သမီးေလးရဲ႕ အသက္ (၁၃) ႏွစ္ျပည့္ေမြးေန႔ကို မ်ိဳးရိုးစဥ္ဆက္မွာၾကားခဲ့တဲ့ စကား (၃) ခြန္းနဲ႔ လက္ေဆာင္ေပးခဲ့တဲ့ ဖခင္

2019-09-11 13:36:02


သမီးေလးရဲ႕ အသက္ (၁၃) ႏွစ္ျပည့္ေမြးေန႔ကို မ်ိဳးရိုးစဥ္ဆက္မွာၾကားခဲ့တဲ့ စကား (၃) ခြန္းနဲ႔ လက္ေဆာင္ေပးခဲ့တဲ့ ဖခင္

သမီး ဖူးဖူး။ ဒီေန႕ဟာ သမီးအသက္ (၁၃)ႏွစ္ ျပည့္တဲ့ေန႕ေလးေနာ္။ Happy Birthday ပါ သမီးရယ္။သမီးကို ေဖေဖ ေမြးေန႕ေရာက္တိုင္း ေမြးေန႕လက္ေဆာင္ စကားေတြ ေရးခဲ့တာလည္း ဒီႏွစ္နဲ႕ဆို သံုးႏွစ္ ျပည့္ခဲ့ျပီ သမီး။ ဒီႏွစ္ေတာ့ ေဖေဖတို႕ မ်ိဳးရိုးစဥ္ဆက္ မွာၾကားခဲ့တဲ့စကား သံုးခြန္းကို ေဖေဖက သမီးေလးကို ထပ္မွာပါရေစ။ဧရာ၀တီတိုင္း၊ ေျမာင္းျမျမိဳ႕နယ္ ျပင္ရြာမွာ ေမြးတဲ့သမီးဖိုးဖိုးရဲ႕ အေမေဒၚၾကင္ေငြက သမီးရဲ႕ဖုိးဖိုး ဦးယံုရွိန္ တိုင္းပညာေရးမွဴး ျဖစ္ေတာ့ ဒီစကားသံုးခြန္းကို မွာခဲ့တယ္။


ဖိုးဖိုးဟာ ဒီစကားအတိုင္း တိတိက်က်လိုက္နာခဲ့တယ္။ ေနာက္တစ္ဖန္ သမီးဖိုးဖိုးဦးယံုရွိန္က ေဖေဖ့ကို ဆရာ၀န္ျဖစ္ေတာ့ ဒီစကားသံုးခြန္းထပ္မွာျပန္တယ္။ ေဖေဖလည္း ခုထိ လိုက္နာက်င့္သံုးဆဲပဲ။ဒီႏွစ္ေတာ့ သမီးကို ေဖေဖက သမီးဘ၀ လမ္းညႊန္အျဖစ္ ဒီစကားသံုးခြန္းကို လက္ေဆာင္ေပးပါရေစ။



အဲဒါေတြကေတာ့ -(၁) သမီး ဘ၀တစ္ေလွ်ာက္လံုးမွာ ထမင္းပူကို မစားပါနဲ႕။ ထမင္းေအးကိုပဲ စားပါ သမီး။ ထမင္းပူဆိုတာ သူတစ္ပါး မ်က္ရည္ေပါက္ၾကီးငယ္က်မွ စားရတဲ့ထမင္းကို ေခၚတာပါ။ သမီးဘယ္ေတာ့မွ မစားမိပါေစနဲ႕။ အခုအခ်ိန္စားေကာင္းခ်င္ေကာင္းမယ္၊ သံသရာမွာ အလြန္ပူေလာင္တတ္တယ္သမီးေရ။ထမင္းေအးဆိုတာကေတာ့ သမီးကို ခ်စ္လို႕ ခင္လို႕ တန္ဖိုးထားလို႕ ၾကည္ညိဳလို႕ ေကၽြးလာတဲ့ ထမင္းပဲ သမီး။ ငပိရည္နဲ႕ပဲ စားရ စားရ သံသရာမွာ ေအးျမပါတယ္ သမီးရယ္္။ စားတတ္ေအာင္ ၾကိဳးစားပါေနာ္။


