သတိထားျကဖုိ႔ပါ ေစ်းကြက္ထဲကပဲပင္ေပါက္ေတြအျမစ္တုိေနရသည့္အေျကာင္းအရင္း

2019-09-11 13:34:29


သတိထားျကဖုိ႔ပါ ေစ်းကြက္ထဲကပဲပင္ေပါက္ေတြအျမစ္တုိေနရသည့္အေျကာင္းအရင္း

ပဲပင္ေပါက္ဆိုတာ ျမန္မာ့ဟင္းလ်ာေတြထဲမွာ လူအမ်ားၾကိဳက္နွစ္သက္ၾကတဲ့ ဟင္းအမယ္ တစ္မ်ိဳးျဖစ္ပါတယ္။ ပဲပင္ေပါက္ကို ေၾကာ္စားျခင္း၊ သုပ္စားျခင္း ၊တို႔စရာအျဖစ္ သံုးေဆာင္ျခင္း စသျဖင့္ နည္းလမ္းအမ်ိဳးမ်ိဳးျဖင့္ သံုးေဆာင္ၾကပါတယ္။ ဒီလို သံုးေဆာင္သူေတြမ်ားျပားလာတာေၾကာင့္ ပဲပင္ေပါက္ရဲ႕ ေစ်းကြက္ဟာလည္း အင္မတန္ ၾကီးမားလာတာကိုေတြ႕ရပါတယ္။ ဒီလို ၾကီးမားလာတဲ့ ေစ်းကြက္လိုအပ္ခ်က္ကို ျဖည့္ဆည္းဖို႔အတြက္ စီးပြားေရးသမားေတြဟာ



ပဲပင္ေပါက္ေတြကို ေဆးေတြ ၊ ခြ်တ္ေဆးေတြ အသံုးျပဳျပီး လုပ္လာၾကတယ္လို႔ သိရပါတယ္။ ဒီအေၾကာင္းေလးကိုေတာ့ မိတ္ေဆြတစ္ေယာက္က မွ်ေဝထားတာေၾကာင့္ ဗဟုသုတ အျဖစ္ က်န္းမာေရးအသိ ရရွိေအာင္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္..


” အျမစ္လည္းတို အသက္လည္းတို ” မိတ္ေဆြတစ္ေယာက္က ပဲပင္ေပါက္လုပ္ငန္း လုပ္ဖို႔အၾကံေတာင္းတ့ဲအခါ လုပ္နည္းစနစ္ေလးေတြ ေျပာျပျဖစ္တယ္ေပါ့။ ေနာက္ရက္အနည္းငယ္ၾကာေတာ့ သူကဖုန္းဆက္တယ္ ” ကိုၾကမ္းေရ ” ပဲပင္ေပါက္လုပ္တ့ဲနည္းမွာ ေဆးသံုးၾကတယ္ဗ်။ အ့ဲဒိေဆးသံုးရင္ ပဲပင္ေပါက္အျမစ္ေတြ မပါသေလာက္ကို တိုတယ္ အ့ဲေဆးအမည္သိလား”ကိုၾကမ္း” ဟာ ငါသိတ့ဲနည္းက ေပါက္လာတ့ဲ အပင္ေတြကို အျမစ္ကေနဓားနဲ႔ျဖတ္ ေရာင္းတာပဲသိတာ အျမစ္တိုေဆးသံုးတာ မသိသလို အ့ဲေဆးအမည္လည္း မသိဘူးဟ စံုစမ္းၾကည့္အံုးမယ္။ ငါျပန္ေျပာမယ္ ခဏေတာ့ေစာင့္ ။




