ဘဏ္အေကာင့္ထဲ စာရင္းမွားဝင္လာတဲ့ $(၁၂၀၀၀၀)ကို ရက္ပုိင္းအတြင္း သုံးပစ္လုိက္တဲ့စုံတြဲ

2019-09-11 13:07:55


ဘဏ္အေကာင့္ထဲ စာရင္းမွားဝင္လာတဲ့ $(၁၂၀၀၀၀)ကို ရက္ပုိင္းအတြင္း သုံးပစ္လုိက္တဲ့စုံတြဲ

အေမရိကန္ျပည္ေထာင္စု ပန္ဆယ္ေဗးနီယားမွာ ေနထိုင္တဲ့ စုံတြဲတစ္တြဲဟာ ဘဏ္အေကာင့္ထဲကို စာရင္းမွားၿပီး ဝင္ေရာက္လာတဲ့ ပုိက္ဆံေတြကုိ ၎တုိ႔ ကုိယ္ပိုင္ပုိက္ဆံကဲ့သုိ႔ သေဘာထားၿပီး၊ ရက္ပုိင္းအတြင္း အကုန္လုံး သုံးပစ္ခဲ့ေၾကာင္း UniLad သတင္းစာက ေဖာ္ျပထားပါတယ္။


အဆုိပါ စုံတြဲကေတာ့ Robert (၃၆)ႏွစ္နဲ႔ Tiffany Williams (၃၅)ႏွစ္တုိ႔ ျဖစ္ၿပီး၊ အေကာင့္ထဲကို စာရင္းမွား ေရာက္လာတဲ့ပုိက္ဆံေတြက သူတုိ႔ ေဒၚလာေထာင္နဲ႔ခ်ီေပးဆပ္ရမယ့္ အေၾကြးေတြအတြက္ေတာ့၊ ပမႊားေလးပါလုိ႔ ေတြးမိတဲ့အထိပါ။ ဒါေပမယ့္ အခုေတာ့ ေထာင္ဒဏ္က်ခံရဖုိ႔ ရွိေနပါၿပီ။




လြန္ခဲ့တဲ့ (၃)ႏွစ္ကလည္း ၾသစေတးလ်မွာ ေက်ာင္းတက္ေနတဲ့ မေလးေက်ာင္းသူတစ္ေယာက္ဟာ သူမရဲ႕အေကာင့္ထဲကို ဝင္ေရာက္လာတဲ့ ေဒၚလာသန္းနဲ႔ခ်ီေသာ ပုိက္ဆံေတြကို အလြဲသုံးစားျပဳခဲ့လုိ႔ ေထာင္ဒဏ္ျမင့္မားစြာ ခ်မွတ္ခံခဲ့ရဖူးပါေသးတယ္။




အခုစုံတြဲကိုလည္း ၿပီးခဲ့တဲ့ အဂၤါေန႔က တရား႐ုံးထုတ္စစ္ေဆးခဲ့တာ ျဖစ္ၿပီး၊ သူတုိ႔ဟာ ကုိယ့္ပုိက္ဆံမဟုတ္မွန္း သိေပမယ့္ ပုိက္ဆံေတြအကုန္လုံးကို ႏွစ္ပတ္ေလာက္အတြင္း အကုန္သုံးပစ္ခဲ့တာပါ။ သူတုိ႔ႏွစ္ေယာက္ဟာ ကားႏွစ္စီးအျပင္၊ အပန္းေျဖခရီးေတြ သြားခဲ့ပါေသးတယ္။




မွားယြင္းခဲ့တဲ့ ဘဏ္ကေတာ့ BB&T ျဖစ္ၿပီး၊ ေမလ(၃၁)ရက္က ဘဏ္ဝန္ထမ္းတစ္ဦးရဲ႕ အမွားေၾကာင့္ အခုလုိ ျဖစ္ခဲ့တာလုိ႔ သိရပါတယ္။ ဒါေပမယ့္ လုပ္ထုံးလုပ္နည္းေတြအရ ကိုယ့္ပုိက္ဆံမဟုတ္တာကို ကုိယ့္ပုိက္ဆံအျဖစ္ သုံးစြဲခဲ့ရင္ ေငြအလြဲသုံးစားမႈသာျဖစ္ၿပီး၊ ဥပေဒအရ ေထာင္ဒဏ္ခ်မွတ္ခံရမွာပါ။




Tiffany ဟာ ဒီပုိက္ဆံေတြထဲကေန သူငယ္ခ်င္းေတြကို မုန္႔ဖုိ႔ ေဒၚလာ (၁၅၀၀၀)အထိ ေပးခဲ့ေသးတယ္လုိ႔ ဆုိပါတယ္။ ဇြန္လ(၂၀)ရက္ေန႔မွာ ဘဏ္က သူတုိ႔ကုိ အေၾကာင္းၾကားခဲ့ေပမယ့္၊ Tiffany က သူမရဲ႕ခင္ပြန္းနဲ႔ ဘဏ္ကို လူကိုယ္တုိင္ လာေရာက္ရွင္းလင္းပါ့မယ္လုိ႔ ေျပာခဲ့ပါတယ္။ ဒါေပမယ့္ အဲဒီေနာက္ ဆက္သြယ္လုိ႔ မရေတာ့ပါဘူး။


ဇူလုိင္ဒုတိယအပတ္မွာ သူတုိ႔ကို ဖမ္းမိခဲ့ၿပီး၊ သူတုိ႔ပုိင္ပုိက္ဆံမဟုတ္မွန္း သိရွိေၾကာင္း၊ အေၾကြးေတြ လုံးေနလုိ႔ သုံးခဲ့တာျဖစ္ေၾကာင္း၊ ျပန္ဆပ္ပါ့မယ့္အေၾကာင္း ေျပာခဲ့ေပမယ့္ သူတုိ႔ကို ေငြအလြဲသုံးစားလုပ္မႈ၊ ဘဏ္လုပ္ငန္းဆုိင္ရာ ဥပေဒေတြနဲ႔ အမႈဖြင့္ခဲ့တာပါ။ အခုဆုိ သူတုိ႔ ေထာင္နန္းစံရဖုိ႔ ေသခ်ာေနပါၿပီ။


