဆးေသာက္သက္ေသခဲ့တဲ့ အမႈတစ္ခု မေလးရွားႏိုင္ငံမွာ ျဖစ္ပြားခဲ့ပါတယ္။ ေနာက္ကြယ္က ျဖစ္ရပ္တခ်ိဳ႕ကို APANNPYAY ပရိသတ္ေတြ မသိေသးခင္မွာေတာ့ ဒီအရြယ္ဟာ ဘာမွစိတ္ညစ္စရာမရွိေသးတဲ့အရြယ္လို႕ ေျပာၾကာမွာပါ။ တကယ္ေတာ့ အရွက္ရခဲ့တဲ့ ကိစၥတစ္ခုက အသက္ကို ႏႈတ္ယူသြားခဲ့ပါတယ္။




အတန္းထဲမွာ သူမၾကိဳက္ေနတဲ့ ေကာင္ေလးတစ္ေယာက္ကို စာေပးဖို႔ ရည္စားစာလို႔ ယူဆရတဲ့ စာတိုေလးကို စာရြက္ေပၚမွာေရးခဲ့ပါတယ္။ ေက်ာင္းရဲ႕ထံုစံအတိုင္းစာမိသြားခ်ိန္မွာ ဆရာမကလည္း ေနာက္မလုပ္ေအာင္ဆိုျပီး၊ စာကိုအတန္းေရွ႕မွာ ဖတ္ျပလိုက္ခ်ိန္မွာ ေက်ာင္းသူေလးရဲ႕ စိတ္ထဲမွာ အရွက္ရေနပါျပီ။ ပိုဆိုးတာက အေလွာင္ခံရတာျဖစ္ျပီး၊ အဲဒီေလွာင္ေျပာင္တဲ့ သူေတြထဲမွာ သူၾကိဳက္ေနတဲ့ ေကာင္ေလးလည္း ပါခဲ့တယ္လို႔ ဆိုပါတယ္။




ဒီအေၾကာင္းကို ေက်ာင္းသူေလး ေဆးရံုမွာ ေသဆံုးခ်ိန္မွာ ရဲေတြက (၁၁)ႏွစ္ကေလးဟာ သက္ေသရေလာက္တဲ့ထိ ျဖစ္ႏိုင္စရာအေၾကာင္းရင္းမရွိဘူးလို႔ ေမးခြန္းထုတ္ခ်ိန္မွာ အသင့္ရွိေနတဲ့ ဆရာမက မေသဆံုးခင္ရက္က ေက်ာင္းမွာ အခုလိုကိစၥျဖစ္ေၾကာင္းကို အကုန္ျပန္ေျပာျပခဲ့ပါတယ္။ သူၾကိဳက္ေနတဲ့ေကာင္ေလးကအစ ရယ္ခဲ့တာကိုလည္း ဆရာမရဲ႕ ေျပာၾကားခ်က္မွာပါပါတယ္။


ဆရာမကေတာ့ အျပစ္ေပးလိုက္တဲ့ပံုစံျဖစ္တဲ့အတြက္ အရွက္ရသြားျပီး၊ အိမ္ျပန္ေရာက္ခ်ိန္မွာ ပိုးသတ္ေဆးေသာက္၊ ကိုယ့္ကိုယ္ကို သက္ေသခဲ့တာပါ။ ေရးထားတဲ့စာေလးရဲ႕ အဓိပၸာယ္ကို မေဖာ္ျပထားေပမဲ့ ဓာတ္ပံုေလးထဲကအတိုင္းဆိုရင္ ေကာင္မေလးရဲ႕ နာမည္နဲ႔ ေကာင္ေလးရဲ႕နာမည္ပါျပီး၊ ခ်စ္တယ္ဆိုတဲ့ အဓိပၸာယ္ေလးပါရွိတယ္လို႔ ဆိုပါတယ္။ ဒီအေၾကာင္းကို Syed Azmi ဆိုတဲ့ ေဖ့ဘုတ္အေကာင့္ပိုင္ရွင္က တင္ထားတာကို APANNPYAY ပရိသတ္ေတြအတြက္ တဆင့္ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။


ဒီအမႈဟာ မႈခင္းေရးရာနဲ႔ ဆိုင္လား၊ ဆရာမကို အေရးယူလို႔ ရလားကိုေတာ့ မေဖာ္ျပထားပါဘူး။ အျပစ္ေပးတဲ့ နည္းစနစ္မွားခဲ့တယ္လို႔ပဲ သတ္မွတ္လို႔ရတဲ့အတြက္ အမႈဖြင့္ႏုိင္တဲ့ ကိစၥမ်ိဳးမဟုတ္ဘူးလို႔လည္း သိရပါတယ္။


သူေရး (APANNPYAY)


UNICODE


ချစ်မိတဲ့အကြောင်းရေးထားတဲ့စာလေး အတန်းရှေ့ဖတ်ပြခံရချိန်မှာ သက်သေခဲ့တဲ့ (၁၁)နှစ်သမီးလေး


