အသက်၁၃နှစ်အရွယ် အမျိုးသမီးငယ်ကို အစ်မအရင်း၏ ခင်ပွန်း ခယ်အိုးက သားမယားပြုကျင့်

2019-09-10 22:45:40


အသက်၁၃နှစ်အရွယ် အမျိုးသမီးငယ်ကို အစ်မအရင်း၏ ခင်ပွန်း ခယ်အိုးက သားမယားပြုကျင့်

စစ်ကိုင်းမြို့နယ်၊ နတ်ခရိုင်ကျေးရွာတွင် အသက်မပြည့်သေးသည့် အသက် ၁၃နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သားမယားပြုကျင့်မှု စက်တင်ဘာလ ၈ ရက်နေ့ နေ့လယ် ၁ နာရီက ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ခင်ပွန်းဖြစ်သူ အောင်ဇော်ဝင်း(ခ)မိုးသီး ၂၈နှစ်တွင် အသက် ၇နှစ်အရွယ် သမီးနှင့် ညီမဖြစ်သူကို ခေါက်ဆွဲ ကျွေးမယ်ဆိုပြီး ဆိုင်ကယ်ဖြင့် တင်ခေါ်သွားတယ်။ ခေါက်ဆွဲဆိုင်ရောက်တော့ သမီးဖြစ်သူကို ခေါက်ဆွဲဆိုင်မှာ ထားခဲ့တယ်။ ညီမဖြစ်သူကို ကျေးရွာရဲ့ အနောက်ဘက် တော်စပ်ခေါ်သွားပြီး သားမယား ပြုကျင့် လိုက်တယ်လို့ ကျူးလွန်သူ၏ ဇနှီးဖြစ်သူက လာရောက် တိုင်တန်းလာကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။




ဆိုင်ကယ်ဖြင့် အတူပြန်လာစဉ် ညီမဖြစ်သူ အသက် ၁၃နှစ် အရွယ် အမျိုးသမီးငယ်၏ ကိုယ်တွင် ဝတ်ဆင်ထားတဲ့ ဘောင်ဘီမှာ သွေးများပေနေသည်ကို တွေ့ရှိရတော့ မေးမြန်းကြည့်ချိန် ၎င်း၏ခင်ပွန်းဖြစ်သူ အောင်ဇော်ဝင်း(ခ)မိုးသီးက သားမယားပြုကျင့်ကြောင်း ပြောပြသိရှိရကြောင်း ဆိုသည်။


ဖြစ်စဉ်နှင့် ပတ်သက်၍ အောင်ဇော်ဝင်း(ခ)မိုးသီး အား ရွာသစ်ကြီးနယ်မြေရဲစခန်းမှ (ပ)၁၁၅/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်လှစ်ကာ ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ကျော်လွင်အေး(မင်္ဂလာဒုံ) Real News Distribution Agency #ApannPyay