ေလာက္ကိုင္ေဒသမွာ ညမထြက္ရအမိန္႔ထုတ္ျပန္

2019-09-10 20:29:16


ေလာက္ကိုင္ေဒသမွာ ညမထြက္ရအမိန္႔ထုတ္ျပန္

ရွမ္းျပည္ေျမာက္ပိုင္း ကိုးကန္႔ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသျဖစ္တဲ့ ေလာက္ကိုင္နဲ႔ ကုန္းၾကမ္းၿမိဳ႕နယ္တို႔ မွာ ညမထြက္ရအမိန္႔ ပုဒ္မ ၁၄၄ ထုတ္ျပန္ေၾကာင္း စက္တင္ဘာလ ၉ ရက္ မေန႔က ရက္စဲြနဲ႔ ေလာက္ကိုင္ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးမွဴးရံုးက ထုတ္ျပန္လိုက္ပါတယ္။


ပုဒ္မ ၁၄၄ အမိန္႔မွာ ည ၉ နာရီကေန မနက္ ၅ နာရီအထိ လမ္းေပၚ မထြက္ရ၊ လူ ၅ ဦးထက္ ပိုၿပီး မစုရ ဆိုတဲ့အခ်က္ေတြ ပါဝင္ပါတယ္။အမိန္႔ထုတ္လုိက္တဲ့ ဒီနယ္ေျမဟာ မေန႔စ စတင္ၿပီး တစ္လတာ အပစ္ရပ္စဲထားမယ္လို႔ ေျမာက္ပိုင္းမဟာမိတ္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ထဲက MNDAA ကိုးကန္႔အဖြဲ႔လႈပ္ရွားရာနယ္ေျမလည္း ျဖစ္ပါတယ္။




ၿပီးခဲ့တဲ့ၾသဂုတ္လ ၃၁ ရက္ေန႔က က်ိဳင္းတံုၿမိဳ႕မွာ ေျမာက္ပိုင္းမဟာမိတ္အဖဲြ႔ေတြ႔နဲ႔ အစိုးရၿငိမ္းခ်မ္းေရးေကာ္မရွင္တို႔ ေတြ႔ဆံုခဲ့ၾကၿပီးပါၿပီ။ လာမယ့္ စက္တင္ဘာလ ၁၆ နဲ႔ ၁၇ ရက္ေန႔ေတြမွာ ထပ္မံေတြ႔ဆံုဖို႔လည္း သေဘာတူထားၾကပါတယ္။ၾသဂုတ္လအတြင္းမွာ ရွမ္းျပည္ေျမာက္ပိုင္းက လားရႈိး၊ ကြတ္ခိုင္နဲ႔ မူဆယ္ ၿမိဳ႕ နယ္ေတြထဲမွာ AA/ TNLA/ MNDAA ေျမာက္ပိုင္း ၃ ဖြဲ႔ဟာ တပ္မေတာ္နဲ႔ တိုက္ပြဲေတြျဖစ္ပြားခဲ့ပါတယ္။


Photo: Kan Thar/RFA


( ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေလာက္ကိုင္ၿမိဳ႕ကို ေတြ႔ရစဥ္ )


Credit: RFA Burmese


Unicode


ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ လောက်ကိုင်နဲ့ ကုန်းကြမ်းမြို့နယ်တို့ မှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ကြောင်း စက်တင်ဘာလ ၉ ရက် မနေ့က ရက်စွဲနဲ့ လောက်ကိုင်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန်လိုက်ပါတယ်။


ပုဒ်မ ၁၄၄ အမိန့်မှာ ည ၉ နာရီကနေ မနက် ၅ နာရီအထိ လမ်းပေါ် မထွက်ရ၊ လူ ၅ ဦးထက် ပိုပြီး မစုရ ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။အမိန့်ထုတ်လိုက်တဲ့ ဒီနယ်မြေဟာ မနေ့စ စတင်ပြီး တစ်လတာ အပစ်ရပ်စဲထားမယ်လို့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထဲက MNDAA ကိုးကန့်အဖွဲ့လှုပ်ရှားရာနယ်မြေလည်း ဖြစ်ပါတယ်။


ပြီးခဲ့တဲ့သြဂုတ်လ ၃၁ ရက်နေ့က ကျိုင်းတုံမြို့မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ့နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ တွေ့ဆုံခဲ့ကြပြီးပါပြီ။ လာမယ့် စက်တင်ဘာလ ၁၆ နဲ့ ၁၇ ရက်နေ့တွေမှာ ထပ်မံတွေ့ဆုံဖို့လည်း သဘောတူထားကြပါတယ်။သြဂုတ်လအတွင်းမှာ ရှမ်းပြည်မြောက်ပိုင်းက လားရှိုး၊ ကွတ်ခိုင်နဲ့ မူဆယ် မြို့ နယ်တွေထဲမှာ AA/ TNLA/ MNDAA မြောက်ပိုင်း ၃ ဖွဲ့ဟာ တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။


Photo: Kan Thar/RFA


( ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့ကို တွေ့ရစဉ် )


Credit: RFA Burmese