ဝက်​​ပေါင်​​ခြောက်​လို အရသာရှိတဲ့ ​ရေညှိတစ်မျိုးကို သိပ္ပံပညာရှင်​​တွေ ရှာ​ဖွေ​တွေ့ရှိခဲ့

2019-09-11 10:26:59


ဝက်​​ပေါင်​​ခြောက်​လို အရသာရှိတဲ့ ​ရေညှိတစ်မျိုးကို သိပ္ပံပညာရှင်​​တွေ ရှာ​ဖွေ​တွေ့ရှိခဲ့

အ​မေရိကန်​နိုင်​ငံ၊ ​အော်​ရီဂွန်​ပြည်​နယ်​က သိပ္ပံပညာ​ရှင်​​တွေဟာ ချက်​ပြုတ်​လိုက်​တာနဲ့ ဝက်​​ပေါင်​​ခြောက်​လိုအရသာမျိုးရရှိ​စေတဲ့ ​ရေညှိတစ်မျိုးကို ရှာ​ဖွေ​တွေ့ရှိခဲ့​ကြောင်း Elitereaders သတင်းဝက်​ဘ်​ဆိုက်​မှာ ​ဖော်​ပြသွားခဲ့ပါတယ်​။


တကယ်​​တော့ ​ရေညှိုဟာ အာဟာရတန်​ဖိုးမြင့်​မားပြီး ဝက်​​ပေါင်​​ခြောက်​ထက်​ ပိုပြီး လူရဲ့ကျန်းမာ​ရေးနဲ့ညီညွ​တ်​​စေတာအမှန်​ဖြစ်​​ပေမဲ့ ​ရေညှိနဲ့ဝက်​​ပေါင်​​ခြောက်​ကို ယှဉ်​​ရွေးရမယ်​ဆိုရင်​ ဝက်​​ပေါင်​​ခြောက်​ကိုသာ​နေ့စဉ်​စားသုံးဖို့​ရွေးချယ်​ကြမယ့်​သူ​တွေ အများအပြား ရှိ​နေပါတယ်​။




ဒါ​ကြောင့်​ စားလိုက်​ရင်​ ဝက်​​ပေါင်​​ခြောက်​လိုအရသာမျိုး ထွက်​​ပေါ်လာ​စေမယ့် ရေညှိတစ်မျိုးကို ရှာ​ဖွေ​တွေ့ရှိခဲ့တာဟာ အ​တော့်​ကို​ကောင်းမွန်​တဲ့​အောင်​မြင်​မှုလို့ဆိုရမှာပါ။




ရှာ​ဖွေ့​တွေ့ရှိခဲ့သူပညာရှင်​​တွေထဲက တစ်ဦးဖြစ်​တဲ့ Chris Langdon က​တော့ သူတို့အဖွဲ့ဟာ ပင်​လယ်​ခရု​တွေအ​တွက်​ အစာအာဟာရရင်းမြစ်​​ကို ရှာ​ဖွေ​နေရင်း အခုလို​မျိုး​ရေညှိကိုရှာ​ဖွေ​တွေ့ရှိခဲ့တာဖြစ်​​ကြောင်း ဆိုခဲ့တယ်​လို့ Elitereaders သတင်း​ဖော်​ပြမှုမှာ ပါဝင်​ခဲ့ပါတယ်​။


ဒီ​ရေညှိအမျိုးအစားဟာ ပိုပြီးကျန်းမာ​စေတဲ့​ရွေးချယ်​မှုဖြစ်​လာ​စေမှာအမှန်​ပါ။ အဲ့ဒီ​ရေညှိရဲ့ပုံသဏ္ဍန်​က​တော့ ထွင်း​ဖောက်​မြင်​ရတဲ့ ​ဆလပ်​ရွက်​အနီ​ရောင်​​တွေလိုမြင်​ရ​ကြောင်း၊ အတ္တလန်​တိတ်​ နဲ့ ပစိဖိတ်​ ပင်လယ်​​ကမ်းရိုးတန်းပိုင်း​တွေမှာ ​ပေါက်​​ရောက်​​လေ့ရှိ​ကြောင်း သတင်း​ဖော်​ပြမှုမှာ ​ပါဝင်​ခဲ့ပါတယ်​။




အဲ့ဒီ ​ရေညှိအနီ​ရောင်​ဟာ စားလို့ သိပ်ပြီး​အရသာရှိရုံသာမက လျင်​မြန်​စွာ​ကြီးထွား​ပေါက်​​ရောက်​​လေ့ရှိတဲ့အပြင်​ ကိုက်​လန်​ရွက်​ထက်​ အာဟာတန်​ဖိုးနှစ်​ဆပါဝင်​​နေတယ်​လို့လည်း သိရှိရ​သေးတဲ့အပြင်​ သက်​သတ်​လွတ်​စားသုံးသူ​တွေအတွက်​ အသင့်​​တော်​ဆုံးအစားအစာ ဖြစ်​တယ်​လို့လည်း ပညာရှင်​​တွေက​ထောက်​ခံ​ပေးခဲ့ကြတာပါ။




EFIL-ApannPyay(အပန်းပြေ)