ဗစ်တိုးရီးယားကိုယ်တိုင် ထွက်ဆိုခဲ့တဲ့ ၆ ကြိမ်မြောက် ရုံးချိန်းမှာ သမီး​လေးဘာ​တွေထွက်​ဆိုသွားခဲ့သလဲ

2019-09-11 14:57:25


ဗစ်တိုးရီးယားကိုယ်တိုင် ထွက်ဆိုခဲ့တဲ့ ၆ ကြိမ်မြောက် ရုံးချိန်းမှာ သမီး​လေးဘာ​တွေထွက်​ဆိုသွားခဲ့သလဲ

နေပြည်​​တော် မူကြို​ကျောင်းတခုမှာ ဖြစ်​ပွားခဲ့တဲ့ သက်​ငယ်​မုဒိမ်းမှု​ကြောင့်​ ထိခိုက်​ခံစားခဲ့ရတဲ့ သမီး​လေးဗစ်​တိုးရီး​ယား​လေးအတွက်​ ဗစ်တိုးရီးယား​လေး ​သက်​ငယ်​မုဒိမ်းမှုနဲ့ပတ်​သက်​ပြီး အမှန်​တရားကိုချစ်​မြတ်​နိုးတဲ့ ပြည်​သူ​တွေဟာ သမီး​လေး ဗစ်​တိုးရီးယားအပာအဝင် သမီး​လေးရဲ့ ​မိသားစုဝင်​​တွေနဲ့အတူ တစ်​သားတည်းရှိ​နေခဲ့တာဖြစ်​ပြီး အမှန်​တရားဘက်​က မားမားမတ်​မတ်​ ရပ်​တည်​​နေခဲ့ကြတာ အားလုံးအသိပဲဖြစ်​ပါတယ်​။


သမီး​လေး ဗစ်​တိုးရီယားရဲ့အမှုကိစ္စဟာ အရှုပ်​အ​ထွေးများစွာနဲ့ တရားခံအစစ်​ကို မ​ဖော်​ထုတ်​ပြနိုင်​တာ​ကြောင့်​ ပြည်​သူအများက စိတ်ဝင်စားနေတဲ့ အမှုကိစ္စတစ်​ခုဖြစ်​သလို သက်​ငယ်​မုဒိမ်းမှုကို အထိ​ရောက်​ဆုံးကိုင်​တွယ်​​ပေးဖို့ဟာ AlinnMyay ပရိသတ်​ကြီးနဲ့အတူ ပြည်​သူအများလိုလား​နေတဲ့ ရင်ထဲက​ဆန္ဒအမှန်​ဖြစ်​ပါတယ်​။


ဒီ​နေ့မှာ ရုံးတင်​စစ်​​ဆေးခဲ့တဲ့ သမီး​လေးဗစ်​တိုးရီယား​လေးရဲ့အမှု ၆ ကြိ​မ်​​မြောက်​ရုံးချိန်းမှာ သမီး​လေးဗစ်​တိုးရီးယား​လေးကိုယ်​တိုင်​ ထွက်​ဆိုချက်​​ပေးခဲ့တယ်​လို့ သိရှိခဲ့ရပြီး က​လေးဖခင်​ သက်​​သေအဖြစ်​တင်​ပြထားတဲ့ ဗွီဒီယိုနှစ်​ခုနဲ့အညီ သမီး​လေးက ထွက်​ဆိုသွားခဲ့တယ်​လို့ တရားခံအဖြစ် ရုံးတင်ခံထားရတဲ့ ကိုအောင်ကြီးရဲ့​ရှေ့နေ ဦးခင်မောင်ဇော်ရဲ့ ဖြေကြားချက်များကို BBC ရဲ့ အင်တာဗျူမှ တဆင့် သိရှိခဲ့ရပါတယ်​။


ဒါ့အပြင်​ တရားခွင်​ထဲကို က​လေးမိဘ​တွေနဲ့အတူ ​နှစ်​ဦးနှစ်​ဖက်​​ရှေ့​နေ​တွေသာ ဝင်​ခွင့်​ရခဲ့တယ်​လို့ သိရပြီး သမီး​လေးဗစ်​တိုးရီးယားကို​တော့ သီးသန့်​အခန်းတခုထဲမှာထားပြီး Video Conferencing ပုံစံနဲ့​ စစ်​​မေးခဲ့တယ်​လို့ သက္ကမိုးညိုရဲ့​ဖြေကြားချက်​အရသိရှိခဲ့ရပါတယ်။