(၂) အသီးကို စားမယ္ဆုိရင္ ေၾကြသီးကိုပဲ စားပါ သမီး။ ဘယ္ေတာ့မွ ခူးမစားပါနဲ႕။ ေၾကြသီးစားပါ ဆုိတာ သမီးကို ခ်စ္လို႕ ခင္လို႕ ၾကည္ညိဳလို႕ ေကၽြးလာတဲ့အသီးကို စားပါလို႕ဆိုလိုတာပါ။ ဒါေပမယ့္ ေၾကြသီးတိုင္းလည္း မစားရဘူး သမီး။ ေၾကြသီးေပမယ့္ မစင္ပံုေပၚက်ရင္ သမီး မစားေတာ့ဘူး မဟုတ္လား။ ဒီလိုပဲ ေၾကြသီးေတာ့ ေၾကြသီး။ သမီးကို ခ်စ္လို႕ ခင္လို႕ ၾကည္ည္ိဳလို႕ လာေပးတယ္။ ဒါေပမယ့္ ေနာက္ကြယ္မွာ ေမွ်ာ္လင့္ခ်က္ေတြ ရလိုမွႈေတြ ပါေနရင္ မစားရဘူးသမီး။ မစားေကာင္းပါဘူး။ ခူးမစားပါနဲ႕ဆိုတာ သမီးက ကူညီိစရာရွိရင္ ကူညီ၊ လုပ္စရာရွိရင္ လုပ္ေပးလိုက္ပါ။ အဲဒါကို ကူညီခ၊ လုပ္ေပးခ ေတာင္းေနရင္ ခူးစားတာပဲ သမီး။ သမီး သူတစ္ပါးကို ကူညီပါ။ သူတို႕ဆီက ေက်းဇူးတင္စကားတစ္ခြန္းေတာင္ မေမွ်ာ္လင့္ပါနဲ႕။ ေမွ်ာ္လင့္ျပီိး ကူညီတာ ခူးစားတာပဲ သမီးရဲ႕။ သမီး ဘယ္ေတာ့မွ ခူးမစားပါေလနဲ႕။




(၃)တတိယစကားကေတာ့ – ခ်ိဳးငွက္ေလးေတြ ခါငွက္ေလးေတြဟာ ေျမမွာနားျပီး ျပန္သြားရင္ ေျခရာထားခဲ့တယ္ သမီး။ ဒီလိုပါပဲ၊ သမီးလည္း ဘယ္ေနရာ ဘယ္ေဒသ ေရာက္ေရာက္ သမီး ျပန္ရင္ သမီး ေျခရာက်န္ခဲ့ပါေစ သမီးရယ္။ ဒီလိုပါပဲ လူ႕ေလာကၾကီးကို တို႕တေတြလာခဲ့ၾက၊ တုိ႕ျပန္ရင္ တို႕ေျခရာေတြ က်န္မွ ျဖစ္မယ္ သမီး။ ေဖေဖ့ သမီးလည္း ေဖေဖတို႕ မိသားစုရဲ႕ စကားၾကီးသံုးခြန္းကို တစ္ေသြမတိမ္း လိုက္နာႏိုင္ပါေစ သမီးရယ္။ ေပ်ာ္ရႊင္ေသာ ေမြးေန႕ ျဖစ္ပါေစ သမီး။Credit-Than Min Htut


Unicode ျဖင့္ဖတ္ရန္


သမီး ဖူးဖူး။ ဒီနေ့ဟာ သမီးအသက် (၁၃)နှစ် ပြည့်တဲ့နေ့လေးနော်။ Happy Birthday ပါ သမီးရယ်။သမီးကို ဖေဖေ မွေးနေ့ရောက်တိုင်း မွေးနေ့လက်ဆောင် စကားတွေ ရေးခဲ့တာလည်း ဒီနှစ်နဲ့ဆို သုံးနှစ် ပြည့်ခဲ့ပြီ သမီး။ ဒီနှစ်တော့ ဖေဖေတို့ မျိုးရိုးစဉ်ဆက် မှာကြားခဲ့တဲ့စကား သုံးခွန်းကို ဖေဖေက သမီးလေးကို ထပ်မှာပါရစေ။ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ် ပြင်ရွာမှာ မွေးတဲ့သမီးဖိုးဖိုးရဲ့ အမေဒေါ်ကြင်ငွေက သမီးရဲ့ဖိုးဖိုး ဦးယုံရှိန် တိုင်းပညာရေးမှူး ဖြစ်တော့ ဒီစကားသုံးခွန်းကို မှာခဲ့တယ်။


ဖိုးဖိုးဟာ ဒီစကားအတိုင်း တိတိကျကျလိုက်နာခဲ့တယ်။ နောက်တစ်ဖန် သမီးဖိုးဖိုးဦးယုံရှိန်က ဖေဖေ့ကို ဆရာဝန်ဖြစ်တော့ ဒီစကားသုံးခွန်းထပ်မှာပြန်တယ်။ ဖေဖေလည်း ခုထိ လိုက်နာကျင့်သုံးဆဲပဲ။ဒီနှစ်တော့ သမီးကို ဖေဖေက သမီးဘ၀ လမ်းညွှန်အဖြစ် ဒီစကားသုံးခွန်းကို လက်ဆောင်ပေးပါရစေ။


