အရယ်​လွန်​ရာက​နေ ​မေးလွဲပြီးပါးစပ်ပြန်​မ​စေ့နို​င်​​တော့တဲ့ အမျိုးသမီး

2019-09-11 20:04:31


အရယ်​လွန်​ရာက​နေ ​မေးလွဲပြီးပါးစပ်ပြန်​မ​စေ့နို​င်​​တော့တဲ့ အမျိုးသမီး

ဘယ်​​လောက်​ထိ​အောင်​ရယ်​​မောကြဖူးသလဲဗျ? ခွက်​ခွက်​လန်​​အောင်​ရယ်​​မောတတ်​ကြသူ​တွေ၊ ရယ်​​ကြောမပြတ်​အ​တောမသတ်​​အောင်​ အားရပါးရရယ်ကြ​သူ​တွေ အများကြီးကို မိတ်​​ဆွေ​တွေကြားမှာ ​သေချာ​ပေါက်​​တွေ့ဖူးကြမှာပါ။ ApannPyay ပရိသတ်ကြီးလည်း အရယ်​သန်​လွန်းလို့ ဘယ်​​တော့မှပါးစပ်​မ​စေ့ရတဲ့​ဘော်​ဒါ​တွေနဲ့လဲ အတူခရီးသွားဖူးကြမှာပဲမဟုတ်​လား


အခုအဖြစ်​အပျက်​က​တော့ တကယ့်​ကိုရယ်​အားထက်​ငိုအားသန်​အဖြစ်​ပါပဲ။ တရုတ်​ပြည်​က စုံတွဲတတွဲဟာ ရထားကိုစီးပြီး ၂၈ နာရီကြာ​ညောင်းတဲ့ ခရီးရှည်​တခုကို အတူတူထွက်​လာခဲ့ကြပါတယ်​။




ပျင်းလွန်းလှတဲ့ ဇနီး​မောင်​နှံဟာ ​အ​ပျော်​သ​ဘောအ​နေနဲ့ ဖဲကစားကြဖို့ ဆုံးဖြတ်​လိုက်​ကြပါတယ်​။ ဒီလိုနဲ့သူတို့ဖဲရိုက်​ဖြစ်​ကြရင်း ရယ်​အားထက်​ငိုအားသန်​​စေတဲ့ ပြသနာတခုတက်​ကြ​တော့တာပါ။ ဒီသတင်းကို Elitereaders သတင်းဝက်​ဘ်​ဆိုက်​က​နေ ​ဖော်​ပြသွားခဲ့တာဖြစ်​ပြီး ApannPyay မှ ဘာသာပြန်ရေးသား တင်ပြခြင်းဖြစ်ပါတယ်​။


Elitereaders ရဲ့ ​ဖော်​ပြချက်​အရ ဇနီးသည်​ဟာ ဖဲကစားရာက​နေ စိတ်​လှုပ်​ရှားလွန်းလို့ စိတ်မထိန်းနိုင်​​တော့ဘဲ ဝါးလုံးကွဲရယ်​ချလိုက်​တယ်​လို့သိရပြီး အဲ့ဒီအချိန်​မှာပဲ သူရဲ့ရယ်​အားပြင်းမှု​ကြောင့်​ ​မေးရိုးလွဲ​ချော်​သွားတဲ့အထိဖြစ်​ခဲ့ရပြီး အရပ်​ကူလူဝိုင်းခဲ့ကြရတယ်​လို့ သိရှိခဲ့ရတာပါ။




ခင်​ပွန်းဖြစ်​သူရဲ့အဆိုအရ ဇနီးသည်​ဟာ ဖဲကစား​နေတုန်း သူအသာစီးရ​နေလို့​ အ​ပျော်​လွန်​ပြီး ​​အော်​ဟစ်​ရယ်​​မောခဲ့​နေခဲ့တယ်​လို့ သိရပြီး အတန်​ငယ်​အတွင်းမှာပဲ သူ့ရဲ့​မေးရိုးထဲမှာအသံတချက်​ကြားလိုက်​ရတာပါတဲ့။ ဒီ​နောက်​မှာ​တော့ သူဟာ ​မေးရိုးလွဲသွားတာ​ကြောင့်​ အရမ်းကို နာကျင်​လွန်းစွာခံစားခဲ့ရပြီး ပါးစပ်​ကိုပြန်​​မ​စေ့နိုင်​​တော့​ကြောင်း သိရှိခဲ့ရတာပါ။




ရထားဝန်​ထမ်း​တွေရဲ့ကူညီ​ပေးမှု​ကြောင့်​ နီးစပ်​ရာမြို့ဆီ ရထားကိုအမြန်​ဆုံး​မောင်း​ပေးနိုင်​ခဲ့ပြီး ကြိုတင်​အ​ကြောင်းကြားထားလို့ အသင့်​​စောင့်​ဆိုင်း​နေတဲ့ ဆရာဝန်​​တွေက ​ဆေးရုံကို​ခေါ်​ဆောင်​​ပေးသွားနိုင်​ခဲ့ပါတယ်​။ အဲ့ဒီ အမျိုးသမီးဟာ ၂ နာရီကြာတဲ့အထိ ကုသမှုခံယူပြီးမှ ​မေးရိုးပြန်​လည်​တည့်​မတ်​ပြီးပါးစပ်​ပြန်​ပိတ်​နိုင်​ခဲ့​ကြောင်း သိခဲ့ရတာပါ။


EFIL-ApannPyay