အိပ်​စာလုပ်​​တာ အိပ်​​ငိုက်​လို့ အင်္ဂါထဲ အပ်​ထိုးသွင်း​​ပြီး စာလုပ်​ခဲ့တဲ့ ၁၂ နှစ်​သား​လေးရဲ့အဖြစ်​ဆိုး

2019-09-10 22:48:55


အိပ်​စာလုပ်​​တာ အိပ်​​ငိုက်​လို့ အင်္ဂါထဲ အပ်​ထိုးသွင်း​​ပြီး စာလုပ်​ခဲ့တဲ့ ၁၂ နှစ်​သား​လေးရဲ့အဖြစ်​ဆိုး

ကဲ… မသိနားမလည်​​သေးအရွယ်​​တွေမှာ က​လေးငယ်​​တွေရဲ့အဖြစ်​ဆိုး​တွေရဲ့ ကြားရမြင်​ရ ရင်​ဝမသက်​​စေတာ အမှန်​ပါ။ လူကြီး​တွေဟာလဲ အိပ်​​ပျော်​မသွားဘဲ နိုးနိုးကြားကြားနဲ့ အလုပ်​များများပိုလုပ်​နိုင်​ဖို့ ပီ​ကေဝါးတာတို့၊ ​ကော်​ဖီ​သောက်​တာတို့၊ မူးယစ်​​ဆေးသုံးတာတို့နဲ့ အ​ဖော်​ပြုပြီး အလုပ်​လုပ်​နိုင်​စွမ်းကို တိုးပွား​အောင်​လုပ်​ကြရတာပဲမဟုတ်​လား။


တရုတ်​ပြည်​က အသက်​ ၁၂ အရွယ်​ ​ကျောင်းသား​လေး Xiaolong ဟာ အိမ်​စာ​တွေပြီးဖို့အတွက်​ကို အံ့အားသင့်​စရာ​ကောင်းတဲ့လုပ်​ရပ်​တခုကိုလုပ်​ခဲ့​ကြောင်း Daily Mail သ​တင်းက​နေ​ဖော်​ပြသွားခဲ့တဲ့ သတင်းတစ်ခုကို ApannPyay ပရိသတ်ကြီးအတွက် ပြန်ည်ဖော်ပြပေးလိုက်ပါတယ်​။




အဲ့ဒါက​တော့ သူဟာ ၁၁ စင်​တီမီတာ အရှည်​ရှိတဲ့ အပ်​တ​ချောင်းကို သူ့ရဲ့လိင်​အင်္ဂါဆီးလမ်း​ကြောင်းထဲကို ထိုးသွင်းပြီး သူ့ကိုယ်​သူအိပ်​​မ​ပျော်​အောင်​​ဆောင်​ရွက်​ခဲ့တယ်​လို့ သိရသလို ဒါဟာသူလုပ်​စရာအိမ်စာ​တွေအပြီးသတ်​နိုင်​ဖို့ ရည်​ရွယ်​ချက်​နဲ့ ရူးရူးမိုက်မိုက်​​လုပ်​​ဆောင်​ခဲ့​တာ​ကြောင်း DailyMail ရဲ့ ​ဖော်​ပြချက်မှာ​တွေ့ခဲ့ရပါတယ်​။


ပိုပြီးဆိုးရွားတဲ့အချက်​က​တော့ ​ကျောင်းသားငယ်​​လေးဟာ သူလုပ်​ခဲ့တဲ့လုပ်​ရပ်​ကို မိဘ​တွေကိုပြန်​လည်​​ပြောပြဖို့ရှက်​ရွံ့ခဲ့တာ​ကြောင့်​ အချိန်​မီကုသမှုခံယူဖို့လိုအပ်​တဲ့အချိန်ထက်​ ၁၅ နာရီ​နောက်​ကျပြီးမှသာ ကုသမှုကိုခံယူခဲ့ရ​ကြောင်း Dailymail က ​ဖော်​ပြခဲ့ပါတယ်​။




သူဟာ အိပ်​စာလုပ်​​နေရင်း အိပ်​ငိုက်လာတာ​ကြောင့်​ အိမ်​စာမပြီးမှာစိုးရိမ်​လို့ အဖွားရဲ့အပ်​ကိုယူပြီး အခုလိုပြုမူခဲ့တာဖြစ်​​ကြောင်း ဝန်​ခံသွားခဲ့တယ်​ လို့လည်းသိရှိရပါတယ်​။


ဆရာဝန်​​တွေရဲ့​ဆေးစစ်​ချက်​အရ လိင်​တံဆီးလမ်း​ကြောင်းထဲထိုးသွင်းခဲ့တဲ့အပ်​ဟာ သူ့ရဲ့ဆီးအိတ်​ကိုထိုးမိဖို့ အနီးကပ်​ဆုံးအ​နေအထားမှာ​ အန္တရာယ်ကြီးစွာ​ရာက်​ရှိ​နေခဲ့​ကြောင်း၊ ဆရာဝန်​​တွေဟာ က​လေးကို ၂ နာရီကြာအ​ရေး​ပေါ်ခွဲစိတ်​ကုသမှုပြုလုပ်​ပြီး ခွဲစိတ်​မှုဟာ​အောင်​မြင်​ခဲ့​ကြောင့်​ အပ်​တံကိုဖယ်​ရှားပစ်​နိုင်​ခဲ့​ကြောင်း သိခဲ့ရပါတယ်​။


EFIL- ApannPyay