ရဲေလးရဲ႕ သီခ်င္္းအသစ္မွာ မင္းသမီးအျဖစ္ ပါဝင္လာမယ့္ ႏုိင္ငံလက္ေရႊးစင္ၾကက္ေတာင္မယ္ေလး သက္ထားသူဇာ

2019-09-11 15:00:57


ရဲေလးရဲ႕ သီခ်င္္းအသစ္မွာ မင္းသမီးအျဖစ္ ပါဝင္လာမယ့္ ႏုိင္ငံလက္ေရႊးစင္ၾကက္ေတာင္မယ္ေလး သက္ထားသူဇာ

နားဝင္ခ်ိဳတဲ့ အသံေလးကို ပိုင္ဆိုင္ထားတဲ့ အဆိုေတာ္ ရဲေလးကေတာ့ ပရိသတ္ေတြ ရင္ထဲမွာ စြဲေနတဲ့ သီခ်င္းေကာင္းေလးေတြမ်ားစြာကို ဖန္တီးထားႏိုင္တဲ့ အႏုပညာရွင္ေကာင္းတစ္ဦးပဲ ျဖစ္ပါတယ္။ အၿမဲလိုလို ပရိသတ္ေတြကို ခ်ျပဖို႔ အႏုပညာေတြကို ဖန္တီးေနတဲ့ ရဲေလးကေတာ့ လတ္တေလာမွာ ႏိုင္ငံ့လက္ေ႐ြးစင္ ၾကက္ေတာင္မယ္ေလး သက္ထားသူဇာကို မင္းသမီးတင္ၿပီး သီခ်င္းေလးတစ္ပုဒ္ ႐ိုက္ကူးေနတယ္လို႔ သိရပါတယ္။




ၾကက္ေတာင္မယ္ အေခ်ာအလွေလး သက္ထားသူဇာကေတာ့ ရဲေလးရဲ႕သီခ်င္းအသစ္ထဲမွာ နည္းနည္းေလး ျပင္ဆင္လိုက္ေတာ့ တကယ့္မင္းသမီးေတြလို အရမ္းေခ်ာၿပီး ၾကည့္လို႔ေကာင္းေနတာပဲ ျဖစ္ပါတယ္။မိုမိုေလးခ်စ္ပရိသတ္ေတြအတြက္ ႏိုင္ငံ့ဂုဏ္ေဆာင္ ၾကက္ေတာင္မယ္ေလး သက္ထားသူဇာနဲ႔ သီခ်င္းတစ္ပုဒ္ ႐ိုက္ကူးေနတဲ့ အဆိုေတာ္ ရဲေလးရဲ႕အေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။




သက္ထားသူဇာေလးကေတာ့ “ဘာလာလာ ႐ုပ္ရွင္ရယ္ စပြန္ဆာ ႐ုပ္ရွင္ ရယ္ ႏွင္းဆီအၿငိမ့္ တို႔မတိုင္ခင္ သီခ်င္းအသစ္ တစ္ပုဒ္ မေန႔က႐ိုက္ကူးၿပီးစီးခဲ့ၿပီး စက္တင္ဘာလထဲမွာပဲ YLJK ENTERTAINMENT ကေနထပ္မံတင္ဆက္သြားပါမယ္ခင္ဗ်ာ …မင္းသမီးကေတာ့တစ္ခါမွမဆုံဘူးေသးတဲ့ ႏိုင္ငံ့လက္ေ႐ြးစင္ ၾကက္ေတာင္မယ္ေလးသက္ထားသူဇာ နဲ႔ ႐ိုက္ကူးထားပါတယ္ခင္ဗ်ာ…Hollow Guitar တစ္လုံးတည္းနဲ႔ပရိသတ္ေတြကိုယ္တိုင္လိုက္တီးၿပီးလိုက္ဆို လို႔ရမယ့္ပုံစံေလးကို ဖန္တီးထားပါတယ္ …



သီခ်င္းထြက္လာတဲ့အခ်ိန္အားလုံးအတြက္ ၿပိ ုင္ပြဲတစ္ခုကိုလည္းဖန္တီးျပ ု လုပ္သြားမွာျဖစ္တဲ့အတြက္ YLJK Ent page ကို Like & Follow လုပ္ထားေပးဖို႔အတြက္လည္း ေျပာျပထားခ်င္ပါတယ္ခင္ဗ်ာ…” ဆိုၿပီး သူ႔ရဲ႕သီခ်င္းအသစ္ေလးအေၾကာင္း ေျပာထားတာပါ။ၿပိဳင္ပြဲေတြမွာ ခြန္အားအျပည့္နဲ႔ ေတြ႕ျမင္ရတဲ့ သက္ထားသူဇာေလးကေတာ့ ဒီလိုေလး ျပင္ဆင္လိုက္ေတာ့လည္း ေမာ္ဒယ္ မင္းသမီးေလးလို လွေနေရာပဲေနာ္…။


ရဲေလးကေတာ့ တေလာက ေခးအတြက္ဆိုၿပီး ကဗ်ာေလးတစ္ပုဒ္နဲ႔အတူ သက္ထားသူဇာနဲ႔ ႐ိုက္ကူးထားတဲ့ ပုံေလးကိုတင္ထားတာေၾကာင့္ ပရိသတ္ေတြက သို႔ေလာ သို႔ေလာထင္ေနၾကေပမယ့္ အခုေတာ့ အေျဖက ရွင္းသြားပါၿပီ။ မိုမိုေလးခ်စ္ပရိသတ္ေတြလည္း အဆိုေတာ္ ရဲေလးနဲ႔ သက္ထားသူဇာတို႔ သ႐ုပ္ေဆာင္ထားတဲ့ သီခ်င္းအသစ္ေလးထြက္ရင္ အားေပးၾကဖို႔ မေမ့ပါနဲ႔ေနာ္။