အ့ဲဒိအေျဖေပးျပီး မွတ္ဥာဏ္ထဲ သိမ္းဆည္းထားတ့ဲ ပဲပင္ေပါက္ လုပ္ငန္းလုပ္ေနတ့ဲ မိတ္ေဆြေတြကို လိုက္စံုစမ္းေတာ့ အေျဖက* ဟုတ္တယ္ဗ် ကိုလူၾကမ္းရ အျမစ္တိုေဆး သံုးၾကတယ္။ ဒါတင္မကဘူးဗ် အခ်ိဳ႕ေတြက ခြ်တ္ေဆးေတြပါ သံုးၾကေသးတယ္။ ** ဟာ ခင္ဗ်ားဟာ ေနာက္ေဆးတစ္မ်ိဳးေတာင္ တိုးလာပါလား သိသေလာက္ေလး ရွင္းျပပါအံုး။ ဘာျဖစ္လို႔သံုးၾကတာလည္း ? ဘာေတြထူးျခားလို႔ သံုးတာလည္း ? ကြ်န္ေတာ္လည္း ေသခ်ာေတာ့ မသိဘူးဗ် အျမစ္တိုေဆးသံုးတာက တိုေနတ့ဲအျမစ္ေလးပါ ခ်က္စားလို႔ရသလို အျမင္လည္းေကာင္းတာ ပါမယ္ဗ်။ ေနာက္တစ္ခ်က္က ေဖာက္ျပီးေရာင္းတ့ဲအခါ အျမစ္ပါထည့္ေပးလိုက္ေတာ့ ေရရွည္ခံတယ္ေလ။ ခြ်တ္ေဆးသံုးတာကေတာ့ ပဲပင္ေပါက္ေတြက ရက္ၾကာတ့ဲအခါ အေရာင္ေျပာင္းျပီး ေစ်းကြက္မွာမလွေတာ့ အေရာင္ျဖဴေအာင္ ခြ်တ္ေဆးသံုးၾကတာ ျဖစ္ႏိုင္တယ္ဗ်။


အ့ဲဒိအျမစ္တိုေဆးဆိုတာ ဘယ္ကထုတ္တာလည္း ? သူ႔စြမ္းအားဘယ္ေလာက္ရွိလည္း ? ဓာတ္ၾကြင္းအာနိသင္ကာလ ?အ့ဲဒါေလးေတြ သိလားဗ် သိသေလာက္ေလး ေျပာျပပါလား ?* ထိုင္းစာေတြနဲ႔မို႔ ထိုင္းကထုတ္တာေတာ့ သိတယ္ ဒီေလာက္ပဲ က်န္တာေတြကေတာ့ ပဲတပိသာေဖာက္ရင္ ဒီေဆးကိုဒီေလာက္ထည့္ရတယ္ဆိုတ့ဲ တစ္ဆင့္စကား တစ္ဆင့္နားၾကားျပီး လုပ္ေနၾကတာ။ ေစ်းကြက္ကလည္း လက္ခံ စားသံုးသူကလည္း ႏွစ္သက္ေနေလေတာ့ အမွားၾကာ အမွန္ျဖစ္ထံုးစံအတိုင္းပဲေပါ့ ကိုလူၾကမ္းေရ။


အ့ဲဒိတိုေဆးဗူးပံုေလး ပို႔ေပးပါလား ? ဗူးႀကီးဝယ္မသံုးတာၾကာျပီ တခါသံုး (တခါသံုး အုန္းဆီဗူးလို)ဗူးေလးေတြပဲ သံုးေနၾကေတာ့တယ္။ အ့ဲဒါနဲ႔ပဲ ကိုယ္နဲ႔အနီးဆံုးျဖစ္တ့ဲ ေထာက္ၾကန္႔ေစ်းထဲသြား တိုေဆး အေၾကာင္း စနည္းနာၾကည့္ေတာ့ ” အံမယ္ ဟုတ္သားလား ပဲပင္ေပါက္ေလးေတြ အျမစ္ေငါက္ေတာက္ေလးေတြနဲ႔ ကိုယ့္ထက္ေတာင္ တိုေနေသး။ (ကြ်န္ေတာ္အရပ္က တိုတယ္ ပုတယ္ ေျပာတာပါ ) တပိသာ တျခင္းကို လက္လီေစ်း တစ္ေထာင္က်ပ္။ ေဖာက္သည္ေစ်း ကိုးရာက်ပ္။ ကိုယ္ကသြင္းမယ္ဆို ရွစ္ရာက်ပ္။


