ခြင်ထောင်ထဲဝင်ပြီး သားမယားအဖြစ် (၂) ကြိမ်ပြုကျင့်ခဲ့သောကြောင့် တိုင်တန်းမူဖြစ်

2019-09-11 19:58:29


ခြင်ထောင်ထဲဝင်ပြီး သားမယားအဖြစ် (၂) ကြိမ်ပြုကျင့်ခဲ့သောကြောင့် တိုင်တန်းမူဖြစ်

တောင်ငူခရိုင်၊ ဖြူးမြို့နယ် ၊ ကညွှတ်ကွင်းမြို့ သပြေလဟာကျေးရွာတွင် အလိုမတူပဲ သားမယားအဖြစ် ( ၂ ) ကြိမ် ပြုကျင့်ခဲ့သောကြောင့် တိုင်တန်းမှု တစ်ခု ဖြစ်ပွါးခဲ့ကြောင်း စက်တင်ဘာ ၁၁ နေ့က ရဲတပ်ဖွဲ့ထံမှ သိရသည်။


ဖြစ်စဉ်မှာ သြဂုတ်လ ၃၀ ရက်နေ့ ည ၁ နာရီအချိန်တွင် သပြေလဟာကျေးရွာနေ မ———- ( ၁၉) နှစ် ၊( ဘ ) ဦးမောင်စန်းဝင်း ၊သပြေလဟာကျေးရွာ ၊ကညွှတ်ကွင်းမြို့ သည် သမီးဖြစ်သူ မရွှေစင်အိ ( ၄ ) နှစ် ၊သားဖြစ်သူ မောင်ဘုန်းပြည့်ကျော်( ၂ ) နှစ် ၊ အတူ နေအိမ်၌ အိပ်ပျော်နေစဉ်




တစ်ရွာတည်းနေ ချဲထွေး( ၁၈ )နှစ် ၊( ဘ ) ဦအော်ကုလား၊ ရောက်လာပြီး ခြင်ထောင်အတွင်းသို့ ဝင်ရောက်ကာ ခန္ဓာကိုယ်ပေါ်သို့တက်သဖြင့် အော်မည်ပြုစဉ် ပါးစပ်အား ပိတ်၍ အော်ရင် သတ်ပြစ်မည်ဟုပြောဆိုပြီး ထမီအားလှန်ကာ သားမယားအဖြစ်( ၁ ) ကြိမ် ၊ နောက် ( ၃ ) ရက်အ ကြာတွင် သားမယားအဖြစ် ( ၁ )ကြိမ် ပြုကျင့်ခဲ့ကြောင်း တိုင်းကြားစာအရသိရသည်။


” စက်တင်ဘာ ၁၁ ရက်နေ့ မနက် ၁၀ နာရီ ၄၀ အချိန်မှာ ချဲထွေးကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ တစ်ရွာထဲနေ ကြပြီး ခင်မင်မှုကို အခွင့်ကောင်းယူပြီး သားမယားအဖြစ် ပြုကျင့်ခဲ့တာလဲဖြစ်ပါတယ်။ အမှုကို ဆက်လက် စစ်ဆေးဆောင်ရွက်နေပါတယ် ” ဟု ကညွှတ်ကွင်း နယ်မြေ ရဲစခန်းမှတာဝန်ရှိသူတစ်ဦးက AlinnMyay(အလင်းမြေ) သို့ပြောသည်။


အဆိုပါဖြစ်စဉ် နှင့် ပက်သက်ပြီး ချဲထွေး( ဘ ) ဦးအော်ကုလား အား ကညွှတ်ကွင်း နယ်မြေ ရဲစခန်းတွင် ( ပ ) ၁၇၈ / ၂၀၁၉ ရာဇသတ် ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်ထားေ ကြာင်းသိရသည်။


#ကေတု( ကိုနေ ) #AlinnMyay( အလင်းမြေ ) #ApannPyay