ဗစ်တိုရီးယားလေးကို စစ်ချက်ယူတော့မှာဖြစ်လို့ လာရောက်ဝန်ရံသူများ အထူးသတိပြုကြရန်

2019-09-11 10:23:59


ဗစ်တိုရီးယားလေးကို စစ်ချက်ယူတော့မှာဖြစ်လို့ လာရောက်ဝန်ရံသူများ အထူးသတိပြုကြရန်

ဒီနေ့ (၆) ကြိမ်မြောက်ရုံးချိန်းမှာ ဗစ်တိုရီးယားလေးကို စစ်ချက်ယူတော့မှာဖြစ်လို့ လာရောက်ဝန်ရံသူများ အထူးသတိပြုကြရန် ဗစ်တိုရီးယားလေး အမှုကို အထူးလိုက်ပါ ဝန်းရံဆောင်ရွက်နေသူ သက္ကမိုးညိုမှ သတိပေးထားကြောင်း တွေ့ရပါသည်။


တရားရုံးကို လာရောက်ဝန်းရံမယ့်သူ ရှိရင် စည်းကမ်းတကျ ရှိစေချင်ကြောင်း ပုံမှန်ရုံးချိန်းမှာ ဆိုရင်တောင် မီဒီယာ ၂၀၊ ပြည်သူ ၃၀ (မိသားစု အပါအ၀င်) ပဲ ၀င်ခွင့်ပေးကြောင်း နှင့် တရားရုံးအပြင်ဘက်မှာ စောင့်စားဝန်းရံသူများလေ့ရှိကြောင်း ဖော်ပြထားခဲ့ပါတယ်။


အခုက သမီးငယ်လေးကို စစ်မေးတာ ဖြစ်လို့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေထဲကအတိုင်း ကလေးသူငယ်တရားရုံးပုံစံနဲ့ စစ်မေးခဲ့ရင် မီဒီယာနဲ့ အခြားသူတွေ ၀င်ခွင့် ပေးကောင်းမှ ပေးပါလိမ့်မယ်။ မပေးခဲ့ရင်လည်း နားလည်ကြဖို့ တောင်းဆိုထားပါတယ်။


နောက်အထူးတလည် မှာကြားချင်တဲ့အချက်က တရားရုံးနားမှာ ရှိနေရင်းနဲ့ ဘယ်ကလေးသူငယ်ကိုမှ ဓာတ်ပုံရိုက်တာ၊ ဗီဒီယိုရိုက်တာတွေ မလုပ်ဖို့ပါ။ တရားရုံးနောက်ခံနဲ့ ပါသွားတဲ့ ကလေးတယောက်ယောက်ကို ဗစ်တိုးရီးယားလေးပါလို့ ဖွလိုက်မှာ စိုးလို့ပါ။ (WH ယူနီဖောင်းနဲ့ ကလေးတယောက်ကို အဲလို ခြိမ်းခြောက်တဲ့ ဖြစ်စဉ် ဖြစ်ဖူးခဲ့လို့ပါ)


အထက်မှာ ပြောတဲ့ စည်းကမ်းတကျ ရှိစေချင်တယ်ဆိုတာက ၀န်းရံသူတွေအနေနဲ့ အပျော်အပျက် သဘောနဲ့ ဖြစ်စေ၊ တမင်ဖြစ်စေ ဆူဆူညံညံ မလုပ်မိဖို့ လိုပါတယ်။ တိတ်တိတ်ဆိတ်ဆိတ် စနစ်တကျ ၀န်းရံဖို့ လိုပါတယ်။ အမှိုက်က အစ စနစ်တကျ စွန့်ပစ်ဖို့၊ ယာဉ်လမ်းကြောင်းတွေ ပိတ်ဆို့အောင် မနေဖို့ လိုကြောင်း ဆက်လက်ဖော်ပြခဲ့ပါတယ်။


အားလုံးဟာ တရားဥပဒေ စိုးမိုးရေးအတွက် သမီးငယ်ကို ၀န်းရံသူများ ဖြစ်ကြောင်း ဘယ်အရောင်မှ စွန်းထင်းနေခြင်း မရှိဘူးဆိုတာကို စည်းကမ်းတကျ ပြသကြရမည်ဖြစ်ကြောင်း အထူးသတိပေးသွားခဲ့ပါတယ်။


ApannPyay