အမ်ိဳးသမီးတစ္ဦးအား အဓမၼက်င့္ခဲ့တဲ့ မုဒိန္းသမားကို ကိုယ္တံုးလံုးခၽြတ္၊ အဂၤါကို ေခြးစားေကၽြးခဲ့တဲ့ ဂန္းစတားေတြ

2019-09-10 22:52:48


အမ်ိဳးသမီးတစ္ဦးအား အဓမၼက်င့္ခဲ့တဲ့ မုဒိန္းသမားကို ကိုယ္တံုးလံုးခၽြတ္၊ အဂၤါကို ေခြးစားေကၽြးခဲ့တဲ့ ဂန္းစတားေတြ

မကၠဆီကို ႏိုင္ငံမွာ ျဖစ္ပ်က္ခဲ့တဲ့ ေၾကာက္စရာအမႈတစ္ခုမွာေတာ့ လက္နက္ကိုင္ လူမိုက္ဂန္းစတားအဖြဲ႕႔တစ္ခုဟာ မုဒိန္းမႈတစ္ခုကို က်ဴးလြန္ခဲ့တဲ့ အမ်ိဳးသားကို တရားစီရင္ေရးကို မပို႔ႏုိင္ခင္မွာဘဲ အဂၤါကို ေခြးေကၽြးပစ္ခဲ့တာျဖစ္ျပီး၊ နာမည္ၾကီး Daily Mail သတင္းစာမွာ အက်ယ္တ၀င့္ကို ေဖာ္ျပထားပါတယ္။


ျဖစ္စဥ္ အေသးစိတ္ကို APANNPYAY ရဲ႕ နားလည္မႈမွာ အသက္ (၃၀)အရြယ္ အမ်ိဳးသားတစ္ေယာက္ကို မကၠဆီကိုႏုိင္ငံ၊ မကၠဆီကိုျမိဳ႕မွာ ဂန္းစတားငါးေယာက္က ကိုယ္လံုးတီးခၽြတ္၊ သူ႕ရဲ႕အဂၤါကို လက္သပ္ေမြးထားတဲ့ ေခြးကို ကိုက္စားခိုင္းခဲ့ျပီး၊ ျဖစ္စဥ္အားလံုးကို မွတ္တမ္းတင္ထားခဲ့တဲ့အေၾကာင္းပါ။ ေဖာ္ျပခ်က္မွာ အမ်ိဳးသားကို ဒီလို လုပ္ရတဲ့အေၾကာင္းရင္းရွိတယ္ိလု႔ ဆိုပါတယ္။


အမ်ိဳးသားဟာ ျပီးခဲ့တဲ့ ၾသဂုတ္လက အမ်ိဳးသမီးတစ္ဦးကို အဓမၼက်င့္ခဲ့တယ္လို႔ ဆိုထားသလို အခုလုပ္ရပ္ဟာ အျပစ္ေပးတာလို႔ ေဖာ္ျပထားပါတယ္။ လႈပ္မရေအာင္ကို ရိုက္ႏွက္ထားတဲ့အျပင္ လက္နဲ႔ပါးစပ္ေတြကို ၾကိဳးတုပ္ကာ ေျခေထာက္ကို လူႏွစ္ေယာက္က တက္နင္းထားခဲ့ပါတယ္။ အခုလို လုပ္ရတဲ့ ရည္ရြယ္ခ်က္အေနနဲ႔ (၂)ခုကို ေဖာ္ျပခဲ့တာပါတယ္။


တစ္ခုက သူတို႔ဟာ အဓမၼမႈေတြကို ကိုယ္တိုင္အျပစ္ေပးမွာ ျဖစ္ေၾကာင္းနဲ႔ အျပစ္ေပးတဲ့ ပံုစံက အခုလိုလို႔ ဆိုပါတယ္။ ေနာက္တစ္ခုကေတာ့ ျမိဳ႕ထဲက အဓမၼသမားေတြကို သတိေပးလိုက္တာျဖစ္ျပီး၊ သူတို႔ေပၚလာျပီလို႔ အသိေပးခ်င္တာပါ။ ဒီထဲမွာ APANNPYAY ပရိသတ္ေတြကို အခုလိုအကိုက္ျဖတ္ခံရတဲ့ အမ်ိဳးသားဟာ ေသလား၊ရွင္လားကို မူရင္းမွာမေဖာ္ျပထားတဲ့အတြက္ ေသခ်ာမေျပာႏုိင္ပါဘူး။


မကၠဆီကို ဒီလိုျဖစ္လာရတဲ့အေၾကာင္းကို The Sun သတင္းစာရဲ႕ ေဖာ္ျပခ်က္မွာ တစ္ေန႔ကို အမ်ိဳးသမီး (၁၀)ဦးဟာ မုဒိန္းက်င့္ခံရျပီး အသတ္ခံေနရတဲ့အျပင္ တရားစီရင္ေရးက ယိုင္နဲ႔ေနတဲ့အတြက္ အခုလို ကိုယ္ပိုင္တရားစီရင္ေရးေတြ ေပၚလာတာလို႔ ဆိုပါတယ္။ ဒါေပမဲ့ ဒီကိစၥေတြဟာ ႏွစ္ဖက္လံုးက မျဖစ္သင့္တဲ့ ကိစၥေတြ ျဖစ္တဲ့အတြက္ တင္းၾကပ္တဲ့ ကိုင္တြယ္မႈေတြ လိုအပ္လာပါျပီ။


