ေရႊတစ္က်ပ္သား ကိုးေသာင္းေက်ာ္ႏွင့္ တစ္ေဒၚလာ က်ပ္ ၄၀ နီးပါးေဈးက်

2019-09-10 20:28:14


ေရႊတစ္က်ပ္သား ကိုးေသာင္းေက်ာ္ႏွင့္ တစ္ေဒၚလာ က်ပ္ ၄၀ နီးပါးေဈးက်

ဘဏ္ေကာလာဟလဂယက္မ်ား ၿငိမ္သက္သြားၿပီးေနာက္ အဆမတန္ျမင့္တက္ခဲ့သည့္ ျပည္တြင္းအေခါက္ေရႊႏွင့္ အေမရိကန္ေဒၚလာေဈးႏႈန္းမ်ား ဆက္တုိက္ဆုိသကဲ့သုိ႔ ျပန္လည္က်ဆင္းလာေၾကာင္း ေရႊဘုံသာေဈးကြက္အတြင္းမွ သိရသည္။


ဘဏ္ဂယက္ကာလအတြင္း ၁၆ ပဲရည္အေခါက္ေရႊ တစ္က်ပ္သားလွ်င္ က်ပ္ ၁၃ သိန္းတစ္ေသာင္းခြဲႏွင့္ အေမရိကန္တစ္ေဒၚလာလွ်င္ ၁၅၆၅ အထိ အျမင့္ဆုံးျမင့္တက္ခဲ့ရာမွ ယခုအခါ ေရႊတစ္က်ပ္သားလွ်င္ က်ပ္ ၁၂ သိန္းႏွစ္ေသာင္းေက်ာ္ႏွင့္ အေမရိကန္တစ္ေဒၚလာလွ်င္ ၁၅၂၈ က်ပ္အထိက်ဆင္းလာခဲ့ေၾကာင္း ယင္းေဈးကြက္အတြင္းမွ သိရသည္။




ထို႔ေၾကာင့္ ရက္ပိုင္းအတြင္း အေခါက္ေရႊတစ္က်ပ္သားလွ်င္ က်ပ္ကိုးေသာင္းေက်ာ္ႏွင့္ အေမရိကန္တစ္ေဒၚလာလွ်င္ က်ပ္ ၄၀ နီးပါးခန္႔အထိ က်ဆင္းသြားေၾကာင္း ေရႊႏွင့္ ေဒၚလာေရာင္းဝယ္သူမ်ားက ဆုိသည္။


ျပည္တြင္းေရႊႏွင့္ ေဒၚလာေဈးႏႈန္းမ်ားသည္ စက္တင္ဘာ ၇ ရက္ေန႔မွစတင္၍ တျဖည္းျဖည္းျပန္လည္က်ဆင္းလာခဲ့ျခင္းျဖစ္ၿပီး စက္တင္ဘာလ ၁၀ ရက္ေန႔မွာလည္း ဆက္လက္က်ဆင္းလာေၾကာင္း ၎တုိ႔က ဆုိသည္။


“ဒီလုိ ဆက္တုိက္က်တာ ကမၻာ့ေရႊေဈးက်လာတာနဲ႔လည္း သြားဆုံတာေၾကာင့္ပါ။ ဘဏ္ဂယက္လည္း ၿငိမ္သြားတာေၾကာင့္ေရာေပါ့”ဟု ေရႊကုန္သည္တစ္ဦးက ဆုိသည္။ကမၻာ့ေရႊေဈးသည္လည္း တစ္ေအာင္စလွ်င္ အေမရိကန္ေဒၚလာ ၁၅၅၀ နီးပါးမွ ယခုအခါ တစ္ေအာင္စလွ်င္ ၁၄၉၂ ေဒၚလာအထိ က်ဆင္းလာခဲ့ေၾကာင္း ေရႊေဈးကြက္အတြင္းမွ သိရသည္။


Credit: The Voice


Unicode


ဘဏ်ကောလာဟလဂယက်များ ငြိမ်သက်သွားပြီးနောက် အဆမတန်မြင့်တက်ခဲ့သည့် ပြည်တွင်းအခေါက်ရွှေနှင့် အမေရိကန်ဒေါ်လာဈေးနှုန်းများ ဆက်တိုက်ဆိုသကဲ့သို့ ပြန်လည်ကျဆင်းလာကြောင်း ရွှေဘုံသာဈေးကွက်အတွင်းမှ သိရသည်။


ဘဏ်ဂယက်ကာလအတွင်း ၁၆ ပဲရည်အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၃ သိန်းတစ်သောင်းခွဲနှင့် အမေရိကန်တစ်ဒေါ်လာလျှင် ၁၅၆၅ အထိ အမြင့်ဆုံးမြင့်တက်ခဲ့ရာမှ ယခုအခါ ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၂ သိန်းနှစ်သောင်းကျော်နှင့် အမေရိကန်တစ်ဒေါ်လာလျှင် ၁၅၂၈ ကျပ်အထိကျဆင်းလာခဲ့ကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။


ထို့ကြောင့် ရက်ပိုင်းအတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်ကိုးသောင်းကျော်နှင့် အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၄၀ နီးပါးခန့်အထိ ကျဆင်းသွားကြောင်း ရွှေနှင့် ဒေါ်လာရောင်းဝယ်သူများက ဆိုသည်။


ပြည်တွင်းရွှေနှင့် ဒေါ်လာဈေးနှုန်းများသည် စက်တင်ဘာ ၇ ရက်နေ့မှစတင်၍ တဖြည်းဖြည်းပြန်လည်ကျဆင်းလာခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၁၀ ရက်နေ့မှာလည်း ဆက်လက်ကျဆင်းလာကြောင်း ၎င်းတို့က ဆိုသည်။


“ဒီလို ဆက်တိုက်ကျတာ ကမ္ဘာ့ရွှေဈေးကျလာတာနဲ့လည်း သွားဆုံတာကြောင့်ပါ။ ဘဏ်ဂယက်လည်း ငြိမ်သွားတာကြောင့်ရောပေါ့”ဟု ရွှေကုန်သည်တစ်ဦးက ဆိုသည်။ကမ္ဘာ့ရွှေဈေးသည်လည်း တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၅၅၀ နီးပါးမှ ယခုအခါ တစ်အောင်စလျှင် ၁၄၉၂ ဒေါ်လာအထိ ကျဆင်းလာခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။


Credit: The Voice