အစ္ကို ေဖာက္မယ္ဆို ဒီပံုစံအတိုင္းေနာ္ အျမစ္တိုရမယ္ အေရာင္ျဖဴရမယ္။ ဟာ ေအးပါကြာ ခုတစ္ျခင္းေပး ေရာ့ တစ္ေထာင္။ ကဲ ပဲပင္ေပါက္ေတာ့ရျပီ (တိုေဆးသံုးထားတ့ဲ ပဲပင္ေပါက္ေလး ခြ်တ္ေဆးပါ မပါေတာ့ မျမင္ရေတာ့ မသိ) သူနဲ႔ လိုက္ဖက္တာက ” ပဲျပား ” ကဲ ပဲျပားေလးပါထည့္ (ပဲျပားကေရာ ေဖာ္မလင္ သံုးလား မသံုးလား ေသခ်ာမျမင္ရေလေတာ့) ကဲ လိုက္ဖက္ညီေသာ ဟင္းတစ္ပဲြ ” အာဂပါးစပ္ လူျဖစ္က်ိဳးနပ္ပဟ့ဲ ” စာသားအတိုင္း ခုခ်က္ျခင္းေတာ့ မေသႏိုင္ပါဘူးကြာ ေသေန႔ေစ့ေသရမေပါ့ ဆိုေသာ လူတိုင္းေတြးတ့ဲအေတြးကို ကြ်န္ေတာ္ လူၾကမ္းရင္ဝယ္ပိုက္လို႔ ဆီရႊဲရႊဲေလးနဲ႔ ေၾကာ္စားလိုက္ပါေတာ့ သတည္း။


မျပီးေသးဘူးဗ် က်န္ေသးတယ္ ထမင္းဝိုင္းမွာေလ ပဲပင္ေပါက္ပဲျပားေၾကာ္ေလးကို ထမင္းနဲ႔ေရာနယ္ တလုပ္စားလိုက္ ေျပာလိုက္ စားလိုက္ ေျပာလိုက္* ဒီမွာ တို႔စားေနတ့ဲ ပဲပင္ေပါက္ကို အစိမ္းအတိုင္းလက္နဲ႔ျဖစ္ၾကည့္လိုက္စမ္း အထဲမွာ အေခါင္းေပါက္ႀကီးဟ သူတို႔သံုးတ့ဲ အျမစ္တိုေဆးက အ့ဲအေခါင္းထဲ ဝင္ေနမွာက်ိမ္းေသပဲ။ ေနာက္ျပီး ပဲေစ့ကေန ပဲပင္ေပါက္ျဖစ္ဖို႔ ကာလက သံုးရက္ ေဟာအခုတို႔ေတြ စားေနျပီ ဓာတုေဆးေတြရဲ႕ ဓာတ္ၾကြင္းက ဒီေလာက္ရက္တိုတိုေလးနဲ႔ေတာ့ မကုန္ႏိုင္တာ က်ိမ္းေသတယ္။ ဘယ္လိုလည္း အရသာရွိရဲ႕လား ? (ငါ့ကိုတစြန္းေလာက္ထည့္ပါအံုးဟ)