သူေရး (APANNPYAY)


uNICODE


အမျိုးသမီးတစ်ဦးကို အဓမ္မကျင့်ခဲ့သူကို ကိုယ်တုံးလုံးချွတ်၊ အင်္ဂါကို ခွေးစားကျွေးခဲ့တဲ့ ဂန်းစတားတွေ


မက္ကဆီကို နိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ ကြောက်စရာအမှုတစ်ခုမှာတော့ လက်နက်ကိုင် လူမိုက်ဂန်းစတားအဖွဲ့တစ်ခုဟာ မုဒိန်းမှုတစ်ခုကို ကျူးလွန်ခဲ့တဲ့ အမျိုးသားကို တရားစီရင်ရေးကို မပို့နိုင်ခင်မှာဘဲ အင်္ဂါကို ခွေးကျွေးပစ်ခဲ့တာဖြစ်ပြီး၊ နာမည်ကြီး Daily Mail သတင်းစာမှာ အကျယ်တဝင့်ကို ဖော်ပြထားပါတယ်။


ဖြစ်စဉ် အသေးစိတ်ကို APANNPYAY ရဲ့ နားလည်မှုမှာ အသက် (၃၀)အရွယ် အမျိုးသားတစ်ယောက်ကို မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကိုမြို့မှာ ဂန်းစတားငါးယောက်က ကိုယ်လုံးတီးချွတ်၊ သူ့ရဲ့အင်္ဂါကို လက်သပ်မွေးထားတဲ့ ခွေးကို ကိုက်စားခိုင်းခဲ့ပြီး၊ ဖြစ်စဉ်အားလုံးကို မှတ်တမ်းတင်ထားခဲ့တဲ့အကြောင်းပါ။ ဖော်ပြချက်မှာ အမျိုးသားကို ဒီလို လုပ်ရတဲ့အကြောင်းရင်းရှိတယိလု့ ဆိုပါတယ်။


အမျိုးသားဟာ ပြီးခဲ့တဲ့ သြဂုတ်လက အမျိုးသမီးတစ်ဦးကို အဓမ္မကျင့်ခဲ့တယ်လို့ ဆိုထားသလို အခုလုပ်ရပ်ဟာ အပြစ်ပေးတာလို့ ဖော်ပြထားပါတယ်။ လှုပ်မရအောင်ကို ရိုက်နှက်ထားတဲ့အပြင် လက်နဲ့ပါးစပ်တွေကို ကြိုးတုပ်ကာ ခြေထောက်ကို လူနှစ်ယောက်က တက်နင်းထားခဲ့ပါတယ်။ အခုလို လုပ်ရတဲ့ ရည်ရွယ်ချက်အနေနဲ့ (၂)ခုကို ဖော်ပြခဲ့တာပါတယ်။


တစ်ခုက သူတို့ဟာ အဓမ္မမှုတွေကို ကိုယ်တိုင်အပြစ်ပေးမှာ ဖြစ်ကြောင်းနဲ့ အပြစ်ပေးတဲ့ ပုံစံက အခုလိုလို့ ဆိုပါတယ်။ နောက်တစ်ခုကတော့ မြို့ထဲက အဓမ္မသမားတွေကို သတိပေးလိုက်တာဖြစ်ပြီး၊ သူတို့ပေါ်လာပြီလို့ အသိပေးချင်တာပါ။ ဒီထဲမှာ APANNPYAY ပရိသတ်တွေကို အခုလိုအကိုက်ဖြတ်ခံရတဲ့ အမျိုးသားဟာ သေလား၊ရှင်လားကို မူရင်းမှာမဖော်ပြထားတဲ့အတွက် သေချာမပြောနိုင်ပါဘူး။


မက္ကဆီကို ဒီလိုဖြစ်လာရတဲ့အကြောင်းကို The Sun သတင်းစာရဲ့ ဖော်ပြချက်မှာ တစ်နေ့ကို အမျိုးသမီး (၁၀)ဦးဟာ မုဒိန်းကျင့်ခံရပြီး အသတ်ခံနေရတဲ့အပြင် တရားစီရင်ရေးက ယိုင်နဲ့နေတဲ့အတွက် အခုလို ကိုယ်ပိုင်တရားစီရင်ရေးတွေ ပေါ်လာတာလို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီကိစ္စတွေဟာ နှစ်ဖက်လုံးက မဖြစ်သင့်တဲ့ ကိစ္စတွေ ဖြစ်တဲ့အတွက် တင်းကြပ်တဲ့ ကိုင်တွယ်မှုတွေ လိုအပ်လာပါပြီ။


သူရေး (APANNPYAY)