မြေ​ခွေးကို သက်​သက်​လွတ်​​ကျွေးပြီး​ ​မွေး​နေတဲ့သခင်

2019-09-11 10:20:46


မြေ​ခွေးကို သက်​သက်​လွတ်​​ကျွေးပြီး​ ​မွေး​နေတဲ့သခင်

စပိန်နိုင်ငံ၊ ​​ဘာစီလိုနာမြို့က တိရစ္ဆာန်​အခွင့်​အ​ရေးတက်​ကြွလှုပ်​ရှားသူတဦးဖြစ်​တဲ့ Sonia Sae ဟာ Fennec Fox ​မြေ​ခွေးအမျိုးအစားကို ၂၀၁၄ ခုနစ်​က တိရစ္ဆာန်​ပိုင်​ရှင်​တဦးထံက​ ​ခေါ်ယူ​မွေးစားခဲ့သူဖြစ်​ပါတယ်​။


သူဟာ အဲ့ဒီ​မြေ​ခွေး​လေးကို ​မွေးစားခဲ့ချိန်​ကစလို့ Jumanji လို့ အမည်​​ပေးပြီး အသီးအရွက်​နဲ့ သက်​သတ်​လွတ်​ ကိုသာ ​ကျွေး​မွေးခဲ့တယ်​လို့်​ Elitereaders သတင်းဝက်​ဘ်​ဆိုက်ရဲ့​ဖော်​ပြချက်​မှာ အံ့အားသင့်​ဖွယ်​ရာ​တွေ့ရှိခဲ့ရပါတယ်​။


အဲ့ဒါ​ကြောင့်​ သူဟာ တိရစ္ဆာန်​နှိပ်​စက်သူတဦးအဖြစ်​ လက်​ရှိအချိန်​မှာ အကြိမ်​​ပေါင်းများစွာ ​ဝေဖန်​ရှုတ်​ချခံ​နေရတာလည်း ဖြစ်​ပါတယ်​။




သားစားတိရစ္ဆာန်​တ​ကောင်​ကို အရွက်​နဲ့သက်​သတ်​လွတ်​စာ​ကျွေးခြင်းဟာ တိရစ္ဆာန်​ဗီဇကို​ပြောင်းပြန်​လှန်​ပြီး သူ့ရဲ့ဇီဝဖွံ့ဖြိုးမှုကို ဒုက္ခ​ပေးခြင်းသာဖြစ်​တယ်​လို့ ဝိုင်းဝန်း​ပြောဆိုမှု​တွေနဲ့အတူ သူဟာအဲ့ဒီလုပ်​ရပ်​​ကြောင့်​ အကြီးအကျယ်​ တိုက်​ခိုက်ခံ​နေရတယ်​လို့ Elitereaders သတင်းမှာ​ဖော်​ပြသွားခဲ့တာပါ။


Sonia ဟာြေ​မ​ခွေး​လေးရဲ့ဓာတ်​ပုံ​တွေကို ဆိုရှယ်​မီဒီယာ​ပေါ်​က​နေတဆင့်​ လူအများအမြင်​မှာ ချပြခဲ့တဲ့အခါ ​မြေ​ခွေးဟာ ပိန်​လှီ​နေပြီး အမြင်​အာရုံချို့တဲ့မှုလည်းဖြစ်​​နေကာ အ​မွှေး​တွေလည်းကျွတ်​​နေတာဖြစ်​​ကြောင်း သိရှိခဲ့ရပါတယ်​။


လူ​တွေက​တော့ အာရပ်​ကျွန်းဆွယ်​နဲ့ ​မြောက်​အ​မေရိကဘက်​မှာ​နေထိုင်​ကျက်​စား​တဲ့ ​ဒေသရင်း ​တောရိုင်းတိရစ္ဆာန်​တ​ကောင်​ကို အိမ်​​မွေးတိရစ္ဆာန်​အဖြစ်​​မွေးမြူထားတာကို သ​​ဘောမကျသလို Sonia ရဲ့ တုံ့ပြန်​ပုံကလည်း စိတ်​ဝင်​စားစရာ ​ကောင်းခဲ့ပါတယ်​။




” တိရစ္ဆာန်​တ​ကောင်​ကို အခြားတရိစ္ဆာန်​​တ​ကောင်​ရဲ့အသားကို ​ကျွေးပြီးရှင်​သန်​ခိုင်းတာမှ အဲ့ဒီ တိရစ္ဆာန်​ကို ​စော်​ကားလိုက်​တာဖြစ်​ပါတယ်​။ ကျွန်​မရဲ့​မြေ​ခွေး​လေးအတွက်​ ဘာမှဝိုင်းစိတ်​ပူ​နေစရာမလိုပါဘူး။ ​ကျေးဇူးတင်​ပါတယ် ” လို့ သူက လူမှုကွန်​ရက်​မှာ ပြန်​လည်​​ရေးသားတုံ့ပြန်​သွားခဲ့တာပါ။ အခုချိန်​မှာ ​တော့ ​မြေ​ခွေး​လေး Jumanhi ဟာ ​သေဆုံးသွားခဲ့ပြီဖြစ်​ပါတယ်​။




သ​ဘာဝဓ​လေ့အရ ဥ​တွေ၊ ဖွ​တ်​​ပုတတ်​သတ္တဝါ​တွေနဲ့ အင်းဆက်​​တွေကိုသာစား​သောက်​တတ်​တဲ့ ​မြေ​ခွေးအမျိုးအစား ဟာ အသီးအရွက်​​တွေကိုသာစား​သောက်​ခဲ့ရတာ​ကြောင့်​ အခုလို​သေဆုံးသွားရခဲ့တာဖြစ်​တယ်​လို့ တိရစ္ဆာန်​ချစ်​သူအများက​ကောက်​ချက်​ချ​နေကြပါတယ်​။


EFIL-ApannPyay(အပန်းပြေ)