ဗစ္တိုးရီးယားအမႈ VIDEO CONFERENCING နဲ႔ စစ္ေဆး

2019-09-11 12:07:46


ဗစ္တိုးရီးယားအမႈ VIDEO CONFERENCING နဲ႔ စစ္ေဆး

ေနျပည္ေတာ္ ဒကိၡဏခရိုင္ တရားရံုးမွာ ဒီေန႔ ျပဳလုပ္တဲ့ ေျခာက္ႀကိမ္ေျမာက္ရံုးခ်ိန္းမွာ လိင္အၾကမ္းဖက္ခံခဲ့ရတဲ့ Victoria ကေလးငယ္ကို Video Conferencing စနစ္ကို သံုးၿပီး သီးသန္႔ စစ္ေဆးမွာျဖစ္ပါတယ္။


Victoria လို႔ အမည္ေပးထားတဲ့ ကေလးငယ္အတြက္ ပထမဆံုးအႀကိမ္ တရားရံုးမွာ သက္ေသထြက္ဆိုရမွာလည္း ျဖစ္ပါတယ္။ဒီအမႈအတြက္ Wisdom Hill မူႀကိဳေက်ာင္းက ယာဥ္ေမာင္း ေအာင္ႀကီးကုိ ရဲတပ္ဖြဲ႕က ျပစ္မႈက်ဴးလြန္တယ္လို႔ သံသယရွိတဲ့အတြက္ မုဒိမ္းမႈ ပုဒ္မ နဲ႔ ဖမ္းဆီးထားခဲ့ပါတယ္။




က်ဴးလြန္သူ ဘယ္သူလဲဆိုတာနဲ႔ ပတ္သက္လို႔ Victoria ကို ေမးျမန္း ရိုက္ကူးထားတဲ့ တယ္လီဖုန္း မွတ္တမ္းေတြ အရ စြပ္စြဲခံထားရသူ ေအာင္ႀကီးကို မသိေၾကာင္းနဲ႔ Wisdom Hill ပုဂၢလိက မူႀကိဳေက်ာင္းက ကိုကို လုပ္တာျဖစ္ေၾကာင္း Victoria က အဲဒီဖုန္းမွတ္တမ္းထဲမွာ ေျပာထားတယ္လို႔ သက္ေသထြက္ဆိုခ်က္ေတြအရ သိရပါတယ္။




အရင္ရံုးခ်ိန္းေတြက သတင္းေထာက္ေတြနဲ႔ ေလ့လာသူေတြ တရားခြင္ထဲ ဝင္ခြင့္ရခဲ့ေပမယ့္ ဒီေန႔ရံုးခ်ိန္းကိုေတာ့ ခြင့္မျပဳခဲ့ပါဘူး။Photo: Thiha Tun/RFA


Credit: RFA Burmese


Unicode


နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးမှာ ဒီနေ့ ပြုလုပ်တဲ့ ခြောက်ကြိမ်မြောက်ရုံးချိန်းမှာ လိင်အကြမ်းဖက်ခံခဲ့ရတဲ့ Victoria ကလေးငယ်ကို Video Conferencing စနစ်ကို သုံးပြီး သီးသန့် စစ်ဆေးမှာဖြစ်ပါတယ်။


Victoria လို့ အမည်ပေးထားတဲ့ ကလေးငယ်အတွက် ပထမဆုံးအကြိမ် တရားရုံးမှာ သက်သေထွက်ဆိုရမှာလည်း ဖြစ်ပါတယ်။ဒီအမှုအတွက် Wisdom Hill မူကြိုကျောင်းက ယာဉ်မောင်း အောင်ကြီးကို ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိတဲ့အတွက် မုဒိမ်းမှု ပုဒ်မ နဲ့ ဖမ်းဆီးထားခဲ့ပါတယ်။




ကျူးလွန်သူ ဘယ်သူလဲဆိုတာနဲ့ ပတ်သက်လို့ Victoria ကို မေးမြန်း ရိုက်ကူးထားတဲ့ တယ်လီဖုန်း မှတ်တမ်းတွေ အရ စွပ်စွဲခံထားရသူ အောင်ကြီးကို မသိကြောင်းနဲ့ Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းက ကိုကို လုပ်တာဖြစ်ကြောင်း Victoria က အဲဒီဖုန်းမှတ်တမ်းထဲမှာ ပြောထားတယ်လို့ သက်သေထွက်ဆိုချက်တွေအရ သိရပါတယ်။


အရင်ရုံးချိန်းတွေက သတင်းထောက်တွေနဲ့ လေ့လာသူတွေ တရားခွင်ထဲ ဝင်ခွင့်ရခဲ့ပေမယ့် ဒီနေ့ရုံးချိန်းကိုတော့ ခွင့်မပြုခဲ့ပါဘူး။Photo: Thiha Tun/RFA


Credit: RFA Burmese