နာမည္ၾကီး PUBG ဂိမ္းေဆာ့ဖို႔ ဖုန္းေဘဖိုးမေပးရာကေန အေဖကိုဓားနဲ႔ ခုတ္သတ္ခဲ့သုူ

2019-09-10 22:55:16


နာမည္ၾကီး PUBG ဂိမ္းေဆာ့ဖို႔ ဖုန္းေဘဖိုးမေပးရာကေန အေဖကိုဓားနဲ႔ ခုတ္သတ္ခဲ့သုူ

အိႏိၵယႏုိင္ငံမွာ ျဖစ္ပ်က္ခဲ့တဲ့ သားက အေဖကို ဓားနဲ႔ ျပန္ခုတ္သတ္ခဲ့တဲ့ အမႈတစ္ခုမွာ ျဖစ္ပြားခဲ့ရတဲ့ အဓိက အေၾကာင္းအရင္းဟာ အင္တာနက္ဂိမ္း PUBG ေဆာ့ဖို႔ ဖုန္းေဘဖိုးမေပးရာကေန ေဒါသထြက္ျပီးျဖစ္ခဲ့တာပါလို႔ နာမည္ၾကီး Bangalore Mirror သတင္းစာကေန ေဖာ္ျပခဲ့ပါတယ္။


ျဖစ္စဥ္အေသးစိတ္ကို အပန္းေျပမီဒီယာရဲ႕ နားလည္မႈအရ အိႏိၵယႏုိင္ငံ၊ Belagavi မွာ ေနတဲ့ အသက္ (၂၅)ႏွစ္အရြယ္ Raghuveer Kumbar ဆိုတဲ့ ေက်ာင္းသား တစ္ေယာက္ဟာ ဂိမ္းကိုအေျခခံတဲ့ျပႆနာေပၚ မူတည္ျပီး အသက္ (၆၀)အရြယ္ အေဖျဖစ္သူ Shankrappa Kumbar အျငိမ္းစား ရဲအရာရွိကို အပိုင္းပိုင္း ခုတ္ျဖတ္ခဲ့မႈ ျဖစ္ပြားခဲ့တယ္လို႔ ဆိုပါတယ္။




ဖခင္ကို မီးဖိုေခ်ာင္သံုး ဓားနဲ႔ ခုတ္ခဲ့တဲ့ သားရဲ႕ အဓိက ျပႆနာစျဖစ္တဲ့အေၾကာင္းရင္းအေနနဲ႔ အရင္ကတည္းက ဖုန္းသံုးတဲ့ ကိစၥရပ္ေလးေတြ ရွိခဲ့တယ္လို႔ဆိုပါတယ္။ ဖုန္းပဲ အျမဲသံုးေနသလို မသံုးဖို႔ေျပာရင္လည္း ျပႆနာ ခဏခဏတက္ေနတဲ့အတြက္ သားအဖေတြၾကားမွာ အဆင္မေျပခဲ့ပါဘူး။ တစ္ရက္မွာ သားအဖႏွစ္ေယာက္စကားမ်ားရင္းနဲ႔ သားက ျပတင္းေပါက္ေတြကို


ပံုမ်ားမွာ ရုပ္ပံုေဖာ္ျပရန္ ရည္ရြယ္ခ်က္ျဖစ္ပါသည္။

ဖ်က္ဆီးခဲ့လို႔ ပတ္၀န္းက်င္က ရဲကို ဖုန္းဆက္ခဲ့ပါတယ္။ ေနာက္ေန႔မနက္မွာေတာ့ မနက္အေစာၾကီး (၅)နာရီေလာက္မွာ PUBG ပစ္ဖို႔ အင္တာနက္ဖိုးကို ေတာင္းခဲ့ခ်ိန္မွာ အရင္ျဖစ္ခဲ့တဲ့အရွိန္ေတြပါေပါင္းျပီး၊ ေဒါသေတြနဲ႔အတူ မွားပါေတာ့တယ္။ အေမျဖစ္သူကို အခန္းတံခါးထဲပိတ္ထည္႔ခဲ့ကာ အေဖကို မီးဖိုေခ်ာင္ကို တရြတ္ဆြဲေခၚသြားျပီး၊ အသင့္ရွိေနတဲ့ ဓားမနဲ႔ အပိုင္းပိုင္းခုတ္ခဲ့ပါတယ္။



ပံုမ်ားမွာ ရုပ္ပံုေဖာ္ျပရန္ ရည္ရြယ္ခ်က္ျဖစ္ပါသည္။

အသံေတြၾကားကတည္းက ရဲကို ဖုန္းဆက္ထားတဲ့အိမ္နီးခ်င္းေတြေၾကာင့္ အေ၀းကိုထြက္မေျပးႏုိင္ခင္မွာပဲ မိခဲ့ျပီး၊ လူသတ္မႈအျပင္ တျခားစြဲခ်က္ေတြနဲ႔ လက္ရွိမွာ စြဲခ်က္တင္၊ အက်ဥ္းခ်ထားတယ္လို႔ သိရပါတယ္။ လက္ရွိမွာ PUBG ကို အပန္းေျပ ပရိသတ္ေတြ အပါအ၀င္ လူသန္း (၂၀၀)ေက်ာ္ ေဆာ့ေနၾကျပီး၊ အခ်ိန္ျပည္႔ လိုင္းေပၚမွာ လူသန္း (၃၀)ေလာက္ေန႔တိုင္း ေဆာ့ေနၾကတယ္လို႔ တရား၀င္ ၀က္ဘ္ဆိုက္ရဲ႕ အခ်က္အလက္ေတြအရ သိရပါတယ္။