အဲဒါတွေကတော့ -(၁) သမီး ဘဝတစ်လျှောက်လုံးမှာ ထမင်းပူကို မစားပါနဲ့။ ထမင်းအေးကိုပဲ စားပါ သမီး။ ထမင်းပူဆိုတာ သူတစ်ပါး မျက်ရည်ပေါက်ကြီးငယ်ကျမှ စားရတဲ့ထမင်းကို ခေါ်တာပါ။ သမီးဘယ်တော့မှ မစားမိပါစေနဲ့။ အခုအချိန်စားကောင်းချင်ကောင်းမယ်၊ သံသရာမှာ အလွန်ပူလောင်တတ်တယ်သမီးရေ။ထမင်းအေးဆိုတာကတော့ သမီးကို ချစ်လို့ ခင်လို့ တန်ဖိုးထားလို့ ကြည်ညိုလို့ ကျွေးလာတဲ့ ထမင်းပဲ သမီး။ ငပိရည်နဲ့ပဲ စားရ စားရ သံသရာမှာ အေးမြပါတယ် သမီးရယ်။ စားတတ်အောင် ကြိုးစားပါနော်။


(၂) အသီးကို စားမယ်ဆိုရင် ကြွေသီးကိုပဲ စားပါ သမီး။ ဘယ်တော့မှ ခူးမစားပါနဲ့။ ကြွေသီးစားပါ ဆိုတာ သမီးကို ချစ်လို့ ခင်လို့ ကြည်ညိုလို့ ကျွေးလာတဲ့အသီးကို စားပါလို့ဆိုလိုတာပါ။ ဒါပေမယ့် ကြွေသီးတိုင်းလည်း မစားရဘူး သမီး။ ကြွေသီးပေမယ့် မစင်ပုံပေါ်ကျရင် သမီး မစားတော့ဘူး မဟုတ်လား။ ဒီလိုပဲ ကြွေသီးတော့ ကြွေသီး။ သမီးကို ချစ်လို့ ခင်လို့ ကြည်ညိုလို့ လာပေးတယ်။ ဒါပေမယ့် နောက်ကွယ်မှာ မျှော်လင့်ချက်တွေ ရလိုမှှုတွေ ပါနေရင် မစားရဘူးသမီး။ မစားကောင်းပါဘူး။ ခူးမစားပါနဲ့ဆိုတာ သမီးက ကူညီစရာရှိရင် ကူညီ၊ လုပ်စရာရှိရင် လုပ်ပေးလိုက်ပါ။ အဲဒါကို ကူညီခ၊ လုပ်ပေးခ တောင်းနေရင် ခူးစားတာပဲ သမီး။ သမီး သူတစ်ပါးကို ကူညီပါ။ သူတို့ဆီက ကျေးဇူးတင်စကားတစ်ခွန်းတောင် မမျှော်လင့်ပါနဲ့။ မျှော်လင့်ပြီး ကူညီတာ ခူးစားတာပဲ သမီးရဲ့။ သမီး ဘယ်တော့မှ ခူးမစားပါလေနဲ့။


(၃)တတိယစကားကတော့ – ချိုးငှက်လေးတွေ ခါငှက်လေးတွေဟာ မြေမှာနားပြီး ပြန်သွားရင် ခြေရာထားခဲ့တယ် သမီး။ ဒီလိုပါပဲ၊ သမီးလည်း ဘယ်နေရာ ဘယ်ဒေသ ရောက်ရောက် သမီး ပြန်ရင် သမီး ခြေရာကျန်ခဲ့ပါစေ သမီးရယ်။ ဒီလိုပါပဲ လူ့လောကကြီးကို တို့တတွေလာခဲ့ကြ၊ တို့ပြန်ရင် တို့ခြေရာတွေ ကျန်မှ ဖြစ်မယ် သမီး။ ဖေဖေ့ သမီးလည်း ဖေဖေတို့ မိသားစုရဲ့ စကားကြီးသုံးခွန်းကို တစ်သွေမတိမ်း လိုက်နာနိုင်ပါစေ သမီးရယ်။ ပျော်ရွှင်သော မွေးနေ့ ဖြစ်ပါစေ သမီး။Credit-Than Min Htut