ပုံပြင်ဆန်ဆန်ဖြစ်ခဲ့တဲ့ ဒီအကြောင်းအရာလေးက ကြားရတဲ့ သူတိုင်းကို စိတ်မချမ်းမြေ့ခဲ့ပါဘူး။ ကျောင်းတက်နေတဲ့ ကျောင်သူလေးဖြစ်ပေမဲ့ သူချစ်နေတဲ့ ကောင်လေးကို ရိုးရိုးသားသားချစ်တဲ့အကြောင်းလေးကို ဖွင့်ဟခွင့်ရှိတယ်လို့ အကုန်လုံးကလည်း ဝေဖန်နေကြပါတယ်။


အသက် (၁၁)နှစ်အရွယ် ကျောင်သူလေးတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကို ဆေးသောက်သက်သေခဲ့တဲ့ အမှုတစ်ခု မလေးရှားနိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။ နောက်ကွယ်က ဖြစ်ရပ်တချို့ကို APANNPYAY ပရိသတ်တွေ မသိသေးခင်မှာတော့ ဒီအရွယ်ဟာ ဘာမှစိတ်ညစ်စရာမရှိသေးတဲ့အရွယ်လို့ ပြောကြာမှာပါ။ တကယ်တော့ အရှက်ရခဲ့တဲ့ ကိစ္စတစ်ခုက အသက်ကို နှုတ်ယူသွားခဲ့ပါတယ်။


အတန်းထဲမှာ သူမကြိုက်နေတဲ့ ကောင်လေးတစ်ယောက်ကို စာပေးဖို့ ရည်စားစာလို့ ယူဆရတဲ့ စာတိုလေးကို စာရွက်ပေါ်မှာရေးခဲ့ပါတယ်။ ကျောင်းရဲ့ထုံစံအတိုင်းစာမိသွားချိန်မှာ ဆရာမကလည်း နောက်မလုပ်အောင်ဆိုပြီး၊ စာကိုအတန်းရှေ့မှာ ဖတ်ပြလိုက်ချိန်မှာ ကျောင်းသူလေးရဲ့ စိတ်ထဲမှာ အရှက်ရနေပါပြီ။ ပိုဆိုးတာက အလှောင်ခံရတာဖြစ်ပြီး၊ အဲဒီလှောင်ပြောင်တဲ့ သူတွေထဲမှာ သူကြိုက်နေတဲ့ ကောင်လေးလည်း ပါခဲ့တယ်လို့ ဆိုပါတယ်။


ဒီအကြောင်းကို ကျောင်းသူလေး ဆေးရုံမှာ သေဆုံးချိန်မှာ ရဲတွေက (၁၁)နှစ်ကလေးဟာ သက်သေရလောက်တဲ့ထိ ဖြစ်နိုင်စရာအကြောင်းရင်းမရှိဘူးလို့ မေးခွန်းထုတ်ချိန်မှာ အသင့်ရှိနေတဲ့ ဆရာမက မသေဆုံးခင်ရက်က ကျောင်းမှာ အခုလိုကိစ္စဖြစ်ကြောင်းကို အကုန်ပြန်ပြောပြခဲ့ပါတယ်။ သူကြိုက်နေတဲ့ကောင်လေးကအစ ရယ်ခဲ့တာကိုလည်း ဆရာမရဲ့ ပြောကြားချက်မှာပါပါတယ်။


ဆရာမကတော့ အပြစ်ပေးလိုက်တဲ့ပုံစံဖြစ်တဲ့အတွက် အရှက်ရသွားပြီး၊ အိမ်ပြန်ရောက်ချိန်မှာ ပိုးသတ်ဆေးသောက်၊ ကိုယ့်ကိုယ်ကို သက်သေခဲ့တာပါ။ ရေးထားတဲ့စာလေးရဲ့ အဓိပ္ပာယ်ကို မဖော်ပြထားပေမဲ့ ဓာတ်ပုံလေးထဲကအတိုင်းဆိုရင် ကောင်မလေးရဲ့ နာမည်နဲ့ ကောင်လေးရဲ့နာမည်ပါပြီး၊ ချစ်တယ်ဆိုတဲ့ အဓိပ္ပာယ်လေးပါရှိတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကို Syed Azmi ဆိုတဲ့ ဖေ့ဘုတ်အကောင့်ပိုင်ရှင်က တင်ထားတာကို APANNPYAY ပရိသတ်တွေအတွက် တဆင့်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။


ဒီအမှုဟာ မှုခင်းရေးရာနဲ့ ဆိုင်လား၊ ဆရာမကို အရေးယူလို့ ရလားကိုတော့ မဖော်ပြထားပါဘူး။ အပြစ်ပေးတဲ့ နည်းစနစ်မှားခဲ့တယ်လို့ပဲ သတ်မှတ်လို့ရတဲ့အတွက် အမှုဖွင့်နိုင်တဲ့ ကိစ္စမျိုးမဟုတ်ဘူးလို့လည်း သိရပါတယ်။


သူရေး (APANNPYAY)