မြင်တာကို အကုန်မှတ်နိုင်တဲ့ ဓာတ်ပုံမှတ်ဥာဏ်နဲ့ ဘဏ်ကတ် (၁၃၀၀)ကျော်ကို ဖောက်ထွင်းခဲ့သူ

2019-09-10 22:47:12


မြင်တာကို အကုန်မှတ်နိုင်တဲ့ ဓာတ်ပုံမှတ်ဥာဏ်နဲ့ ဘဏ်ကတ် (၁၃၀၀)ကျော်ကို ဖောက်ထွင်းခဲ့သူ

ဂျပန်နိုင်ငံမှာ နောက်ဆုံးဖြစ်ပွားခဲ့တဲ့ အမှုတစ်ခုကတော့ နည်းပညာလောကကို စိန်ခေါ်ခဲ့တာဖြစ်သလို လူသားတစ်ယောက်ရဲ့ အဆုံးစွန်သော ဖြစ်နိုင်ခြေတွေကို နည်းပညာထဲမှာ ထည့်တွက်ရတော့မယ်ဆိုတာကို မီးမောင်းထိုးပြလိုက်တာပါ။ ဓာတ်ပုံမှတ်ဥာဏ်နဲ့ အကြွေးဝယ်ကတ်တွေကို အသုံးချခဲ့တာဖြစ်ပြီး၊ အဆင့်မြင့်ဆုံး လူသားတစ်ယောက်လည်း ဖြစ်လာပါတယ်။


ဂျပန် ပြည်တွင်း တရားဝင် မီဒီယာ ANN NEWS ရဲ့ ဖော်ပြချက်ကို APANNPYAY ရဲ့ နားလည်မှုအရ အသက် (၃၄)နှစ်အရွယ် Yusuke Taniguchi ဆိုတဲ့ ဂျပန်အမျိုးသားဟာ Koto မြို့ရဲ့ ဈေးဝယ်စင်တာတစ်ခုမှာ အရောင်းစာရေးဝန်ထမ်းကို အချိန်ပိုင်းလုပ်ခဲ့ပါတယ်။ သူလုပ်ရတဲ့ ရည်ရွယ်ချက်က ငွေလာရှင်းတဲ့ ကာစတန်မာတွေရဲ့ အကြွေးဝယ်ကတ်ကို သိချင်လို့ပါ။




ကာစတန်မာတစ်ယောက်က ဈေးဝယ်ပြီးချိန်မှာ အကြွေးဝယ်ကတ်ကို ငွေရှင်းကောင်းတာမှာ လာရှင်းချိန်မှာ စက်ကို ဘယ်လောက်ဖြတ်မယ်၊ ပမာဏမှန်တယ်ဆိုချိန်မှာ လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်ရပါတယ်။ အဲဒီအချိန်ခဏလေးဟာ ကြာချိန် (၁၀)စက္ကန့် အများဆုံး ပမာဏပဲရှိပါတယ်။ အမျိုးသားက ငွေရှင်းပြီးသွားတဲ့အချိန်အတိုင်းအတာအထိ အကုန်လုံးကို စောင့်ပြီးတာနဲ့ မှတ်စုစာအုပ်ကိုထုတ်လိုက်ပါတယ်။


အမျိုးသမီး သုံးသွားတဲ့ ကတ်၊ နံပါတ် (၁၆)လုံး၊ လျှို့ဝှက်ဂဏန်းကို ရိုက်သွားတဲ့ မြင်ကွင်းကနေ နံပါတ် (၆)လုံး၊ ကုန်ဆုံးရက်၊ နာမည် အကုန်လုံးကို ဓာတ်ပုံတစ်ပုံထဲကနေ အကုန်ပြန်ကူးနေသလို မှတ်ထားလိုက်ပါတယ်။ ပြီးရင် အွန်လိုင်းကနေ အဲဒီကတ်နံပါတ်နဲ့ လျှို့ဝှက်ဂဏန်းကို အသုံးပြုပြီး၊ အကြွေးစနစ်နဲ့ ဈေးကြီးတဲ့ ပစ္စည်းတွေကို မှာပါတယ်။


ရောက်လာတဲ့ ပစ္စည်းတွေကို တဆင့်ပြန်ရောင်းစားပြီး၊ ငွေပြန်ရှာပါတယ်။ ဘယ်လောက်ထိ အသုံးချခဲ့လဲဆိုရင် ဂျပန်မှာ ကိုယ်လည်းပစ္စည်းမမှာရပါဘဲနဲ့ ဈေးကြီးပစ္စည်းတွေကို အွန်လိုင်းကနေ ကတ်နံပါတ်နဲ့ ငွေကြိုချေပြီးဝယ်သွားတဲ့ အမှု (၁၃၀၀)ကျော်ကို တစ်ဦးတည်းလုပ်ဆောင်ခဲ့ပါတယ်။ ဒီနေရာမှာ APANNPYAY ပရိသတ်ကြီး သိထားရမှာက အွန်လိုင်းမှာ ငွေချေရင် ကတ်နံပါတ်နဲ့ လျှို့ဝှက်နံပါတ်ပဲလိုတယ်ဆိုတာပါ။



Yusuke Taniguchi

တစ်ရက်မှာတော့ လုပ်နေကျအတိုင်း ဒေါ်လာ (၂၅၀၀)တန် အိတ်နှစ်လုံးကို အွန်လိုင်းက အမှာတက်လာချိန်မှာ စောင့်ကြည့်နေတဲ့ ရဲတွေက လိပ်စာအရ လိုက်စစ်ခဲ့ပြီး၊ မသင်္ကာစရာကို တွေ့ခဲ့ပါတယ်။ အိတ်ကိုမှာတဲ့ကတ်က အမျိုးသမီးဖြစ်နေပြီး၊ ပစ္စည်းလက်ခံသူက အမျိုးသားဖြစ်နေချိန်မှာတော့ ဖမ်းလိုက်ပါတယ်။ စစ်ဆေးခဲ့ချိန်မှာ ဘယ်နည်းပညာနဲ့ ဒီလို လုပ်ခဲ့လဲဆိုတာကို စစ်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ အမျိုးသားက သူ့ရဲ့ ဓာတ်ပုံမှတ်ဥာဏ်ကို ၀န်ခံခဲ့တာပါ။




လက်ရှိမှာ ပြဿနာက နိုင်ငံတော်အဆင့်ဖြစ်နေပြီး၊ တော်တော်များများသော ပြည်သူတွေက ဒီကိစ္စကိုလက်မခံကြောင်းနဲ့ ဓာတ်ပုံမှတ်ဥာဏ်ဆိုတာဟာ ဘဏ်တွေက နည်းပညာအားနည်းချက်ကို ဖုံးချင်တာကို အကြောင်းပြတာလို့ စွပ်စွဲနေကြပါတယ်။ ဒါပေမဲ့ ANN NEWS လို မီဒီယာကြီးတွေကိုယ်တိုင်က ရှင်းပြနေတဲ့အတွက် ပြည်သူတွေဖက်မှာလည်း အခက်တွေ့နေတယ်လို့ သိရပါတယ်။


သူရေး (APANNPYAY)