ဝပြီးပုပြီးရုပ်​ဆိုး​နေလို့ သတ်​​သေချင်​တယ်​လို့ဆိုတဲ့ ၁၀ နှစ်​သမီး​လေးရဲ့ စိတ်​ထိခိုက်​ဖွယ်​ရာ စာတ​စောင်

2019-09-11 20:06:02


ဝပြီးပုပြီးရုပ်​ဆိုး​နေလို့ သတ်​​သေချင်​တယ်​လို့ဆိုတဲ့ ၁၀ နှစ်​သမီး​လေးရဲ့ စိတ်​ထိခိုက်​ဖွယ်​ရာ စာတ​စောင်

စင်​ကာပူနို​င်​ငံက က​လေးမိခင်​တဦးဟာ ၁၀ နှစ်​အရွယ်​သမီးငယ်​​လေးရဲ့ အခန်းထဲက​နေ စာ​လေးတစ်​စောင်​ကို​တွေ့ခဲ့ရပြီး​နောက်​မှာ အ​တော်​​လေး ​သွေးပျက်​တုန်​လှုပ်​သွားခဲ့ရတဲ့အဖြစ်​ပါ။ ဒီသတင်းကို The Straits Times သတင်းဝက်​ဘ်​ဆိုက်​က ​ဖော်​ပြသွားခဲ့တာဖြစ်​ပါတယ်​။


သမီးငယ်​​လေးဟာ အ​မေဖြစ်​သူနဲ့ ရန်​ဖြစ်​စကားများလို့ စိတ်​ဆိုးစိတ်​​ကောက်​​နေတယ်​လို့ မိခင်​ဖြစ်​သူကထင်​မှတ်​​နေခဲ့တာပါ။ တကယ်​တမ်း​တော့ က​လေးငယ်​ဟာ ဝမ်းနည်းအားငယ်​သွားခဲ့ဖြစ်​ပြီး သူ့ရဲ့အခန်းထဲကိုပြန်​ဝင်​လို့ သူ့စိတ်​ထဲကခံစားချက်​​တွေအားလုံးကို ပုံ​အောသွန်​ထုတ်​ပြီးစာ​လေးတ​စောင်​​ရေးခဲ့ပါတယ်​။


The Straits Times ရဲ့သတင်းရဲ့ သမီးငယ်​​လေး​ရေးသားထားတဲ့စာကို​ဖော်​ပြသွားခဲ့ပါတယ်​။ စိတ်​ထိခိုက်​စရာ​ကောင်းတဲ့ စာ​လေးတ​ကြောင်းကိုအခုလို​တွေ့ရမှာဖြစ်​ပါတယ်​​။ ” ဓားတ​ချောင်းယူပြီး ကိုယ့်​ကိုယ်​ကိုယ်​ထိုးသတ်​ပစ်​လိုက်​ရရင်​ ဘယ်​​လောက်​​ကောင်းလိုက်​မလဲ” ဆိုတဲ့ စာသားပါ။




အဲ့ဒီစာထဲမှာ က​လေးငယ်​​လေးဟာအခုလို​ရေးသားထားခဲ့တာပါ။


” အရမ်းဝမ်းနည်းတယ်​။ တိုက်​​ပေါ်ကခုန်​ချပြီး​သေချင်​တယ်​။ ဒာ​ပေမဲ့ ငာဒီလိုလုပ်​ရင်​ အ​မေအများကြီးငို​နေရမှာငါသိတယ်​။ သူ ငါ့ကိုဘာလို့​ ရုပ်​ဆိုးပန်းဆိုးနဲ့ ​မွေးခဲ့တာလဲ မသိဘူး။ ငါကအရပ်​ပုတယ်​။ဝတယ်​။ရုပ်​ဆိုးတယ်​။ ငါအမြဲငို​နေရင်​လဲ ငါ့အ​မေကမကြိုက်​ဘူး။ ဓားတ​ချောင်းယူပြီး ကိုယ့်​ကိုယ်​ကိုယ်​ထိုးသတ်​ပစ်​လိုက်​ရရင်​ဘယ်​​လောက်​​ကောင်းလိုက်​မလဲ။ အိမ်​မှာလဲအနိုင်​လဲအကျင့်​မခံရ​တော့ဘူး။ အိမ်​စာလဲလုပ်​စရာမလို​တော့ဘူး။ တစ်​နေ့​​တော့ ငါ့ကိုယ်​ငါသတ်​​သေမယ်​။ ငါဘယ်​​တော့မှထပ်​ပြုံးနိုင်​​တော့မှာမဟုတ်​ဘူး။ ငါ ဒီထက်​ပိုပြီးအသက်​မရှင်​ချင်​​တော့ဘူး ”




ဒီစာကို ​တွေ့မြင်​သွားတဲ့ မိခင်​ဖြစ်​သူက သမီးငယ်​ရဲ့စိတ်​​ဒဏ်​ရာကိုကုစား​ပေးဖို့ ပညာရှင်​အဖွဲ့အစည်းရဲ့အကူအညီကို​တောင်းခံခဲ့ရပြီး သမီးငယ်​​လေးဟာ အရင်​က​ရွှင်​ရွှင်​မြူးမြူးနဲ့ ​​နေတတ်​တဲ့အပြင်​ ​ကျောင်းစာလဲ​တော်​တာ​ကြောင့်​ သူဟာအခုလိုစိတ်​ကျ​ဝေဒနာပုံစံတမျိုးခံစား​နေရတာကို ဘယ်​သူမှမသိခဲ့ကြဘူးလို့ သတင်း​ဖော်​ပြချက်​အရသိခဲ့ရပါတယ်​။


EFIL-ApannPyay(အပန်းပြေ)