ပဲျပားလည္းၾကည့္အံုး အသားကပြပြႀကီး ေဖာ္မလင္ သံုးထားတ့ဲဟာဆို အ့ဲဒိအတြင္းသားထဲ ရွိေနအံုးမွာဟ ဘယ္ႏွယ့္ စားလို႔ေကာင္းလား ေအး စားၾက စားၾက ေဆးသံုးရမ့ဲ အခ်ိဳးအစားမသိ (သူမ်ားေျပာ ရမ္းထည့္) ေဆးေတြရဲ႕ အက်ိဳးအပစ္ေတြမသိ (သူမ်ားေျပာ မွန္းထည့္) စီးပြားေရးကလည္း တြက္ေခ်ကိုက္ (ဝယ္သူကလည္းႀကိဳက္တာကိုး) ကဲ ဘာမ်ားေျပာျခင္ၾကေသးလည္းဗ် ေျပာစရာရွိရင္ ေျပာသြားၾကဗ်ာCredit- SMT(ေန႔စဥ္သတင္းနွင့္သုတရသအျဖာျဖာ)source-Lu Gyan Gyi 9-9-2019


Unicode

ပဲပင်ပေါက်ဆိုတာ မြန်မာ့ဟင်းလျာတွေထဲမှာ လူအများကြိုက်နှစ်သက်ကြတဲ့ ဟင်းအမယ် တစ်မျိုးဖြစ်ပါတယ်။ ပဲပင်ပေါက်ကို ကြော်စားခြင်း၊ သုပ်စားခြင်း ၊တို့စရာအဖြစ် သုံးဆောင်ခြင်း စသဖြင့် နည်းလမ်းအမျိုးမျိုးဖြင့် သုံးဆောင်

ကြပါတယ်။ ဒီလို သုံးဆောင်သူတွေများပြားလာတာကြောင့် ပဲပင်ပေါက်ရဲ့ ဈေးကွက်ဟာလည်း အင်မတန် ကြီးမားလာတာကိုတွေ့ရပါတယ်။ ဒီလို ကြီးမားလာတဲ့ ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် စီးပွားရေးသမားတွေဟာ

ပဲပင်ပေါက်တွေကို ဆေးတွေ ၊ ချွတ်ဆေးတွေ အသုံးပြုပြီး လုပ်လာကြတယ်လို့ သိရပါတယ်။ ဒီအကြောင်းလေးကိုတော့ မိတ်ဆွေတစ်ယောက်က မျှဝေထားတာကြောင့် ဗဟုသုတ အဖြစ် ကျန်းမာရေးအသိ ရရှိအောင် ပြန်လည်

မျှဝေပေးလိုက်ပါတယ်နော်..


” အမြစ်လည်းတို အသက်လည်းတို ” မိတ်ဆွေတစ်ယောက်က ပဲပင်ပေါက်လုပ်ငန်း လုပ်ဖို့အကြံတောင်းတဲ့အခါ လုပ်နည်းစနစ်လေးတွေ ပြောပြဖြစ်တယ်ပေါ့။ နောက်ရက်အနည်းငယ်ကြာတော့ သူကဖုန်းဆက်တယ် ” ကိုကြမ်းရေ ” ပဲပင်ပေါက်လုပ်တဲ့နည်းမှာ ဆေးသုံးကြတယ်ဗျ။ အဲ့ဒိဆေးသုံးရင် ပဲပင်ပေါက်အမြစ်တွေ မပါသလောက်ကို တိုတယ် အဲ့ဆေးအမည်သိလား”ကိုကြမ်း” ဟာ ငါသိတဲ့နည်းက ပေါက်လာတဲ့ အပင်တွေကို အမြစ်ကနေဓားနဲ့ဖြတ် ရောင်းတာပဲသိတာ အမြစ်တိုဆေးသုံးတာ မသိသလို အဲ့ဆေးအမည်လည်း မသိဘူးဟ စုံစမ်းကြည့်အုံးမယ်။ ငါပြန်ပြောမယ် ခဏတော့စောင့် ။