ရုံးချိန်းအပြီးမှာ မီဒီယာ​တွေနဲ့​တွေ့ဆုံချိန်​ ​ရှေ့​နေဦးခင်​​မောင်​​ဇော်​ရဲ့​ဖြေကြားချက်​ကို အခုလိုကြားသိကြရမှာဖြစ်​ပါတယ်​။


” ကျွန်​​တော်​တို့ကို နည်းနည်းဖိအား​ပေးတာ​တွေရှိတယ်​။ တရားရုံးမှာ​ပေါ်​ပေါက်​တဲ့အတိုင်း ဥပ​ဒေနဲ့အညီ ​ပြောချင်​တယ်​။ ကျွန်​​တော်​တို့ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲအ​နေနဲ့ကိုလုပ်​ပါ့မယ်​။ အခုကျွန်​​တော်​လတ်​တ​လော​ပြောချင်​တာက​တော့ က​လေးကိုစစ်​ပါတယ်​။ က​လေးကို Video Conferencing နဲ့ စစ်​ပါတယ်​။”


” က​လေးက အင်​မတန်​ကိုမှတ်​ဥာဏ်​​ကောင်းပါတယ်​။ ဦး​နှောက်​အင်​မတန်​​ကောင်းတယ်​။ ဒါ​ကြောင့်​ ​မေးတဲ့​မေးခွန်း​တွေကို သူက ချက်​ချက်​ချာချာနဲ့​ဖြေနိုင်​တယ်​။ က​လေး ​ဖြေတာ​တွေအကုန်​လုံးက ကို​အောင်​ကြီးအ​ကြောင်း တခုမှမပါဘူး။ ကို​အောင်​ကြီးကိုသူသိတယ်​လဲ မပါဘူး။ ပုံ​တွေပြပြီး​မေးတာ​နော်​။ ဗွီဒီယိုဖိုင်​​တွေပြပြီး​မေးတာ…။ ကို​အောင်​ကြီး နဲ့ ပတ်​သက်​လို့ငြိစွန်းတာ တခုမှ​ဖြေမသွားခဲ့ဘူး။ ”


” က​လေး​ဖြေသွားတဲ့ကိစ္စ​လေး​တွေရှိတယ်​။ နာမည်​အတိအကျနဲ့ကို သူ​ထွက်​ဆိုသွားတာရှိတယ်​။ ဘယ်​သူကလုပ်​တယ်​… အစရှိသဖြင့်​​ပေါ့​နော်​။ ဒါ​တွေကို အတိအကျမှတ်​တမ်းရယူနိုင်​ခဲ့ပါတယ်​။ ရုံးမှာလည်းမှတ်​တမ်းဝင်​သွားပါ​တယ်​။ ရုံး​တော်​က ထည့်​သွင်းစဉ်းစားရမယ့်​ စာရွက်​စာတမ်း အဖြစ်​နဲ့ သိမ်းသွားပါလိမ့်​မယ်​”


” ဒုတိယအကြိမ် ​​ရုံးချိန်းမှာတုန်းက က​လေးဖခင်​တင်​ပြခဲ့တဲ့ ဗွီဒီယိုဖိုင်​နှစ်​ဖိုင်​အတိုင်းပဲ က​လေးကဒီ​နေ့ထွက်​ဆိုသွားခဲ့တာဖြစ်​ပါတယ်​။ အဲ့တုန်းက​ပြောတဲ့အတိုင်း ထပ်​တူပါပဲ” လို့ ​ဖြေကြားသွားခဲ့တာပါ။


ဒါ့အပြင်​ ကလေးက ရွှင်ရွှင်လန်းလန်းနဲ့ မေးသမျှ ဖြေပေးခဲ့​ကြောင်း၊ ဓာတ်ပုံတွေ ပြတော့ ကိုကိုအငယ်က သူ့ရဲ့ရင်ဘတ်တွေကို ထုခဲ့​ကြောင်း၊ ကိုကိုအကြီးက သူ့ရဲ့ဖင်ဘုကို ဆိတ်ခဲ့​ကြောင်း တရားခွင်စစ်​​မေးမှုမှာ ထွက်ဆိုချက်ပေးခဲ့တယ်​ လို့ တရားလိုရှေ့​နေ ဒေါ်ရွက်နုအောင်က ရုံးချိန်းအပြီးမှာ မီဒီယာတွေကို ပြောပြခဲ့​ကြောင်းလည်း BBC သတင်းရဲ့​ဖော်​ပြချက်​မှာ​တွေ့ရှိခဲ့ရပါ​သေးတယ်​။


EFIL-ApannPuyay


Source – BBC Burmese, သက္ကမိုးညို