သူေရး (APANNPYAY)


UNICODE


နာမည်ကြီး PUBG ဂိမ်းဆော့ဖို့ ဖုန်းဘေဖိုးမပေးရာကနေ အဖေကိုဓားနဲ့ ခုတ်သတ်ခဲ့သုူ


အိန္ဒိယနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ သားက အဖေကို ဓားနဲ့ ပြန်ခုတ်သတ်ခဲ့တဲ့ အမှုတစ်ခုမှာ ဖြစ်ပွားခဲ့ရတဲ့ အဓိက အကြောင်းအရင်းဟာ အင်တာနက်ဂိမ်း PUBG ဆော့ဖို့ ဖုန်းဘေဖိုးမပေးရာကနေ ဒေါသထွက်ပြီးဖြစ်ခဲ့တာပါလို့ နာမည်ကြီး Bangalore Mirror သတင်းစာကနေ ဖော်ပြခဲ့ပါတယ်။


ဖြစ်စဉ်အသေးစိတ်ကို အပန်းပြေမီဒီယာရဲ့ နားလည်မှုအရ အိန္ဒိယနိုင်ငံ၊ Belagavi မှာ နေတဲ့ အသက် (၂၅)နှစ်အရွယ် Raghuveer Kumbar ဆိုတဲ့ ကျောင်းသား တစ်ယောက်ဟာ ဂိမ်းကိုအခြေခံတဲ့ပြဿနာပေါ် မူတည်ပြီး အသက် (၆၀)အရွယ် အဖေဖြစ်သူ Shankrappa Kumbar အငြိမ်းစား ရဲအရာရှိကို အပိုင်းပိုင်း ခုတ်ဖြတ်ခဲ့မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။


ဖခင်ကို မီးဖိုချောင်သုံး ဓားနဲ့ ခုတ်ခဲ့တဲ့ သားရဲ့ အဓိက ပြဿနာစဖြစ်တဲ့အကြောင်းရင်းအနေနဲ့ အရင်ကတည်းက ဖုန်းသုံးတဲ့ ကိစ္စရပ်လေးတွေ ရှိခဲ့တယ်လို့ဆိုပါတယ်။ ဖုန်းပဲ အမြဲသုံးနေသလို မသုံးဖို့ပြောရင်လည်း ပြဿနာ ခဏခဏတက်နေတဲ့အတွက် သားအဖတွေကြားမှာ အဆင်မပြေခဲ့ပါဘူး။ တစ်ရက်မှာ သားအဖနှစ်ယောက်စကားများရင်းနဲ့ သားက ပြတင်းပေါက်တွေကို


ဖျက်ဆီးခဲ့လို့ ပတ်ဝန်းကျင်က ရဲကို ဖုန်းဆက်ခဲ့ပါတယ်။ နောက်နေ့မနက်မှာတော့ မနက်အစောကြီး (၅)နာရီလောက်မှာ PUBG ပစ်ဖို့ အင်တာနက်ဖိုးကို တောင်းခဲ့ချိန်မှာ အရင်ဖြစ်ခဲ့တဲ့အရှိန်တွေပါပေါင်းပြီး၊ ဒေါသတွေနဲ့အတူ မှားပါတော့တယ်။ အမေဖြစ်သူကို အခန်းတံခါးထဲပိတ်ထည့်ခဲ့ကာ အဖေကို မီးဖိုချောင်ကို တရွတ်ဆွဲခေါ်သွားပြီး၊ အသင့်ရှိနေတဲ့ ဓားမနဲ့ အပိုင်းပိုင်းခုတ်ခဲ့ပါတယ်။


အသံတွေကြားကတည်းက ရဲကို ဖုန်းဆက်ထားတဲ့အိမ်နီးချင်းတွေကြောင့် အဝေးကိုထွက်မပြေးနိုင်ခင်မှာပဲ မိခဲ့ပြီး၊ လူသတ်မှုအပြင် တခြားစွဲချက်တွေနဲ့ လက်ရှိမှာ စွဲချက်တင်၊ အကျဉ်းချထားတယ်လို့ သိရပါတယ်။ လက်ရှိမှာ PUBG ကို အပန်းပြေ ပရိသတ်တွေ အပါအဝင် လူသန်း (၂၀၀)ကျော် ဆော့နေကြပြီး၊ အချိန်ပြည့် လိုင်းပေါ်မှာ လူသန်း (၃၀)လောက်နေ့တိုင်း ဆော့နေကြတယ်လို့ တရားဝင် ဝက်ဘ်ဆိုက်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။


သူရေး (APANNPYAY)