အဲ့ဒိအဖြေပေးပြီး မှတ်ဉာဏ်ထဲ သိမ်းဆည်းထားတဲ့ ပဲပင်ပေါက် လုပ်ငန်းလုပ်နေတဲ့ မိတ်ဆွေတွေကို လိုက်စုံစမ်းတော့ အဖြေက* ဟုတ်တယ်ဗျ ကိုလူကြမ်းရ အမြစ်တိုဆေး သုံးကြတယ်။ ဒါတင်မကဘူးဗျ အချို့တွေက ချွတ်ဆေးတွေပါ သုံးကြသေးတယ်။ ** ဟာ ခင်ဗျားဟာ နောက်ဆေးတစ်မျိုးတောင် တိုးလာပါလား သိသလောက်လေး ရှင်းပြပါအုံး။ ဘာဖြစ်လို့သုံးကြတာလည်း ? ဘာတွေထူးခြားလို့ သုံးတာလည်း ? ကျွန်တော်လည်း သေချာတော့ မသိဘူးဗျ အမြစ်တိုဆေးသုံးတာက တိုနေတဲ့အမြစ်လေးပါ ချက်စားလို့ရသလို အမြင်လည်းကောင်းတာ ပါမယ်ဗျ။ နောက်တစ်ချက်က ဖောက်ပြီးရောင်းတဲ့အခါ အမြစ်ပါထည့်ပေးလိုက်တော့ ရေရှည်ခံတယ်လေ။ ချွတ်ဆေးသုံးတာကတော့ ပဲပင်ပေါက်တွေက ရက်ကြာတဲ့အခါ အရောင်ပြောင်းပြီး ဈေးကွက်မှာမလှတော့ အရောင်ဖြူအောင် ချွတ်ဆေးသုံးကြတာ ဖြစ်နိုင်တယ်ဗျ။


အဲ့ဒိအမြစ်တိုဆေးဆိုတာ ဘယ်ကထုတ်တာလည်း ? သူ့စွမ်းအားဘယ်လောက်ရှိလည်း ? ဓာတ်ကြွင်းအာနိသင်ကာလ ?အဲ့ဒါလေးတွေ သိလားဗျ သိသလောက်လေး ပြောပြပါလား ?* ထိုင်းစာတွေနဲ့မို့ ထိုင်းကထုတ်တာတော့ သိတယ် ဒီလောက်ပဲ ကျန်တာတွေကတော့ ပဲတပိသာဖောက်ရင် ဒီဆေးကိုဒီလောက်ထည့်ရတယ်ဆိုတဲ့ တစ်ဆင့်စကား တစ်ဆင့်နားကြားပြီး လုပ်နေကြတာ။ ဈေးကွက်ကလည်း လက်ခံ စားသုံးသူကလည်း နှစ်သက်နေလေတော့ အမှားကြာ အမှန်ဖြစ်ထုံးစံအတိုင်းပဲပေါ့ ကိုလူကြမ်းရေ။


အဲ့ဒိတိုဆေးဗူးပုံလေး ပို့ပေးပါလား ? ဗူးကြီးဝယ်မသုံးတာကြာပြီ တခါသုံး (တခါသုံး အုန်းဆီဗူးလို)ဗူးလေးတွေပဲ သုံးနေကြတော့တယ်။ အဲ့ဒါနဲ့ပဲ ကိုယ်နဲ့အနီးဆုံးဖြစ်တဲ့ ထောက်ကြန့်ဈေးထဲသွား တိုဆေး အကြောင်း စနည်းနာကြည့်တော့ ” အံမယ် ဟုတ်သားလား ပဲပင်ပေါက်လေးတွေ အမြစ်ငေါက်တောက်လေးတွေနဲ့ ကိုယ့်ထက်တောင် တိုနေသေး။ (ကျွန်တော်အရပ်က တိုတယ် ပုတယ် ပြောတာပါ ) တပိသာ တခြင်းကို လက်လီဈေး တစ်ထောင်ကျပ်။ ဖောက်သည်ဈေး ကိုးရာကျပ်။ ကိုယ်ကသွင်းမယ်ဆို ရှစ်ရာကျပ်။