လင္းေဇာ္ကို D Nae Khit Media


ယူနီကုဒ်ဖြင့်ဖတ်ရန်-


အမေရိကန်ပြည်ထောင်စု ပန်ဆယ်ဗေးနီယားမှာ နေထိုင်တဲ့ စုံတွဲတစ်တွဲဟာ ဘဏ်အကောင့်ထဲကို စာရင်းမှားပြီး ဝင်ရောက်လာတဲ့ ပိုက်ဆံတွေကို ၎င်းတို့ ကိုယ်ပိုင်ပိုက်ဆံကဲ့သို့ သဘောထားပြီး၊ ရက်ပိုင်းအတွင်း အကုန်လုံး သုံးပစ်ခဲ့ကြောင်း UniLad သတင်းစာက ဖော်ပြထားပါတယ်။


အဆိုပါ စုံတွဲကတော့ Robert (၃၆)နှစ်နဲ့ Tiffany Williams (၃၅)နှစ်တို့ ဖြစ်ပြီး၊ အကောင့်ထဲကို စာရင်းမှား ရောက်လာတဲ့ပိုက်ဆံတွေက သူတို့ ဒေါ်လာထောင်နဲ့ချီပေးဆပ်ရမယ့် အကြွေးတွေအတွက်တော့၊ ပမွှားလေးပါလို့ တွေးမိတဲ့အထိပါ။ ဒါပေမယ့် အခုတော့ ထောင်ဒဏ်ကျခံရဖို့ ရှိနေပါပြီ။


လွန်ခဲ့တဲ့ (၃)နှစ်ကလည်း သြစတေးလျမှာ ကျောင်းတက်နေတဲ့ မလေးကျောင်းသူတစ်ယောက်ဟာ သူမရဲ့အကောင့်ထဲကို ဝင်ရောက်လာတဲ့ ဒေါ်လာသန်းနဲ့ချီသော ပိုက်ဆံတွေကို အလွဲသုံးစားပြုခဲ့လို့ ထောင်ဒဏ်မြင့်မားစွာ ချမှတ်ခံခဲ့ရဖူးပါသေးတယ်။


အခုစုံတွဲကိုလည်း ပြီးခဲ့တဲ့ အင်္ဂါနေ့က တရားရုံးထုတ်စစ်ဆေးခဲ့တာ ဖြစ်ပြီး၊ သူတို့ဟာ ကိုယ့်ပိုက်ဆံမဟုတ်မှန်း သိပေမယ့် ပိုက်ဆံတွေအကုန်လုံးကို နှစ်ပတ်လောက်အတွင်း အကုန်သုံးပစ်ခဲ့တာပါ။ သူတို့နှစ်ယောက်ဟာ ကားနှစ်စီးအပြင်၊ အပန်းဖြေခရီးတွေ သွားခဲ့ပါသေးတယ်။


မှားယွင်းခဲ့တဲ့ ဘဏ်ကတော့ BB&T ဖြစ်ပြီး၊ မေလ(၃၁)ရက်က ဘဏ်ဝန်ထမ်းတစ်ဦးရဲ့ အမှားကြောင့် အခုလို ဖြစ်ခဲ့တာလို့ သိရပါတယ်။ ဒါပေမယ့် လုပ်ထုံးလုပ်နည်းတွေအရ ကိုယ့်ပိုက်ဆံမဟုတ်တာကို ကိုယ့်ပိုက်ဆံအဖြစ် သုံးစွဲခဲ့ရင် ငွေအလွဲသုံးစားမှုသာဖြစ်ပြီး၊ ဥပဒေအရ ထောင်ဒဏ်ချမှတ်ခံရမှာပါ။


Tiffany ဟာ ဒီပိုက်ဆံတွေထဲကနေ သူငယ်ချင်းတွေကို မုန့်ဖို့ ဒေါ်လာ (၁၅၀၀၀)အထိ ပေးခဲ့သေးတယ်လို့ ဆိုပါတယ်။ ဇွန်လ(၂၀)ရက်နေ့မှာ ဘဏ်က သူတို့ကို အကြောင်းကြားခဲ့ပေမယ့်၊ Tiffany က သူမရဲ့ခင်ပွန်းနဲ့ ဘဏ်ကို လူကိုယ်တိုင် လာရောက်ရှင်းလင်းပါ့မယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနောက် ဆက်သွယ်လို့ မရတော့ပါဘူး။


ဇူလိုင်ဒုတိယအပတ်မှာ သူတို့ကို ဖမ်းမိခဲ့ပြီး၊ သူတို့ပိုင်ပိုက်ဆံမဟုတ်မှန်း သိရှိကြောင်း၊ အကြွေးတွေ လုံးနေလို့ သုံးခဲ့တာဖြစ်ကြောင်း၊ ပြန်ဆပ်ပါ့မယ့်အကြောင်း ပြောခဲ့ပေမယ့် သူတို့ကို ငွေအလွဲသုံးစားလုပ်မှု၊ ဘဏ်လုပ်ငန်းဆိုင်ရာ ဥပဒေတွေနဲ့ အမှုဖွင့်ခဲ့တာပါ။ အခုဆို သူတို့ ထောင်နန်းစံရဖို့ သေချာနေပါပြီ။


လင်းဇော်ကို D Nae Khit Media