အျခားအမ်ိဳးသား(၆)ဦးကုိ HIV တမင္ကူးစက္ေစခဲ့တဲ့ အလွဖန္တီးရွင္ကုိ ေထာင္ဒဏ္စီရင္

2019-09-10 22:58:01


အျခားအမ်ိဳးသား(၆)ဦးကုိ HIV တမင္ကူးစက္ေစခဲ့တဲ့ အလွဖန္တီးရွင္ကုိ ေထာင္ဒဏ္စီရင္

စကၤာပူမွာ အလြတ္တန္း အလွျပင္ပညာရွင္အျဖစ္ အလုပ္လုပ္ကိုင္ေနတဲ့ အသက္(၃၅)ႏွစ္အရြယ္ မေလးရွား အလွဖန္တီးရွင္တစ္ဦးဟာ၊ သူ႕မွာ HIV ပုိးရွိတယ္ဆုိတာ သံသယျဖစ္မိေသာ္လည္း၊ အျခား အမ်ိဳးသား(၆)ဦးကို တမင္ HIV ကူးစက္ေစခဲ့လုိ႔ အခုဆုိ ေထာင္ဒဏ္နဲ႔ ရင္ဆုိင္ေနရပါၿပီ။


အဆုိပါလူဟာ စကၤာပူမွာ ဆံပင္မိတ္ကပ္နဲ႔ ဖက္ရွင္ဒီဇုိင္နာအျဖစ္ အသက္ေမြးဝမ္းေၾကာင္း ျပဳေနသူျဖစ္ပါတယ္။ သူဟာ (၂၀၀၈)ကတည္းက HIV ကူးစက္ခံထားရေၾကာင္း ကုိယ့္ကုိယ္ကုိ သံသယရွိခဲ့ေပမယ့္၊ သူ႕ရဲ႕အလုပ္ကို ထိခိုက္ႏုိင္လုိ႔ တရားဝင္ ေဆးစစ္ျခင္း မရွိခဲ့ပါဘူး။


ဒီလုိနဲ႔ သူဟာ အျခားအမ်ိဳသား(၆)ဦးနဲ႔ လိင္ပုိင္းဆုိင္ရာ မကင္းမရွင္းျဖစ္ခဲ့ရာ၊ အဲဒီလူေတြက အကာအကြယ္သုံးမယ္လုိ႔ ေျပာတာေတာင္ သူက ျငင္းပယ္ခဲ့ပါသတဲ့။ သူ႕ကုိ HIV ကင္းရွင္းေၾကာင္း ေဆးအေျဖရၿပီးၿပီလားေမးေတာ့လည္း သူက ေဆးစစ္ထားတဲ့အေျဖ ရွိၿပီးသားလုိ႔ မလိမ့္တပတ္ လိမ္ခဲ့ပါသတဲ့။




ဒီလုိနဲ႔ အျခားအမ်ိဳးသား(၆)ဦးကို HIV တမင္ကူးစက္ေစခဲ့တာေၾကာင့္ နစ္နာသူေတြက အမႈဖြင့္တုိင္ၾကားခဲ့ပါတယ္။ သူ႕ကို တရားစြဲသူကေတာ့ (၂)ဦးပဲဆုိေပမယ့္၊ Singapore’s Ministry of Health (MOH) ရဲ႕အဆုိအရ (၆)ဦးအထိ ရွိတယ္လုိ႔ ေျပာပါတယ္။


 


အဲဒီ Gay ကုိ ကူးစက္ေရာဂါထိန္းခ်ဳပ္မႈအက္ဥပေဒအရ စကၤာပူတရား႐ုံးက ေထာင္ဒဏ္(၄၂)လ ခ်မွတ္ခဲ့တာပါ။ အဆုိပါလူဟာ HIV ကူးစက္ခံရမႈ အနည္းဆုံး (၁၀)ႏွစ္ေလာက္ ရွိေနၿပီျဖစ္ၿပီး၊ ဒီေလာက္ အသက္ရွည္ရွည္ ေနႏုိင္တာကလည္း အေတာ္ေလး အံ့ၾသစရာ ေကာင္းေနပါတယ္။


လင္းေဇာ္ကို


ယူနီကုဒ်ဖြင့်ဖတ်ရန်-


စင်္ကာပူမှာ အလွတ်တန်း အလှပြင်ပညာရှင်အဖြစ် အလုပ်လုပ်ကိုင်နေတဲ့ အသက်(၃၅)နှစ်အရွယ် မလေးရှား အလှဖန်တီးရှင်တစ်ဦးဟာ၊ သူ့မှာ HIV ပိုးရှိတယ်ဆိုတာ သံသယဖြစ်မိသော်လည်း၊ အခြား အမျိုးသား(၆)ဦးကို တမင် HIV ကူးစက်စေခဲ့လို့ အခုဆို ထောင်ဒဏ်နဲ့ ရင်ဆိုင်နေရပါပြီ။


အဆိုပါလူဟာ စင်္ကာပူမှာ ဆံပင်မိတ်ကပ်နဲ့ ဖက်ရှင်ဒီဇိုင်နာအဖြစ် အသက်မွေးဝမ်းကြောင်း ပြုနေသူဖြစ်ပါတယ်။ သူဟာ (၂၀၀၈)ကတည်းက HIV ကူးစက်ခံထားရကြောင်း ကိုယ့်ကိုယ်ကို သံသယရှိခဲ့ပေမယ့်၊ သူ့ရဲ့အလုပ်ကို ထိခိုက်နိုင်လို့ တရားဝင် ဆေးစစ်ခြင်း မရှိခဲ့ပါဘူး။


ဒီလိုနဲ့ သူဟာ အခြားအမျိုသား(၆)ဦးနဲ့ လိင်ပိုင်းဆိုင်ရာ မကင်းမရှင်းဖြစ်ခဲ့ရာ၊ အဲဒီလူတွေက အကာအကွယ်သုံးမယ်လို့ ပြောတာတောင် သူက ငြင်းပယ်ခဲ့ပါသတဲ့။ သူ့ကို HIV ကင်းရှင်းကြောင်း ဆေးအဖြေရပြီးပြီလားမေးတော့လည်း သူက ဆေးစစ်ထားတဲ့အဖြေ ရှိပြီးသားလို့ မလိမ့်တပတ် လိမ်ခဲ့ပါသတဲ့။


ဒီလိုနဲ့ အခြားအမျိုးသား(၆)ဦးကို HIV တမင်ကူးစက်စေခဲ့တာကြောင့် နစ်နာသူတွေက အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ သူ့ကို တရားစွဲသူကတော့ (၂)ဦးပဲဆိုပေမယ့်၊ Singapore’s Ministry of Health (MOH) ရဲ့အဆိုအရ (၆)ဦးအထိ ရှိတယ်လို့ ပြောပါတယ်။


အဲဒီ Gay ကို ကူးစက်ရောဂါထိန်းချုပ်မှုအက်ဥပဒေအရ စင်္ကာပူတရားရုံးက ထောင်ဒဏ်(၄၂)လ ချမှတ်ခဲ့တာပါ။ အဆိုပါလူဟာ HIV ကူးစက်ခံရမှု အနည်းဆုံး (၁၀)နှစ်လောက် ရှိနေပြီဖြစ်ပြီး၊ ဒီလောက် အသက်ရှည်ရှည် နေနိုင်တာကလည်း အတော်လေး အံ့သြစရာ ကောင်းနေပါတယ်။


လင်းဇော်ကို