အစ်ကို ဖောက်မယ်ဆို ဒီပုံစံအတိုင်းနော် အမြစ်တိုရမယ် အရောင်ဖြူရမယ်။ ဟာ အေးပါကွာ ခုတစ်ခြင်းပေး ရော့ တစ်ထောင်။ ကဲ ပဲပင်ပေါက်တော့ရပြီ (တိုဆေးသုံးထားတဲ့ ပဲပင်ပေါက်လေး ချွတ်ဆေးပါ မပါတော့ မမြင်ရတော့ မသိ) သူနဲ့ လိုက်ဖက်တာက ” ပဲပြား ” ကဲ ပဲပြားလေးပါထည့် (ပဲပြားကရော ဖော်မလင် သုံးလား မသုံးလား သေချာမမြင်ရလေတော့) ကဲ လိုက်ဖက်ညီသော ဟင်းတစ်ပွဲ ” အာဂပါးစပ် လူဖြစ်ကျိုးနပ်ပဟဲ့ ” စာသားအတိုင်း ခုချက်ခြင်းတော့ မသေနိုင်ပါဘူးကွာ သေနေ့စေ့သေရမပေါ့ ဆိုသော လူတိုင်းတွေးတဲ့အတွေးကို ကျွန်တော် လူကြမ်းရင်ဝယ်ပိုက်လို့ ဆီရွှဲရွှဲလေးနဲ့ ကြော်စားလိုက်ပါတော့ သတည်း။


မပြီးသေးဘူးဗျ ကျန်သေးတယ် ထမင်းဝိုင်းမှာလေ ပဲပင်ပေါက်ပဲပြားကြော်လေးကို ထမင်းနဲ့ရောနယ် တလုပ်စားလိုက် ပြောလိုက် စားလိုက် ပြောလိုက်* ဒီမှာ တို့စားနေတဲ့ ပဲပင်ပေါက်ကို အစိမ်းအတိုင်းလက်နဲ့ဖြစ်ကြည့်လိုက်စမ်း အထဲမှာ အခေါင်းပေါက်ကြီးဟ သူတို့သုံးတဲ့ အမြစ်တိုဆေးက အဲ့အခေါင်းထဲ ဝင်နေမှာကျိမ်းသေပဲ။ နောက်ပြီး ပဲစေ့ကနေ ပဲပင်ပေါက်ဖြစ်ဖို့ ကာလက သုံးရက် ဟောအခုတို့တွေ စားနေပြီ ဓာတုဆေးတွေရဲ့ ဓာတ်ကြွင်းက ဒီလောက်ရက်တိုတိုလေးနဲ့တော့ မကုန်နိုင်တာ ကျိမ်းသေတယ်။ ဘယ်လိုလည်း အရသာရှိရဲ့လား ? (ငါ့ကိုတစွန်းလောက်ထည့်ပါအုံးဟ)


ပဲပြားလည်းကြည့်အုံး အသားကပွပွကြီး ဖော်မလင် သုံးထားတဲ့ဟာဆို အဲ့ဒိအတွင်းသားထဲ ရှိနေအုံးမှာဟ ဘယ်နှယ့် စားလို့ကောင်းလား အေး စားကြ စားကြ ဆေးသုံးရမဲ့ အချိုးအစားမသိ (သူများပြော ရမ်းထည့်) ဆေးတွေရဲ့ အကျိုးအပစ်တွေမသိ (သူများပြော မှန်းထည့်) စီးပွားရေးကလည်း တွက်ချေကိုက် (ဝယ်သူကလည်းကြိုက်တာကိုး) ကဲ ဘာများပြောခြင်ကြသေးလည်းဗျ ပြောစရာရှိရင် ပြောသွားကြဗျာCredit- SMT(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)source-Lu Gyan Gyi 9-9-2019