Credit Myint Myat , Source;Ye Tun Min’s Facebook


Unicode


ရဲလေးရဲ့ သီချင်းအသစ်မှာ မင်းသမီးအဖြစ် ပါဝင်လာမယ့် နိုင်ငံလက်ရွှေးစင်ကြက်တောင်မယ်လေး သက်ထားသူဇာ …


နားဝင်ချိုတဲ့ အသံလေးကို ပိုင်ဆိုင်ထားတဲ့ အဆိုတော် ရဲလေးကတော့ ပရိသတ်တွေ ရင်ထဲမှာ စွဲနေတဲ့ သီချင်းကောင်းလေးတွေများစွာကို ဖန်တီးထားနိုင်တဲ့ အနုပညာရှင်ကောင်းတစ်ဦးပဲ ဖြစ်ပါတယ်။ အမြဲလိုလို ပရိသတ်တွေကို ချပြဖို့ အနုပညာတွေကို ဖန်တီးနေတဲ့ ရဲလေးကတော့ လတ်တလောမှာ နိုင်ငံ့လက်ရွေးစင် ကြက်တောင်မယ်လေး သက်ထားသူဇာကို မင်းသမီးတင်ပြီး သီချင်းလေးတစ်ပုဒ် ရိုက်ကူးနေတယ်လို့ သိရပါတယ်။


ကြက်တောင်မယ် အချောအလှလေး သက်ထားသူဇာကတော့ ရဲလေးရဲ့သီချင်းအသစ်ထဲမှာ နည်းနည်းလေး ပြင်ဆင်လိုက်တော့ တကယ့်မင်းသမီးတွေလို အရမ်းချောပြီး ကြည့်လို့ကောင်းနေတာပဲ ဖြစ်ပါတယ်။မိုမိုလေးချစ်ပရိသတ်တွေအတွက် နိုင်ငံ့ဂုဏ်ဆောင် ကြက်တောင်မယ်လေး သက်ထားသူဇာနဲ့ သီချင်းတစ်ပုဒ် ရိုက်ကူးနေတဲ့ အဆိုတော် ရဲလေးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။


သက်ထားသူဇာလေးကတော့ “ဘာလာလာ ရုပ်ရှင်ရယ် စပွန်ဆာ ရုပ်ရှင် ရယ် နှင်းဆီအငြိမ့် တို့မတိုင်ခင် သီချင်းအသစ် တစ်ပုဒ် မနေ့ကရိုက်ကူးပြီးစီးခဲ့ပြီး စက်တင်ဘာလထဲမှာပဲ YLJK ENTERTAINMENT ကနေထပ်မံတင်ဆက်သွားပါမယ်ခင်ဗျာ …မင်းသမီးကတော့တစ်ခါမှမဆုံဘူးသေးတဲ့ နိုင်ငံ့လက်ရွေးစင် ကြက်တောင်မယ်လေးသက်ထားသူဇာ နဲ့ ရိုက်ကူးထားပါတယ်ခင်ဗျာ…Hollow Guitar တစ်လုံးတည်းနဲ့ပရိသတ်တွေကိုယ်တိုင်လိုက်တီးပြီးလိုက်ဆို လို့ရမယ့်ပုံစံလေးကို ဖန်တီးထားပါတယ် …


သီချင်းထွက်လာတဲ့အချိန်အားလုံးအတွက် ပြိ ုင်ပွဲတစ်ခုကိုလည်းဖန်တီးပြ ု လုပ်သွားမှာဖြစ်တဲ့အတွက် YLJK Ent page ကို Like & Follow လုပ်ထားပေးဖို့အတွက်လည်း ပြောပြထားချင်ပါတယ်ခင်ဗျာ…” ဆိုပြီး သူ့ရဲ့သီချင်းအသစ်လေးအကြောင်း ပြောထားတာပါ။ပြိုင်ပွဲတွေမှာ ခွန်အားအပြည့်နဲ့ တွေ့မြင်ရတဲ့ သက်ထားသူဇာလေးကတော့ ဒီလိုလေး ပြင်ဆင်လိုက်တော့လည်း မော်ဒယ် မင်းသမီးလေးလို လှနေရောပဲနော်…။


ရဲလေးကတော့ တလောက ခေးအတွက်ဆိုပြီး ကဗျာလေးတစ်ပုဒ်နဲ့အတူ သက်ထားသူဇာနဲ့ ရိုက်ကူးထားတဲ့ ပုံလေးကိုတင်ထားတာကြောင့် ပရိသတ်တွေက သို့လော သို့လောထင်နေကြပေမယ့် အခုတော့ အဖြေက ရှင်းသွားပါပြီ။ မိုမိုလေးချစ်ပရိသတ်တွေလည်း အဆိုတော် ရဲလေးနဲ့ သက်ထားသူဇာတို့ သရုပ်ဆောင်ထားတဲ့ သီချင်းအသစ်လေးထွက်ရင် အားပေးကြဖို့ မမေ့ပါနဲ့နော်။